|
သေချင်သေ၊
မပေးဘူး။
ဧပြီလ ၂၇
ရက်၊
၂၀၀၇ ခုနှစ်။
အပျိုကြီး
မနှင်းမေတယောက် သူငယ်ချင်းရှိရာ ရွာသို့
အလည်သွားသည်။
ညပိုင်း
မအိပ်ခင် ခြေလက်ဆေးသည့် အကျင့်က ဖျောက်မရ။
အိမ်နောက်ဖေး ရေတွင်းအနီး ခြေလက်ဆေးရင်း ရေတွင်းထဲချော်ကျသည်။
မနှင်းမေ၏
အလန့်တကြား
အော်သံကြောင့်
အိမ်သားများ ပြေးထွက်လာသည်။
ရေတွင်းကသိပ်မမြင့်လှသဖြင့်လက်တကမ်းလှမ်းဆွဲ၍မီနိုင်သည်။အိမ်သားများတယောက်ပြီးတယောက်
မနှင်းမေ
အား ဆွဲတင်ရန်
ကြိုးစားကြသည်။
“လက်ပေးလိုက်။
လက်ပေးလိုက်၊”
သို့သော်
မနှင်းမေကား လက်မကမ်း၊ ဒီအတိုင်းဆို ရေတိမ်နစ်တော့မည်။
ဘကြီးဖြိုးလည်း
ရောက်လာသည်။
အခြေအနေကို အကဲခတ်သည်၊ ထို့နောက်
အနီးနားရှိ လူများကို လှမ်းပြောလိုက်သည်။
“ကဲ။
အားလုံးဖယ်။ အားလုံးဖယ်၊”
ထို့နောက်
ဘကြီးဖြိုးက
မနှင်းမေအား တစုံတရာ လှမ်းပြောလိုက်သည်၊
ဒီတော့မှပဲ
မနှင်းမေ လက်ပေါ်လာကာ လှမ်းဆွဲလိုက်သဖြင့် ရေနစ်သည့်ဘေးမှ လွတ် တော့သည်။
ဘကြီးဖြိုးပြောလိုက်တာကတော
့-
“ရော့ရော့
ငါ့တူမ ဘကြီးလက်ကိုယူလိုက်။
ဘကြီးလက်ကို
ယူလိုက်၊”
ဖြစ်ပါသတည်း။
|