တခါထဲ စွမ်းတာများ

ဖေဖေါ်ဝါရီလ ၁၄ ရက်၊ ၂၀၀၈ ခုနှစ်။

အဝေးပြေးကားတစ်စီးပေါ်တွင် သူရဲကောင်း ဂုဏ်ထူးဆောင်တံဆိပ် တပ်ထားသော လူတစ်ဦးကို မျက်နှာချင်း ဆိုင် ထိုင်ခုံတွင် ထိုင်နေသော အမျိုးသမီးတစ်ဦးက ............

“တကယ်လို့ ရှင်သာ ကျမယောကျာ်း ဖြစ်ခဲ့ရင် သူရဲကောင်းတံဆိပ်ကို ရှင့်ရင်ဘတ်မှာ တပ်ခွင့်ပြုမှာ မဟုတ်ဘူး”

“ဘာဖြစ်လို့လဲ”

“တစ်သက်မှာ တစ်ခါပဲ အစွမ်းပြခဲ့တာကို လူရှေ့ သူရှေ့ ရောက်တိုင်း ထုတ်ပြသလို ဖြစ်နေတော့ ရှက်စရာကောင်းတယ်လို့ ကျမထင်တယ်”

“ဒါဆို ခင်ဗျားရဲ့ယောကျာ်းကို ဘာလို့ လက်ထပ်လက်စွပ် ၀တ်ခိုင်းထားသလဲ”

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။