|
နောက်ကျတဲ့ခြေတောက်သစ္စာဖောက်
ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၀၇
ခုနှစ်။
စက်တင်ဘာ
အရေးအခင်းဖြစ်ပြီးနောက် နိုင်ငံတကာဖိအား နှင့် ပြည်တွင်း၌ ဆန္ဒပြမှုများ
ဖြစ်ပေါ်လာရန် အခြေ အနေများက ဖန်လာနေသဖြင့် ဗိုလ်ချူပ်မှူးကြီးသည် ယနေည ၈
နာရီတွင် စစ်အုပ်ချူပ်ရေးရပ်စဲကြောင်း ကြေငြာ လိုက်ရသည်။
နောက်တနေ့ မနက်စောစော
အိပ်ယာမှ နိုးလာသောအခါ ဇနီးသည်ကိုလည်း မတွေ့ သားသမီးမြေးများကို မ တွေ့၍
အိမ်ဂေဟာပြတင်းပေါက်မှ အပြင်ကို ကြည့်လိုက်သော အခါတွင်လည်း အိမ်တော်ဝန်းတ၀ိုက်
အစောင့် များလည်း ရှင်းနေသည်၊ တိတ်ဆိတ်နေသည်၊ အိမ်တော်ဝန်းအပြင်ဘက်
ခပ်ဝေးဝေးတွင်သာ ကားသံများ ဆူညံ စွာ ကြားနေရသည်၊
ရုတ်တရက် တယ်လီဖုန်းသံ
ကျယ်လောင်စွာမြည်လာ၍ ကောက်ကိုင်လိုက်ရာ …….
“ဟဲလို
ဗိုလ်ချူပ်မှူးကြီးလားခင်ဗျာ ကျနော်ရွှေမန်းပါ နေကောင်းရဲ့လား”
“ကောင်းပါတယ်
ဒါနဲ့ဘာတွေဖြစ်ကုန်တာတုံး ငါဘာမှနားမလည်နိုင်တော့ဘူး --- တယောက်မှလည်း
မရှိတော့ဘူး”
“အခြေအနေကို ပိုနေမြဲ
ကျားနေမြဲ ထိမ်းထားရင်ရသေးတယ်လို့ ဒါမှကျနော်တို့ ပြေးဖို့အတွက် ပြင်
ဆင်ချိန်ရမှာလို့ အခုတော့ တပ်ခေါင်းဆောင်ပိုင်းက အားလုံးပြေးကုန်ကြပြီလေ”
“ဟေ့! မထင်တာတွေ
အားလုံးဖြစ်ကုန်ပါကကောလား။ ဒါဆို မင်းနဲ့ငါ နှစ်ယောက်ထဲပဲ ကျန်တော့တာ ပေါ့
ဟုတ်လား”
“ဟင့်အင်း ---- ကျနော်
ပီကင်း ကနေ ဆက်နေတာ”
|