|
မလေးရှား၌ မြန်မာအပါအ၀င်
နိုင်ငံခြားသား အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်နေ
ဇော်ကြီး။
ဇွန်လ ၂
ရက်၊ ၂၀၀၉ ခုနှစ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ တရုတ်တန်းဈေးအတွင်းအလုပ်လုပ်ကိုင်နေကြသည့်
မြန်မာအပါအ၀င် နိုင်ငံ
ခြားသား အလုပ်သမားများအားအလုပ်လုပ်ခွင့် ပိတ်ပင်လိုက်သည့် အတွက် အလုပ်လက်မဲ့
ဖြစ်နေကြသည်။
ယမန်နေ့နံနက်ပိုင်းက မလေးရှားအာဏာပိုင်များမှ
ဈေးအတွင်းဝင်ရောက်ရှာဖွေမှုများရှိပြီး အလုပ်ရှင်များက နိုင်ငံ
ခြားသားအလုပ်သမားများအား အလုပ်လုပ်ခွင့် ပိတ်လိုက်သည့် အတွက်အလုပ်လက်မဲ့
ဖြစ်နေကြသည်ဟု အနား
ယူလိုက်ရသည့် အလုပ်သမား ကိုရဲစိုးလင်း ကယခုလိုပြောသည်။
“ဘာကြောင့်လည်းဆိုတော့
သူတို့သတ်မှတ်ထားတာက ၃၁ ရက်နေ့က နောက်ဆုံးသတ်မှတ်ထားတာ
လေ။
နိုင်ငံခြားသားကိုနောက်ဆုံး
Chance ပေးထားတာ ၁
ရက်နေ့၊
ဒီနေ့ကစဖမ်းမယ်လို့ပြောထား
တာကိုး ဒီနေ့ကတော့
အများကြီးလာတာပဲ။ ဒီက ပြည်သူ့စစ် ရေလာတွေနဲ့ ဘန်ဒါဘန်ရာ စည်ပင်က
ကောင်တွေရယ်
ရဲတွေရယ်အကုန် ၀င်တာပဲ။ ဒါပေမယ့် ကြိုပြောထားပြီးသားကို ကျနော်တို့ဒီမှာ အား
လုံးကနောက်ဆုံးရက်ကို
သတ်မှတ် ထားတယ်ဆိုတော့၊ ပြီးတော့ သတင်းစာမှာလည်း
တရားဝင်ကြေ
ညာထားတာကိုး။ အဲဒီတော့
အားလုံးက နားပေါ့။ ဒါဘဲရှိတယ်။”
ဇွန်လ ၁
ရက်နေ့မှစ၍ မြန်မာအပါအ၀င် နိုင်ငံခြားသားအလုပ်သမားများ၏နေရာတွင် မလေးရှား
နိုင်ငံသားအလုပ်
သမားများနှင့် အစားထိုးသွားမည်ဟုကွာလာလမ်ပူမြို့တော်ဝန်က လွန်ခဲ့သည့် မေလ ၆
ရက်နေ့က တရားဝင် ကြေညာခဲ့သည့်အတွက် အလုပ်ရှင်များက ရပ်နားခိုင်းခြင်းဖြစ်သည်။
လက်ရှိအနေအထားအရ အလုပ်ရှင်မှ ၎င်းတို့၏ လုပ်အားခများကို မပေးသေးသည့် အတွက်အခက်အခဲ
ရှိသော်
လည်း
ဖြစ်ပေါ်လာမည့် အခြေအနေကို ခန့်မှန်း၍မရနိုင်သေး ဟုကိုရဲစိုးလင်းက ဆက်ပြောသည်။
“လောလောဆယ်ကတော့
ဖြစ်သလိုနေထိုင်စားသောက်ပေါ့ဗျာ။ ဒါပဲရှိတာပေါ့။ သူတို့ဖက်က
အခြေအ
နေ ဘယ်လိုမျိုး
