|
အပစ်ရပ်အဖွဲ့များ
ပူးပေါင်းမည် စိုးရိမ်သဖြင့်
နယ်စပ်တွင်
နအဖ
တပ်များတိုးချဲ့
သီတာထွန်း။
စက်တင်ဘာလ ၁ရက်၊ ၂၀၀၈ ခုနှစ်။
အပစ်ရပ်အဖွဲ့များကို
လက်နက်စွန့်ပြီး ပါတီဖွဲ့ရန်
ဖိအားပေးမှုများရှိနေချိန်တွင်
မြန်မာ စစ်အစိုးရက ထိုင်း-မြန်မာ
နယ်စပ်တလျောက်တွင်
တပ်အင်အားတိုးချဲ့ချထားလာသည်ဟု ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S)
မှ
ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
မကြာမီက
ထိုင်း-မြန်မာနယ်စပ်တွင်
မြန်မာစစ်တပ်က တပ်ရင်း(၃)ရင်း
တိုးမြှင့်ချထား လိုက်ပြီး ယင်းသည် အပစ်
အခတ်ရပ်စဲထားသည့်
အဖွဲ့များနှင့်
လက်နက်ကိုင်တော်လှန် နေသောအဖွဲ့များ
ပူးပေါင်းမည်ကို တားဆီးရန် ဖြစ်
နိုင်ကြောင်း
ရှမ်းပြည်တပ်မတော်-တောင်ပိုင်း (SSA-S)၏
ပြောရေးဆိုခွင့်ရှိသူ ဗိုလ်စိုင်းဆိုင်မိန်းက ပြောသည်။
"သူတို့က
ဘယ်လိုလည်းဆိုတော့ ကျနော်တို့ကို
ဖြတ်တောက်ထား
မှာပေါ့နော်၊ အကယ်၍ အပစ်အ
ခတ်ရပ်စဲရေးအဖွဲ့တွေကို
သူတို့ ညှစ်လာပြီ ဖိလာပြီဆိုတဲ့အချိန်မှာ
ဒီအပစ်အခတ်ရပ်
အဖွဲ့တွေနဲ့
ဒီ
တိုက်ခိုက်နေဆဲ
အဖွဲ့တွေ
လာမပူးပေါင်းနိုင်အောင် အဖက်ဖက်က
ဝိုင်းပြီးတော့ ဒီအပစ်အခတ်
ရပ်ထားတဲ့ အဖွဲ့တွေကို
ညှစ်လာနိုင်အောင် သူတို့အစီအစဉ် ရှိလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်
ခင်ဗျ၊ ဒါကြောင့်မို့
ဒီလိုမျိုးနယ်မြေ တိုးချဲ့ပြီး တပ်တွေထပ်ဖြည့်ထားတယ်လို့
ကျနော်တို့ ယုံကြည်ရ
တယ်ခင်ဗျ။"
မြန်မာစစ်အစိုးရ တပ်အင်အားတိုးချဲ့ရာတွင် မသိမသာတိုးချဲ့ခြင်းဖြစ်ပြီး
တပ်အလွဲအပြောင်း ပြုလုပ်ရာတွင် ပြန်
သွားသည့်
တပ်ထက် ပြန်လာသည့်တပ်က အင်အား ပိုမို များပြားလာသည်ဟု ၎င်းက ဆက်လက်ပြောသည်။
"သူတို့ တဖြည်းဖြည်းနဲ့တော့
တပ်တွေဒီလိုမျိုးစုဆောင်းလာတယ်၊ သူတို့ တပ်
Change (လွဲပြောင်း)သလို
လိုနဲ့
ဝင်လာတဲ့တပ်ရှိတယ်၊ ထွက်သွားတာလည်းရှိတယ်၊
ဒီလိုမျိုးနဲ့ တဖြည်းဖြည်း
သူတို့
အင်
အား ထပ်ဖြည့်လာတယ်လို့
ကျနော်တို့ ယုံကြည်ရတယ်ခင်ဗျ။"
ယခုကဲ့သို့
တပ်အင်အားတိုးချဲ့မှုကြောင့်
SSA-S
ဖက်မှလည်း
စစ်ရေးအရ ပြင်ဆင်မှုများပြုလုပ်နေသည်ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်
သြဂုတ်လဆန်းပိုင်းတွင် ပအိုဝ်းနီခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ကို
မြန်မာစစ်
အစိုးရက
ဖိအားပေးကာ
လက်နက်အပ်နှံစေခဲ့သလို အခြားအပစ်ရပ်အဖွဲ့များကိုလည်း
လက်နက်စွန့်ရန် ဖိအား
ပေး မှုများရှိနေသည်ဆိုသော
သတင်းများလည်း ထွက်ပေါ်နေသည်။
|