တကယ်လို့များ

ဇန္န၀ါရီလ ၇ ရက်၊ ၂၀၀၈ ခုနှစ်။

မြန်မာနိုင်ငံမှစစ်ဗိုလ်ချုပ်ကြီးများ အငတ်ပြဿနာဖြေရှင်းရေးအတွက် အရေးပေါ်အစည်းအဝေးထိုင်နေကြသည်။

ဗိုလ်ချုပ်မှူးကြီးက “ အခုမျက်မှောက်ခေတ်မှာ စစ်နိုင်တဲ့နိုင်ငံတွေက စစ်ရှုံးတဲ့နိုင်ငံတွေကို အလုပ်အ ကျွှေးပြုရတယ် ပြီးတော့အဲဒီနိုင်ငံက ပြည်သူတွေကိုလည်းကျွှေးမွေးရတယ်” လို့ပြောရာ

ဒုတိယဗိုလ်ချုပ်မှူးကြီးကထ၍ “ဒါဆို အမေရိကန် နဲ့ အင်္ဂလန် ကို ကျနော်တို့စစ်ကြေငြာရအောင်
သူတို့တွေ ကျနော်တို့ကိုအနိုင်ယူပါစေ”
ဟု ပြောရာတွင်

တိုင်းမှူးတစ်ယောက်မှထပြီး “မဖြစ်ဘူးထင်တယ်။ ကျနော်တို့နိုင်ရင် ဘယ့်နှယ့်လုပ်မလဲ”

ဒီလိုနဲ့ အဖြေမထွက်ပဲ အစည်းအဝေး ရုတ်သိမ်းလိုက်ပါတယ်။

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။