|
နှစ်နှစ်ပဲကြာကြာ
ဇွန်လ
၂၀ ရက်၊ ၂၀၀၇
ခုနှစ်။
ရွာတစ်ရွာတွင် အမျိုးသမီးများ စုပြီး
စကားစမြည် ပြောနေကြသည်။
သားသမီးများ
လမ်းစ လျောက်သည့် အကြောင်းရောက်သွားသည်။
မြနှစ်က
“ငါတို့ကလေးတွေက
တနှစ်လောက်ကျမှ လမ်းလျောက်တယ်။ မြင်းတွေ နွားတွေကျတော့ မွေးတာနဲ့
ချက်ချင်းပဲလမ်းလျောက်တယ်”
ဒီလိုနဲ့
ပြောကြဆိုကြရင်း
ဒီကိစ္စဟာ
တရားမျှတမှု
မရှိဟု ယူဆကာ သိကြားမင်းထံ
အရေးဆိုရန် ဆုံးဖြတ်လိုက်ကြသည်။
တောင်းဆိုချက်မှာ မိမိတို့ကို
တိရစ္ဆာန်မ
များနဲ့
တစ်တန်းတည်းထားရေးဖြစ်သည်။
အဖွဲ့
ခေါင်းဆောင် အဖြစ် အသွက်ဆုံး မစိန်ပုကို သိကြားမင်းနှင့်
တွေ့စေသည်။
ကျန်အမျိုးသမီးများက အခန်းပြင်ပမှ နေ၍
နားစွင့်နေကြသည်။
မစိန်ပု၏
တင်ပြချက်ကို
နားထောင်ပြီးသောအခါ
သိကြားမင်းက
ပြန်ပြောသည်။
“ကိုင်း
မင်းတို့
ဖြစ်ချင်တဲ့အတိုင်း ဖြစ်စေရမယ်။”
အမျိုးသမီးများ
ဝမ်းသာသွားသည်။
ကလေးများ
လမ်းလျောက်
ရန် တနှစ်လောက်
ထိန်းကျောင်း စောင့်ဆိုင်းရန် မလိုတော့။
သို့သော်လည်း
သိကြားမင်းက
ဆက်ပြောသည်။
“ဒါပေမယ့်
စည်းကမ်းချက် တစ်ခုကို သဘောတူရမယ်။”
အမျိုးသမီးများ
ငြိမ်သွားသည်။
“မင်းတို့ဟာ
တိရစ္ဆာန်တွေလို
တစ်နှစ်မှာ တစ်ခါပဲ မေထုန်မှီဝဲ
ကြရမယ်။”
အခန်းအပြင်မှ အမျိုးသမီးများ သံပြိုင်
ဝိုင်းအော်လိုက်ကြသည်။
“စိန်ပုရေ့
သဘောမတူနဲ့ဟေ့၊
တနှစ်မကလို့
နှစ်နှစ်ပဲ စောင့်ရစောင့်ရ”
|