အထိုးခံရမှာ စိုးလို

ဇူလိုင်လ ၃၀ ရက်၊ ၂၀၀၇ ခုနှစ်။

ကိုစိုးပိုင်သည် အင်းစိန်မှ ဘတ်စကားစီး လာလေသည်

လမ်းတွင် ကိုယ်ကာယခပ်တောင့်တောင့်နှင့် လူတယောက်တက်လာ၏။

ထိုင်ခုံများမှာ ပြည့်နေပီဖြစ်သူထိုင်ခုံဘေးတွင် မတ်တပ်ရပ်လျှက် လိုက်ပါလာသည်

လမ်းခရီးတွင် ထိုလူက ကိုစိုးပိုင်ကို မေးသည်

ညီညီညီလေး - - လှည်း - လှည်း - တန်း - ကို - - - ဆင်း - - - ဆင်း - - ရင် ဘယ် -ဘယ်မှာ ဆင်း - - ဆင်းရ - - မှာလဲ

ကိုစိုးပိုင်က စကားထစ်သော ထိုလူ အမေးကို ပြန်လည် အဖြေမပေးချေ

သိုနှင့်ထိုသူက ထပ်မေးပြန်လေ၏။

ကိုစိုးပိုင်ကလည်းမဖြေ

ထိုလူဆင်းရမည့်မှတ်တိုင်လွန်လာသောအခါမှ ဘေးက လူတယောက်က မနေနိုင်ထိုလူကို တမှတ်တိုင်လွန် လာကာင်းပြောလေသည်

ထို ဗလကောင်းကောင်းလူက ကိုစိုးပိုင်အား ဘုကည့်ကည့်ဆင်းသွားလေသည်

ထိုအခါ ကားပေါ်ပါလာသူများက ကိုစိုးပိုင်အား ၀ိုင်းအပြစ်တင်ကလေသည်

မင်းက ဒါလေးမေးတာကို ဘာလို ပြန်မဖြေရတာလဲကွ

ထိုအခါ ကိုစိုးပိုင်က ယခုလို ပြန်ဖြေလေသည်

ကျ - ကျ နော် - ပြန်- ပြန်ဖြေ - - ရင် - - သူ- သူက - - ထိုး - - - ထိုး - - ထိုး - မှာ- ပေါ့ -ဗျ - -

 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။