ဖေဖေသင်ပေးတဲ့ ဂန်းသင်္ချာ

ဇွန်လ ၂၀ ရက်၊ ၂၀၀၇ ခုနှစ်။

ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်ဖြစ်သည်

ပထမတန်းကလေးငယ်များကို ဆရာမက ဂန်းသင်္ချာ စတင် သင်ကား ပေးရန်ပြင်ဆင်နေ၏။

ထိုစဉ် ခပ်စွာစွာ ကျောင်းသားလေး ဖိုးသာထူးက နောက်ဆုံးခုံတွင် အရုပ်များရေးဆွဲ နေရာမှ လှမ်းအော်ပြော သည်

ဆရာမ တစ်။ နှစ်။ သုံး။ လေး ရေတာ သား အားလုံးအကုန်ရတယ် ဆရာမ

ဆရာမက ကျောက်သင်ပုန်းပေါ်တွင် ဂန်းများရေးနေရာမှ နောက်လှည့်ကည့်ရင်း

အို သားက သိပ်တော်တာပဲ သားသားကို ဘယ်သူသင်ပေးတာလဲ

ဖိုးသာထူးက ဖေဖေသင်ပေးတာဆရာမ ဟု ဂ်ုယူစွာပြန်လည်ဖြေကားလိုက်သည်

ကဲ ဒါဆို ဆရာမမေးမယ်၊ တစ်ပီးရင် ဘာလာမလဲ

နှစ်ပါ ဆရာမ

နှစ်ပီးရင်ကော

သုံး

----

------

----------

မှန်တယ် သားက သိပ်တော်တာပဲ ကဲ ကိုးပီးရင်ကောကွယ်

တဆယ်ပါ ဆရာမ

ဟုတ်ပီ ဒါဆို တဆယ်ပီးရင်ကော ဘာလာမလဲကွယ့်

ဖိုးသားထူး နည်းနည်းစဉ်းစားသည် ထိုနောက် အောက်ပါအတိုင်း ဖြေကားလိုက်လေသည်

တဆယ်ပီး ရင် ဂျက်လာပါတယ် ဆရာမ

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။