|
အားလုံးကို ပျော်စေချင်သူ
ဇွန်လ ၅ ရက်၊ ၂၀၀၆ ခုနှစ်။
ဗိုလ်ချုပ် မှူးကြီး၊ ဒု-ဗိုလ်ချုပ် မှူးကြီး နှင့် စစ်ရုံး ချုပ်မှ ဗိုလ်ချုပ်
ကြီး တို့ ရဟတ် ယာဉ် စီးလာ သည်။
ရွာကြီး တရွာ ပေါ် ရောက်တဲ့ အခါ ဗိုလ်ချုပ် မှူးကြီး က ပြောလိုက် သည်။
“အခု နေ ငွေ တသောင်း ထုတ် တထုတ် လောက် ပစ်ချ လိုက်ရင်ကောက်ရ
တဲ့ သူတော့ ပျော် မှာပဲ။”
ထို အခါ ဒု- ဗိုလ်ချုပ် မှူးကြီး က
“တထောင်
စီ တထောင် စီ ချရင် ၁၀ ယောက် လောက် ပျော်ရ မှာပေါ့၊ ဗိုလ်ချုပ်၊”
စစ်ရုံး ချုပ် ဗိုလ်ချုပ် ကြီးက “တရာ တန်တွေ ကျဲချ လိုက်ရင် လူတရာ လောက်တောင်
ပျော်နိုင် တယ်၊ ဗိုလ်ချုပ်။”
“ငါ့ကောင် တွေ မဆိုးဘူး” ဟု စဉ်းစား ကာ ဗိုလ်ချုပ် မှူးကြီး ပြုံး လိုက်သည်။
စည်းကမ်း ရှိတဲ့ ဒီမို ကရေစီ ကို သာ ကျင့်သုံး ခွင့်ရတဲ့ အနား က ကိုယ် ရံတော်
စစ်သား လေး ကတော့ တိတ်တိတ် ကလေး စိတ်ထဲ က ပြောလိုက် သည်။
“မင်းတို့သုံးယောက် လုံးကို သာ ပစ်ချ လိုက်ရင် တတိုင်းလုံး၊ တပြည်လုံး
ပျော်မှာကွ။”
|