|
ဘန်ကောက်ရောက် မြန်မာသံဃာများ ပခုက္ကူသံဃာတော်များကို ထောက်ခံဆန္ဒပြ
သတင်းနှင့်မီဒီယာကွန်ယက်။
နိုဝင်ဘာလ ၁ရက်၊ ၂၀၀၇ခုနှစ်။
ပခုက္ကူမြို့မှ သံဃာတော်များ၏ ဆန္ဒပြပွဲကို ထောက်ခံသည့်အနေဖြင့် ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ရှိ မြန်မာသံဃာ များနှင့် လူငယ်များက မြန်မာသံရုံးရှေ့တွင်
ယနေ့ဆန္ဒပြခဲ့ကြသည်။
“ဦးဇင်းတို့လေ ပခုက္ကူ မှာ ဆန္ဒပြသွားခဲ့တဲ့ဥစ္စာကို ဦးဇင်းတို့
ထိုင်းမှာရောက်နေတဲ့ သံဃာတွေက လည်း ပခုက္ကူ ကသံဃာတွေနဲ့ တသားတည်းရှိတာကို
ပြဖို့အတွက် ဒီနေ့ မြန်မာသံရုံးရှေ့မှာ လာပြီး ဆန္ဒပြတာဖြစ်ပါတယ်။” ဟု
ဘန်ကောက်မြို့ ချုလာလောင်ကွန် တက္ကသိုလ်တွင် ပညာသင်ကြားနေသော ဦးဇင်း ဦးခေမာဝံသ
က ပြောသည်။
ဆန္ဒပြပွဲကို ဘန်ကောက်ရှိ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော မြန်မာသံဃာများနှင့်
ပြည်ပရောက် မြန် မာမျိုးချစ်လူငယ်များအဖွဲ့က ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် စာသင်ကြားနေသော သံဃာများသည် လွန်ခဲ့သောလက
အမေရိကန်နိုင်ငံတွင် ဖွဲ့စည်းလိုက် သော အပြည်ပြည်ဆိုင်ရာ သံဃာဥသျှောင်အဖွဲ့ကို
ထောက်ခံကြောင်းနှင့် အမျိုး၊ ဘာသာ၊ သာသနာအတွက် ယင်းအဖွဲ့မှ
ဆရာတော်ကြီးများ၏သြ၀ါဒကို ခံယူသွားမည်ဖြစ်ကြောင်း ဦးခေမာဝံသ ဆက်လက်ပြောသည်။
ဆန္ဒပြသံဃာများနှင့် မြန်မာလူငယ်များသည် မြန်မာသံရုံးရှေ့တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေး အကျဉ်း သားများအားလုံးလွှတ်ပေးရေး၊
ဒီမိုကရေစီရရှိရေး စသည့် ကြွေးကြော်သံများ အော်ဟစ် တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြပွဲသို့ မြန်မာသံဃာတော်များနှင်အတူ ဘင်္ဂလားဒေ့ရှ် နှင့် နီပေါ
နိုင်ငံတို့မှ သံဃာတော်များအပါအ၀င် သံ ဃာတော် ၁၂ ပါးနှင့်
မြန်မာမျိုးချစ်လူငယ်များအဖွဲ့မှ အင်အား ၂၀ ခန့်ပါဝင်တက်ရောက်ခဲ့ပြီး
ထိုင်းအာဏာပိုင် များက တစုံတရာ တားဆီးပိတ်ပင်ခြင်းမရှိခဲ့ပေ။
|