|
ပြီးလို့
မရသေးဘူး
ဇူလိုင်လ ၂၅ ရက်၊ ၂၀၀၇
ခုနှစ်။
သတင်းထောက်
ခင်ဇော် အလုပ်လုပ်သော ဂျာနယ်တိုက်မှာ ပြန်ကြားရေးဌာနနှင့်
ပနံသင့်လှသည်။ သတင်းစာ
ရှင်းလင်းပွဲများမတိုင်မီ မေးသင့်သည့် မေးခွန်းများ
ကြိုရထားလေ့ရှိသည်။
သည်တကြိမ်တွင်
အစိုးရက တောင်ပေါ်မြို့ကလေးတွင်
သတင်းစာရှင်းလင်းပွဲလုပ်ရန် ရွေးချယ်လိုက်သည်။
တောင်ပေါ်လမ်း ကောက်ကောက်ကွေ့ကွေ့
မြင်တော့ ခင်ဇော်မနေနိုင်တော့၊ ၀ါသနာထလာသည်။
မြင်းစီးချင် လာသည်။
သို့နှင့်
နာရီပိုင်းစာပေး၍ မြင်းစီးလိုက်သည်။
ကံဆိုးချင်တော့ မြင်းပေါ်မှ လိမ့်ကျသည်။
သတင်းစာရှင်းလင်းပွဲ မ သွားနိုင်တော့။
ထုံးစံအတိုင်း သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးမှ
ပြောစရာရှိသည်များပြောသည်။
ထို့နောက် သတင်းစာ ဆရာ
များက မေးခွန်းများမေးသည်။
ဝန်ကြီးမှလည်း
ပြန်ဖြေသည်။
နောက်ဆုံးတွင် အခန်းအနားလုပ်သူက သတင်းထောက်များကို မေးစရာမေးခွန်းများ
ရှိသေးလားဟု မေးသည်။
သတင်းထောက်များထဲမှ မေးခွန်းထွက်မလာတော့။
အခန်းအနားမှူးက ၀န်ကြီး
ဖြစ်သော ဗိုလ်မှူးချုပ်ကို ခွင့်တောင်းလိုက်သည်။
“၀န်ကြီးခင်ဗျား-
အခန်းအနား အဆုံးသတ်လိုက်ရတော့မလား။”
ထိုအခါ ၀န်ကြီးက
-
“နေအုံး၊
အဆုံးမသတ်နဲ့အုံး။ ငါ့မှာ
အဖြေနှစ်ခု ကျန်သေးတယ်။”
|