|
မှန်လိုက်တဲ့ ဗေဒင်
မတ်လ ၁၀ ရက်၊ ၂၀၀၇
ခုနှစ်။
မြန်မာပြည်မှ ဗိုလ်ချုပ်ကြီးတယောက်၏
ဇနီးသည် နံမည်ကြီးဗေဒင်ဆရာကြီးတဦးထံ
သို့ လာရောက်၍
ဗေဒင်
မေးသည်။
ဗေဒင်ဆရာက
သူမ၏
ဇာတာကို
တွက်ချက်နည်းမျိုးစုံနှင့် အပြန်ပြန်အလှန်လှန် တွက်ချက်ကြည့်၏။
ထို့နောက်
စိတ်မကောင်းသောမျက်နှာဖြင့် ပြောသည်။
အမကြီး
ဇာတာမှာ တွေ့ရတဲ့အချက်တွေကို
ပြောရမှာတော့ ကျနော်စိတ်မကောင်း ပါဘူးဗျာ၊ ဒါပေမယ့် အမကြီး
ဇာတာက
အတိအကျပြောနေတော့ ကျနော်က အမကြီးကို
အသိပေးရတော့မှာပေါ့ ။
ဗိုလ်ချုပ်ကြီးကတော်က
စိုးရိမ်စိတ်လွှမ်းနေသော
မျက်နှာကို အိနြေ္ဒဆည်ရင်း
မေးသည်။
ပြောပါဆရာ။
ဆရာတွေ့ထားတဲ့အတိုင်း
ပွင့်ပွင့်လင်းလင်းပြောပါ။
ဒီလိုပါ။
အမကြီး
ခင်ပွန်းဟာ ဒီနှစ်အတွင်းမှာ ဥပစ္ဆေဒကကံနဲ့
သေကိန်းရှိနေပါတယ်။
အတိအကျပြောရရင် လုပ် ကြံခံရဖို့
ရှိနေတယ် ။
ဒီအတွက် ယတြာ
- - -
ဗေဒင်ဆရာ၏
စကားမဆုံးမီ
အမျိုးသမီးကြီးက
အထိတ်တလန့်
မေးလိုက်သည်။
ဒါ - -
ဒါဆို ဆရာ - ဒီအမှုကနေ
ကျမ ကွင်းလုံးကျွတ်လွှတ်ကိန်းရှိ
- မရှိကိုကော
တဆက် တည်းကြည့်ပေးပါအုံး
ဆရာရယ် - -
- -
|