တ၀က်ပဲ-ရမယ်

ဇူလိုင်လ ၁၁၊ ၂၀၀၇ခုနှစ်။

လေမုန်တိုင်းဒ်ကို ခံခဲ့ရသော ကျေးရွာတစ်ရွာတွင်ဖြစ်သည်။

ကျေးရွာရဲစခန်းအနီးတွင်နေထိုင်သော အဖွားအိုတစ်ဦးသည် အိမ်ခေါင်မိုးပျက်ဆီးသွား၍ ကြံရာမရဖြစ်ကာ သိကားမင်းထံသို အိမ်ပြင်ရန်အတွက် ငွေငါးသောင်းလောက်ပေးပါရန် ဆိုသည့်စာကိုရေးပီး စားပွဲတခုပေါ် တင်ထားလိုက်သည်

သိကားမင်းထံသို ရေးထားသောစာသည် လေပြင်းတိုက်ပီး အနီးရှိ ရဲစခန်းထဲသိုကျသွားရာ ရဲသားတစ်ဦးက ကောက်ရစခန်းမှူးထံသို ပေးလိုက်သည်

သနားတတ်ပီး စေတနာ သဒါတရားထက်သန်သော ရဲစခန်းမှူးကရယ်လျှက် ကဲ--အဖွားကီးတော့ တော် တော်ဒုကရောက်နေပီ ငါတိုတွေစုပီးပေးကရအောင် ဆိုပီး ပိုက်ဆံကောက်ရာ ငွေနှစ်သောင်းငါးထောင် ရသည်

အဲဒီနောက် ရဲသားတစ်ဦးသည် အဖွားအို အိမ်ကိုသွားပီး

အဖွားကီး သိကားမင်းဆီ စာရေးထားလား

အဲဒီအခါ အဖွားအိုက အေး--ရေးထားတယ်

ဒါဆိုရင် ရော့ဟုဆိုကာ အဖွားအိုကို ငွေနှစ်သောင်းခွဲပေးရာ အဖွားအိုက ရဲသား ပေးလာသော ငွေကို ရေတွက်ပီးနောက် ရဲသားကို မျက်မှောင်ကုံ့ကြည့်ပီး

ငါထင်သားဘဲ ရဲတွေဆီရောက်သွားရင် ပစည်းက တ၀က်ပဲ ရမယ်ဆိုတာ

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။