|
ထပ်နာချင်ပြီထင်တယ်
သြဂုတ်လ
၆ ရက်၊
၂၀၀၇ ခုနှစ်။
ဇနီးဖြစ်သူ
မခင်၏
နှိပ်စက်မှုကို
မခံနိုင်သည့်အဆုံး ကွာရှင်းပြတ်စဲခွင့်ပြုပါရန် ယောက်ျားဖြစ်သူ ကိုမောင်က
တရားရုံးတွင် တင်ပြလိုက်သည်။
တရားသူကြီးက
မခင်ကို မေးမြန်းသည်။
“မခင်
ကိုမောင်ရဲ့
ပါးကိုရိုက်တယ်ဆို။ ဟုတ်လား။”
“ကျမရဲ့
ယောက်ျားပဲ တရားသူကြီးရယ်။
ကျမက ရိုက်ရက်ပါ့မလားရှင်။”
တရားသူကြီး
ထပ်မမေးခင် ---
“မဟုတ်ဘူး
တရားသူကြီးမင်း။
သူလိမ်ပြောနေတာပါ။”
ဟု ကိုမောင်
က ဖြတ်ပြော လိုက်ရာ--
မခင်က ဒေါသတကြီးဖြင့်
----
“ကိုမောင်
ရှင့်ပါးစပ်ပိတ်ထားစမ်း။
ကျန်တဲ့ ပါးတဖက် ထပ်ကွဲချင်လို့လား။”
|