လူချွှန်တွေ ချည်းပဲ

ဇွန်လ ၃၀ ရက်။ ၂၀၀၆ ခုနှစ်။

အမေရိကန် နိုင်ငံ စားသောက် ဆိုင် တခု မှာ ဘရာဇီး၊ အမေရိ ကန်၊ ရုရှား ကျောင်းသား သုံးယောက် နဲ့ အတူ မြန်မာ ကျောင်းသား တယောက် တို့ နေ့လည်စာ စားနေ ကြ ပါတယ်။

စကား ၀ိုင်းဟာ ဘော်လုံး ပွဲ အကြောင်း ရောက်သွား တယ်။

ဘရာဇီး ကျောင်းသား က “ငါတို့ သာ ဒီပွဲ မှာ ချန်ပီယံ မဖြစ်ရင် ငါတို့ တနိုင်ငံလုံး ယူကြုံး မရ ဖြစ်မှာ ကွ။ တို့နိုင်ငံ က ဘော်လုံး ကျွမ်းကျင် တာကို သိပ် တန်ဖိုး ထားတာ” လို့
ခပ်ကြွားကြွား ပြောပါ တယ်။

ရုရှား ကျောင်းသား ကတော့ “ငါတို့ ရုရှား တွေ ကတော့ ခွန်အား ထက် ဦးနှောက် ကို ပို တန်ဖိုး ထားတယ် ကွ။ ငါတို့ ရုရှား တွေက စစ်တုရင် ချန်ပီယံ ဖြစ်ဖို့ ပိုလိုလား ကြတယ်” လို့ တုံ့ပြန် ပါတယ်။

အမေရိကန် ကတော့ “ဘော်လုံး တို့ စစ်တုရင် တို့ ချန်ပီယံ ဖြစ်လို့ ဘာဖြစ် မှာတုန်း။ ငါတို့ ကတော့ စစ်ရေး နိုင်ငံရေး အရ အားလုံး ကို လွှမ်းမိုး နိုင်ဖို့ ရေနံ တွေကို ထိန်းချုပ် နိုင်ဖို့ ပဲ စိတ်ဝင်စား တာကွ” လို့ တလော က လုံး သူ့ လုပ်စာ ထိုင်စား နေတဲ့ လေသံ နဲ့ ပြောပါတယ်။

မြန်မာ ကျောင်းသား ကတော့ တိတ်တဆိတ် ပါပဲ။ ကျန်တဲ့ သုံးယောက် ထဲက တယောက် က “ဟေ့ မင်းတို့ နိုင်ငံ ကကော အခု ဘောလုံးပွဲ မှာ ဘာလို့ ခြေစွမ်း မပြ သလဲ” လို့ မေးလိုက် ပါတယ်။

“အေး တို့နိုင်ငံ ကတော့ ဘောလုံး လည်း စိတ်မ၀င် စားဘူး၊ စစ်တုရင် လည်း စိတ်မ၀င် စားဘူး၊ တခြား နိုင်ငံ တွေရဲ့ နိုင်ငံရေး၊ စစ်ရေး တွေလည်း တို့နဲ့ မဆိုင် ဘူးကွ”

“ဟ ဒါဆို မင်းတို့ နိုင်ငံ က ဘာကို စိတ်ဝင် စားလဲ ကွ” လို့ စိတ်ဝင် တစား နဲ့ ၀ိုင်း မေးလိုက် ကြပါတယ်။

“မူးယစ် ဆေးဝါး ပေါ့ကွ။ အခု အာဖဂန် က ဘိန်း စိုက်ပျိုး မှုမှာ ပထမ ဖြစ်နေ လို့ တို့နိုင်ငံ က ဗိုလ်ချုပ်ကြီး တွေ စိတ်ညစ် နေကြ တယ်ကွ”

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။