ပြန်ပေါ်လာမလဲဆိုတာ ကိုယ့်ဖက်ကနေစောင့်ကြည့်ပေါ့။ အဲလိုမျိုးအနေအထား။ ဘာ
ဖြစ်လို့လည်းဆိုတော့ကျနော်တို့တွေအကုန်လုံး
လစာမရကြသေးဘူးလေ။လစာမရကြသေးတော့ ရှိတာ
လေးနဲ့ဖြစ်သလိုနေပေါ့။
အဆင်ပြေသလို နေပေါ့။”
ယမန်နေ့က
တရုတ်တန်းဈေးအတွင်းဖမ်းဆီးမိသူမရှိသော်လည်း
Jalan Silang
နှင့်
Central Market
အနီးပတ်
ဝန်းကျင်တွင် လူ ၁၂၁
ဦးဖမ်းဆီးမိခဲ့ပြီးတရားဝင်မဟုတ်သူ ၄၃ ဦးပါဝင်သည်ဟု မလေးရှားနိုင်ငံ
နေ့စဉ်ထုတ် The NewsStraits Time
သတင်း၌
ဖော်ပြပါရှိသည်။
ထိုဈေးအတွင်းရှိ
အလုပ်ရှင်များအနေနှင့် နိုင်ငံသားအလုပ်သမားများထက်နိုင်ငံခြားသား
အလုပ်သမားများကို ပိုမိုအားထားကြသော်လည်း ယခုကိစ္စသည်ဖြေရှင်းရန်ခက်ခဲသည် ဟု
မြန်မာအလုပ်သမား ကာကွယ်ပေးရေး
ကော်မတီ (BWRPC)
မှကိုရဲမင်းထွန်းက
ယခုလို ပြောဆိုသည်။
“နောက်ပြီးတော့
အဲဒီမှာက သူဌေးတွေရဲ့ အနေအထားကလည်း ဒီလူတွေကိုပဲ
မှီခိုနေရတာလေ။ ဒီ
တရုတ်တန်းဈေးထဲက ပစ္စည်းတွေကလည်း မှောင်ခိုပစ္စည်းတွေ
ဆိုတော့
သူတို့ပြောသလို local
တွေနဲ့
သုံးဖို့ဆိုတာက အဲဒီမှာ
ဥပဒေတွေနဲ့
ပြဿနာ တွေက အစုံရှိတယ်ဗျ။
နောက်ပြီးတော့ အဲဒီကအလုပ်
တွေကလည်း
ပင်ပန်းတယ်။ဆိုင်ရှင်း၊ ဆိုင်သိမ်းကလည်း ဆိုင်တွေက ဒိပြင်နေရာတွေကနေ သယ်
လာပြီးတော့ဖွင့်ရတဲ့
ပုံစံမျိုးပေါ့ဗျာ။ အချိန်မီအောင် ဖွင့်ဟယ်ခင်းဟယ်နဲ့ ဆိုတော့။
အဲတာကို ဘယ်လို
ဖြေရှင်းကြမလဲဆိုတာကတော့အလုပ်သမားအများစုကလည်း တရားမ၀င်ဖြစ်နေတော့ ဖြေရှင်းဖို့
နည်း
လမ်းကတော့မရှိဘူးလို့ပဲပြောလို့ရတယ်။”
ယခုစီမံချက်သည်အစိုးရမှ နိုင်ငံသားများ
အလုပ်ရရှိစေရန်ရည်ရွယ်၍လုပ်ဆောင်ခြင်းဖြစ် သော်လည်း နိုင်ငံသား
များ
မလုပ်ကိုင်နိုင်သည့်ကြမ်းတမ်းသည့် လုပ်ငန်းခွင်များအတွက် အလုပ်သမားရှားပါးမှု
ပြဿနာဖြစ်ပေါ်လာ
မည်ကို လုပ်ငန်းရှင်များက စိုးရိမ်နေကြသည်။
တရုတ်တန်းဈေးအတွင်း၌ မြန်မာ၊
ဘင်္ဂလားဒေရှ့်၊ နီပေါ နှင့် အခြားနိုင်ငံမှ
နိုင်ငံခြားသား အလုပ်သမားများ အ
လုပ်လုပ်ကိုင်ကြပြီး မြန်မာနိုင်ငံသား၂၀၀၀ ကျော် ရှိသည်ဟု သိရသည်။
|