|
တဲ့တိုး မပြောနဲ့
သြဂုတ်လ ၁၆ ရက်၊ ၂၀၀၇
ခုနှစ်။
ကိုခင်ဇော်တယောက် အလုပ်တာဝန်နှင့် ခရီးထွက်ရသည်။
ညီဖြစ်သူအား
အိမ်တွင်ကျန်ရစ်ခဲ့သော မိခင်နှင့် အချစ်ဆုံးကြောင်လေးရွှေဝါကို
သေချာစောင့်ရှောက်ရန်မှာကြား
ထားခဲ့သော်လည်း
စိတ်မချနိုင်ဖြစ်နေသည်။
ပထမရက်
အလုပ်ပြီးဆုံးချိန်
ညနေတွင် ညီငယ်ထံသို့
ဖုန်းဆက်သည်။
အိမ်မှာ အားလုံးအဆင်ပြေကြောင်း
တုံ့
ပြန်၏။
ဒုတိယရက်ဖုန်းဆက်သည်။
သူ၏ ကြောင်လေးရွှေဝါ
အိမ်ခေါင်မိုးပေါ်မှ လိမ့်ကျသေဆုံးသွားကြောင်း
ညီဖြစ်သူက သတင်းပေး၏။
ကိုခင်ဇော်တယောက် ၀မ်းနည်းစိတ်မကောင်းဖြစ်သွားကာ အချိန်အတော်ကြာ
စကား မပြောနိုင်
ဖြစ်သွားသည်။
အတော်ကြာမှ
သူစိတ်ကို ပြန်လည်ထိန်းသိမ်းနိုင်တဲ့အခါ ကိုခင်ဇော်စကားဆက်သည်။
ညီလေး -
မင်းဟာ အတော်မလိမ္မာတဲ့ကောင်ပဲကွာ။
တကယ်ဆို မင်းစိတ်ထိခိုက်စရာအကြောင်းတွေ
ကို
ဒီလို တဲ့တိုးကြီး
မပြောသင့်ဘူးကွ။
ဟုတ်ကဲ့ -
ကျနော်ဘယ်လို ပြောရမလဲ။
ဥပမာကွာ-
မင်းကငါ့ကို အကိုကြောင်လေးတော့
အိမ်ခေါင်မိုးပေါ်
ရောက်နေတယ်။
ကျနော်တို့
ပြန်
ခေါ်တာမရဘူး
လို့
ပထမပြောသင့်တယ်ကွ။
နောက်တော့မှ ဒါနဲ့
ကျနော်တို့
မီးသတ်ကို ဖုန်းဆက်
အကူအညီတောင်းထားတယ်
။
အဲနောက်တရက်ဖုန်းဆက်တဲ့အခါကျမှ မီးသတ်အဖွဲ့တွေ
ရောက်လာ တယ်။
လှေကားထောင်ပြီး
ရွှေဝါကိုခေါ်တယ်။
အကို့ကြောင်လေးကမလာဘူး။
ဟို အိမ်ခေါင်မိုး
အ
စွန်း
ကို ထွက်ပြေးတယ်။
အခုထိ သူတို့
ရွှေဝါလေးကို
ဖမ်းဖို့ကြိုးစားနေတုံးပဲ။
အဲနောက်တရက်
လောက်
ကျမှ အကိုကြောင်လေးက
ဘယ်လိုမှ ဖမ်းလို့မရဘူး။
မီးသတ်သမားက အနားကပ်သွားတဲ့
အချိန်မှာ
အိမ်ခေါင်မိုးပေါ်ကနေခုန်ချလိုက်တယ်။
ဒါနဲ့
သူဒဏ်ရာရသွားတယ်။
ဒါနဲ့
သူ့ကို
တိရိစ္ဆာန်
ဆေးရုံကို ပို့ထားရတယ်လို့
ပြောသင့်တယ်။
နောက်ဆုံးမှ ဆရာဝန်က ကြိုးစားကုပေးမယ့်
မရတော့
ဘူးဆိုရင် ငါ့အနေနဲ့
ခံသာတာပေါ့ကွာ။
နောက်ဆို ဒီလို စိတ်ထိခိုက်စရာသတင်းမျိုးကို တဲ့တိုးကြီး
မပြောနဲ့ကွ
မှတ်ထား။
ညီဖြစ်သူက
ကိုခင်ဇော်၏
လက်ချာဆုံးသွားသောအခါ
ဟုတ်ကဲ့။
အကို နောက်ကျနော် ဆင်ခြင်ပါမယ် ဟု ဆိုလေသည်။
နောက်တရက်တွင် ကိုခင်ဇော်တယောက် ညီဖြစ်သူထံ ဖုန်းဆက်၏။
ညီလေးရေ-
အမေနေကောင်းရဲ့လားကွ။
အဖြေချက်ချင်းထွက်မလာပေ။
ခဏကြာမှ
အကိုရေ- အမေ
အိမ်ခေါင်မိုးပေါ်ရောက်နေတယ်။
ကိုခင်ဇော်ချက်ချင်းဖုန်းချကာ အိမ်သို့
အမြန်ပြန်ပြေးလေတော့သည်။
|