|
သေချာတာပေါ့
ဇူလိုင်လ ၃၀ ရက်၊ ၂၀၀၇
ခုနှစ်။
စာပို့သမား
ကိုလှရွှေသည်
ကျေးရွာတရွာသို့
သွားရောက် စာပေးပို့လေ၏။
စာလက်ခံသူ အဖွားအိုက
စာမဖတ်တတ်။
ဘယ်သူထံမှလာ၍
ဘယ်လောက် အရေးကြီးသည်ကို
သိချင်လှသည်။
ထို့ကြောင့်
အဖွားအိုက သူကို စာဖတ်ပြပါရန် တောင်းပန်၏။
သို့နှင့်
ကိုလှရွှေက
စာဖတ်ပြရသည်။
စာလုံးများမှာသေးငယ်လွန်းပြီး
လက်ရေးမှာ ပဲပင်ပေါက်များကဲ့သို့
အဖတ်ရခက်လှသည်။
ထို လက်ရေးမသေမသပ်နှင့်
အဖတ်ရခက်သောစာကို ကိုလှရွှေကြိုးစား၍
ဖြေးဖြေး
ဖတ်ပြသည်။
အ - အ - အမေ
- ကျ - ကျနော် စာ - စာရေး - - လိုက်ပါတယ်။
ကျ - - ကျနော် - -
ကိုလှရွှေ၏စာ
ဖတ်၍ မဆုံးသေး။
အဖွားအိုက ဘယ်သူ့ဆီကလာတဲ့စာဆိုသည်ကို
ချက်ချင်း သိလိုက်လေ၏။
သိပြီ
- သိပြီ
ဒါ ငါ့သား အငယ်ဆုံးကောင် ဆီက လာတဲ့စာ၊
ဒီကောင်က ငယ်ကတည်းက စကားထစ်တာ။
|