လူလူချင်းသာ မြင်ကြပါဟု HIV နှင့် နေထိုင်သူ တိုက်တွန်း

သီတာထွန်း။
ဒီဇင်ဘာလ ၁ ရက်၊ ၂၀၀၈ ခုနှစ်။

အိတ်ခ်ျအိုင်ဗွီနှင့်နေထိုင်သူများအား ခွဲခြားခြင်း၊ နှိမ့်ချခြင်းမပြုဘဲ လူလူချင်းဟုသာ မြင်ကြပါရန်နှင့် လက်တွဲခေါ် ယူကြပါရန် အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူတဦးက ယနေ့ ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့တွင် တိုက် တွန်းလိုက်သည်။

"ကျမတို့ အိတ်ခ်ျအိုင်ဗွီနဲ့ နေထိုင်သူတွေအားလုံးဟာ လူသားတွေချည်းပဲ၊ သူလည်းလူ ကိုယ်လည်း လူပဲ၊ အိတ်ခ်ျအိုင်ဗွီပေါ့စတစ်ရှိလို့လည်း လူ့ဘ၀မဆုံးရှုံးဘူး၊ အိတ်ခ်ျအိုင်ဗွီ နဂ္ဂတစ်ဖြစ်လို့လည်း သူတို့ဘ၀ကြီးက မမြင့်မားသွားဘူး၊  ဒါပေမယ့် သူတို့နဲ့ ကျမတို့နဲ့ မတူတာ တခုပဲရှိတယ်၊ အဲဒါက ကျမတို့ ဆေးသောက်ရတဲ့အတွက်၊ အဲဒီတခုပဲ ကွာသွား တာ၊ သူတို့လိုမျိုးတန်းတူ ကျမတို့ လုပ်နိုင် တယ်၊ သူတို့မလုပ်နိုင်တဲ့ အလုပ်လည်း ကျမတို့ လုပ်နိုင်တယ်၊ ကျမတို့က သူတို့နဲ့တန်းတူပဲရှိတယ် ဆိုတဲ့အကြောင်း ပြောချင်တယ်၊ လူလူချင်းလည်း မခွဲခြားပါနဲ့၊ မနှိမ်ပါနဲ့၊ ကျမတို့ကိုလည်း လက်တွဲပြီး တော့ ခေါ်ယူကပါလို့ ကျမတို့က တိုက်တွန်းချင်ပါတယ်။" ဟု အိတ်ခ်ျအိုင်ဗွီနှင့် အသက်ရှင် နေထိုင်သူ တဦးဖြစ်သည့် မခင်လေးသွယ် က ပြောသည်။

အိတ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူများအပေါ်တွင် အခြားသူများမှ ခွဲခြားဆက်ဆံမများရှိနေပြီး၊ လူထုကားထဲ ရောက် အောင် ပညာပေးမများပြုလုပ်နိုင်ပါက ခွဲခြားဆက်ဆံမများ ပပျောက် သွားမည်ဟု အိတ်ခ်ျအိုင်ဗွီနေထိုင်သူ ဘ၀တူများကို နှစ်သိမ့်အားပေးကူညီနေသည့် မခင်လေးသွယ်က သုံးသပ်သည်။

မြန်မာပြည်တွင်းမှ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နှင့် နေထိုင်သူများလည်း နယ်စပ်ဖြတ် ကျော်ပြီး ထိုင်း-မြန်မာ နယ်စပ် မယ်တော်ဆေးခန်းတွင် လာရောက်ကုသခံယူမမှာ ယခငှ်စ်ကထက် ပိုမိုများပြားလာသည်ဟု ဒေါက်တာ သီဟမောင်က ပြောသည်။

"ကျနော်တို့လူနာတွေဟာ အထူးသဖြင့် အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်လူနာတွေ အတွက် အရေးကြီး တဲ့ အေဇက်တီဆေးလိုဟာမျိုးကိုပေါ့လေ၊ ပြည်တွင်းမှာ ကျနော်သိ သလောက် ဆိုရင်ပေါ့လေ၊ အရင် တုန်းကလို မှန်မှန်မရတော့တဲ့အပြင် နောက်ပိုင်း ကျနော်တို့ သိရတဲ့ အခြေအနေအရဆိုရင် ဆေးဝါး ကုသကလည်း အလကားမဟုတ် တော့ပဲနဲ့ စရိတ်မျှပေး၊ ကျန်းမာရေးဆိုလား အဲလိုအခြေအနေ ရောက်နေပြီဆိုတော့ နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း နဂိုယ်တည်းကိုက ဒီလိုမျိုးရောဂါဆိုးကျရောက်လို့ စိတ်အား ငယ်နေတဲ့လူတွေမှာ ငွေမရှိရင် ဆေးမကုနိုင်တော့ဘူးဆိုတဲ့ အခြေအနေဟာ သူတို့ အတွက် ပိုပီးတော့ကကွဲဖွယ် ဖြစ်ပါတယ်၊ ဒါကောင့်မို့ သူတို့ဟာ အားကိုးတကြီးနဲ့ ကျနော်တို့ ဒီဖက်ဒေသ ကို ပိုပြီးတော့ လာရောက်ကုသမခံယူကတာဖြစ်ပါတယ်။"

ထိုင်း-မြန်မာနယ်စပ် မယ်တော်ဆေးခန်းတွင် အိတ်ခ်ျအိုင်ဗွီ/ အေအိုင်ဒီအက်စ်နှင့် နေထိုင်သူများအတွက် စိတ် ပိုင်းဆိုင်ရှာင့် ရုပ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ရေးအတွက် ဌါနတခုဖွင့်လှစ်ထားပြီး၊ ၎င်းတိုအတွက် ဆေး ရရှိ ရန်အတွက်မူ အန်ဂျီအိုအဖွဲ့မျာှးင့် ဆက်သွယ်ထားသည်ဟု ဒေါက်တာသီဟမောင်က ဆက်လက်ပြောသည်။

ယနေ့ကျရောက်သည့် ကမာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မို တွင် ကျင်းပပီး  မယ်တော်ဆေးခန်းအပါအ၀င်၊ အန်ဂျီအိုအဖွဲ့အစည်းများ၊ ရွှေ့ပြောင်း အလုပ်သမား များနှင့် အခြားအဖွဲအစည်း အသီးသီးမှ အင်အား (၁၀၀၀) ကျော် ခန့်က တေးသရုပ်ဖော်များ၊ ပညာပေးပိုစတာ၊ ဆိုင်းပုဒ် များ ကိုင်ဆောင်ကာ  မဲဆောက်မို့တွင်း ချီတက်ကသည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။