ယုံကြည်သူ

ဖေဖေါ်ဝါရီလ ၇ ရက်၊ ၂၀၀၇ ခုနှစ်။

ဖိလစ်ပိုင်နိုင်ငံ ပင်လယ် ကမ်းခြေတခုတွင် ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ် သွားပြီးနောက် မိုးသည်း ထန်စွာ ရွာသွန်းပြီး မြို့ရွာများ ရေလွှမ်းမိုး ကုန်သည်။

လူ အများအပြား သည် ရေလွတ်ရာ ကုန်းမြင့်ဒေသ များသို့ရွှေ့ပြောင်း သွားကြသည်။

သို့သော် မစ္စတာ အန်ထော်နီက သူနေအိမ်ကို စွန့်ခွာ မသွားပေ။

တဖြည်းဖြည်းနှင့် ရေများ တက်လာနေကာသူ့အိမ်ကို
ဖုံးလွှမ်းလာသည်။

အန်ထော်နီက ရေလွတ်ရာသို့မရွှေ့ပြောင်း ၊ အိမ်ခေါင်မိုးပေါ်သို့ တက်နေ၏ ။

ထပ်တိုး လာသော ရေများက သူခြေသလုံးထိ လွှမ်းလာစဉ် ကယ်ဆယ်ရေး လှေတစင်း ရောက်လာပြီး သူ့ကိုခေါ်သည်၊ သူကမလိုက်။

“ငါ့မှာ ဘုရားသခင် ရှိတယ်၊ မင်းတို့နဲ့ငါမလိုက်ဘူး၊ ဘုရားသခင်က င့ါကို ကယ်လိမ့်မယ်၊ ”

ခေါ်မရသည့်အဆုံး ကယ်ဆယ်ရေးလှေ ထွက်ခွာသွားသည်၊

ရေက ထပ်တက် လာပြန်သည်၊ ခါးလည် အထိ ရောက်လာ၏။

ထိုစဉ် မော်တော်ဘုတ် တစင်း ရောက်လာကာ ခေါ်ပြန်၏၊ ဘုရားသခင်က ငါကို ကယ်လိမ့် မယ်ဟု ထပ်ဆိုကာ သူက မလိုက်။

နောက်ဆုံး ရေက သူ့လည်ပင်းထိ ရောက်လာသည်၊ ထိုစဉ် ရဟတ်ယာဉ် တစင်း ရောက်လာက ကြိုးကွင်းတခု ချပေး၏။

“ကြိုးကို ဆွဲပြီး လိုက်ခဲတော့၊ မဟုတ်ရင် ခင်ဗျား ရေနစ်သေတော့မယ်၊ ” ဟု ရဟတ် ယာဉ်ပေါ်မှ ကယ်ဆယ်ရေး သမား များက အော်ပြောသည်။

အန်ထော်နီက ဘုရားသခင်က ငါ့ကို ကယ်လိမ့်မယ်ဟု ထပ်ဆိုကာ မလိုက်ဟု ငြင်းလိုက်သည်၊

ဒီလိုနဲ့ မစ္စတာ အန်ထော်နီသည် ကောင်းကင်ဘုံတံခါးဝသို့ ရောက်သွားပြီး စိန့်ပီတာကို တွေ့သောအခါ သူက ဒေါသတကြီးနှင့် စောဒက တက်သည်။

“တပည့်တော်ဟာ ဘုရားသခင်ကို ယုံကြည်သူဖြစ်တယ်၊ တပည့်တော်ကို ဘာကြောင့် ဘုရား သခင်က မကယ်တာလဲ”လို့ သူက မေးသည်၊

ထိုအခါ စိန့်ပီတာက

“ငါတို့မင်းဆီကို လှေတစင်း။ မော်တော်ဘုတ်တစင်းနဲ့ ရဟတ်ယာဉ်တစင်း လွတ်ပေးခဲ့တယ်၊ အဲဒါအပြင် မင်းက ဘုရားသခင်ဆီက ဘာတွေ ထပ်မျှော်လင့်ထားသေးလဲ ။”

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။