|
မိန်းမ၊
ယောက်ျား၊
သစ္စာ
သြဂုတ်လ ၁၇ ရက်၊ ၂၀၀၇
ခုနှစ်။
တနေ့
ဇနီးဖြစ်သူ မိုးမခ ညနက်မှ အိမ်ပြန်လာသဖြင့် ကိုခင်ဇော်က မေးလိုက်သည်။
မိုး ဘာလို့
ဒီအချိန်ထိ အပြင်မှာနေရတာလဲ။
မိုးသူငယ်ချင်း သီတာနဲ့
တွေ့ပြီး
ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတယ်လေ။
ဒါနဲ့ပဲ
နောက်ကျ
သွားတာပါ အကို။
ကိုခင်ဇော်မကျေနပ် မသီတာကို ဖုန်းဆက်မေးသည်။
မသီတာက
ရှင့်မိန်းမနဲ့
ကျွန်မ
မတွေ့တာ
သုံးနှစ်ကျော်ပြီ။
ရှင်တို့အရှုတ်ထဲ
ကျွန်မကို
လာမထည့်နဲ့
လို့
ပြန်ဖြေ
သည်။
ဒီလိုနဲ့
တနေ့
ကိုခင်ဇော်တယောက် မနက် ခြောက်နာရီထိုးမှ အိမ်ပြန်လာသည်။
ဇနီးဖြစ်သူက
ဒေါသမျက်နှာနှင့် အိမ်ဝမှ ဆီးကြိုသည်။
ရှင်-
အခုချိန်မှ ဘာလို့
ပြန်လာတာလဲ။
ကိုခင်ဇော်က
ပြန်ဖြေသည်။
ကိုသန်းထိုက်ကြီးနဲ့
တွေ့နေလို့
မိုး ရေ- စကားကောင်းပြီး
သောက်ကြရင်း
သူ့အိမ်မှာပဲ
အိပ်ပျော်
သွားတယ်။
မိုးမခ
မကျေနပ်၊
၁၅ မီးနစ်လောက်ကြာတော့
မနေနိုင်တော့။
ကိုသန်းထိုက်ဆီ ဖုန်းဆက်သည်။
ကျွန်မယောကျာ်း
ရှင့်ဆီလာသလား။
လာတယ်လေ၊
မမိုးမခ။
ခင်ဇော်ကြီး
ဒီမှာရောက်နေတယ်။
ကျွန်တော်တို့
ညက ၀ိုင်းကောင်းပြီး
ညနက်သွားတယ်။
ခုနမှ ဒီကောင်ကြီး
အိပ်သွားတာ။
နိုးနိုးချင်း အိမ်ကိုတန်းပြန်ခိုင်းလိုက်ပါမယ်၊
စိတ်
မပူပါနဲ့တဲ့။
|