|
နိမိတ်ကောက် တော်လိုက်ပုံက
သြဂုတ်လ
၆ ရက်၊
၂၀၀၇ ခုနှစ်။
ကိုခင်ဇော်တယောက်
ကြက်ဝိုင်းတွင် ရောက်နေပြန်သည်။
ဘယ်ကြက်လောင်းရမည်ကို
စဉ်းစားနေခိုက် တိုက်ကြက်ပိုင်ရှင်တဦးက-
“ ‘သေချင်းဆိုး’
တဲ့ကွ အသေဆိုးနဲ့ သေချင်တဲ့ကြက်တွေ
စိမ်ခေါ်တယ်ကွ၊ သူဌေးဖြစ်ချင်
‘သေချင်း
ဆိုး’ဘက်နေ။”
ဟု စိမ်ခေါ်လိုက်သည်။
တခြားသူတွေကတော့ နာမည်ကိုက နိမိတ်မရှိ နမာမရှိနဲ့
ဆိုပြီး တခြားကြက်ကို
ဝိုင်းလောင်းကြသည်။
ကိုခင်ဇော်တယောက်သာ ပါတဲ့ ပိုက်ဆံအားလုံးကို သေချင်းဆိုးဖက်မှ လောင်းလိုက်သည်။
ပွဲစပြီး
နှစ်ချီမြောက်တွင် သေချင်းဆိုးက တဖက်တိုက်ကြက်ကြီးကို
လည်ငိုက်ကျသွားအောင် အနိုင်ပိုင်းသွား
သဖြင့်
ကိုခင်ဇော်တစ်ယောက် လောင်းကြေး
အမြောက်အများရသွားသည်။
“ဒီ
‘သေချင်းဆိုး’
ကြက်အနိုင်ရမယ်ဆိုတာ
ခင်ဗျား ဘယ်လိုလုပ်သိလဲဗျ။”
ဟု အနားက လူတစ်ယောက်
က မေးလိုက်သည်။
“ကျွန်တော့်မိန်းမပေါ့ဗျာ၊
သူပေးလိုက်တဲ့ နိမိတ်ပေါ့၊ ကြက်ဝိုင်းသွားမယ်လဲသိရော၊
ကျွန်တော်အိမ်က အထွက်
သတိလှမ်းပေးလိုက်တယ်လေ၊”
“ဘယ်လိုသတိပေးတာလဲဗျ။”
“ ‘သေချင်းဆိုး’
တဲ့ဗျ။”
|