|
သတိထား
ဇွန်လ (၀၈)ရက်၊ ၂၀၀၆ ခုနှစ်။
လေတပ် မှ အရာ ရှိ ငယ်များ ရုရှား နိုင်ငံ တွင် လေယာဉ် မောင်း သင်တန်း တက်
နေသည်၊
သင်တန်းဆရာက သင်တန်းပြီးခါနီး သင်တန်းသားများကို မေးလိုက်သည်၊
“ကဲ- သင်တန်းမပြီးခင် ဘာများသိချင်သေးသလဲ”
လေတပ်အရာရှိ ဗိုလ်ခင်ဇော် နေရာမှနေရာမှ
ထလိုက်သည်၊
“လေယာဉ်ပျက်ကျရင် လေယာဉ်မှူး တဦးတည်း အသက်ရှင်မဲ့နည်းလမ်းမျိုး မရှိဘူးလား။”
ဆရာက ပြန်မေးလိုက်သည်၊
“ဘာဖြစ်လို့ ဒီလို ဖြစ်ချင်ရတာလဲ၊”
လေတပ်အရာရှိငယ် ပြန်ဖြေလိုက်တာကတော့
“ကျွန်တော်မောင်းတဲ့ လေယာဉ်ကို ဗိုလ်ချုပ်မှူးကြီး မစီးဘူးလို့
ဘယ်သူပြောနိုင်မလဲ၊”
|