|
မြန်မာ့နိုင်ငံရေးပြဿနာကို
လက်နက်ကိုင်နည်းမှလွဲ၍ ဖြေရှင်းရန် မရှိဟု ရလလဖပြော
ခွန်အောင်မြတ်။
ဇူလိုင်လ ၂ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာပြည်၏
နိုင်ငံရေးပြဿနာကို ဖြေရှင်းရန်လက်နက်ကိုင်နည်းမှအပ အခြားနည်းလမ်းမရှိဟု
မြန်မာစစ်အစိုးရ နှင့် ၁၃ နှစ်ကြာ အပစ်အခတ်ရပ်စဲခဲ့သည့် ပအိုဝ်းနီ ခေါ်
ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ) ခွဲထွက်အဖွဲ့က
ယနေ့ထုတ်ပြန်သောကြေညာချက်တွင် ဖေါ်ပြသည်။
ရလလဖခွဲထွက်အဖွဲ့က
ထိုင်း-မြန်မာနယ်စပ်တနေရာတွင် သတင်းစာရှင်းလင်းပွဲကျင်းပကာ ပြန်လည် တောခို
လာရခြင်း အကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။
မြန်မာစစ်အစိုးရကို
ပြန်လည်လက်နက်ကိုင်တိုက်ခိုက်ရခြင်းနှင့်ပတ်သက်၍ ရလလဖခွဲထွက်အဖွဲ့၏ ပြောရေးဆို
ခွင့်ရှိသူ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်သူရိန်က ယခုလိုပြောသည်။
“အဖွဲ့အစည်းအနေနဲ့ ပြန်လည်ပြီးတော့မှ လက်နက်ကိုင်တော်လှန်ရေး ဆင်နွဲရတယ်ဆိုတဲ့
ကိစ္စက တော့ ငြိမ်းချမ်းရေး ရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ
ဒီနအဖ စစ်အစိုး ရနဲ့ ငြိမ်းချမ်းစွာနဲ့ နိုင်ငံရေး အဖြေရှာတဲ့နေရာမှာ ဘယ်လိုမှ
ငြိမ်းချမ်းစွာနဲ့ အဖြေရှာခွင့် မရှိတဲ့အ တွက်ကြောင့်၊ ကျနော်တို့ လက်နက်ကိုင်
တိုင်းရင်းသားအဖွဲ့တွေ နိုင်ငံရေး ပြဿနာ အဖြေရှာတဲ့နေ ရာမှာ
လက်နက်ကိုင်တော်လှန်တဲ့ နည်းလမ်းကလွဲလို့ တခြားမရှိဘူးလို့ ကျနော် ဒီလိုပဲ
ပြောချင်ပါ တယ်။”
စစ်အာဏာရှင်အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် အခြား တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့အစည်းများနှင့် ပြည်တွင်းရှိ ပြည်သူလူထု တရပ်လုံးကို နအဖ၏ အတုအယောင်
ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီစနစ်ကို ဆုတ်ယုတ် စေမည့် အတုအယောင်
အမျိုးသားညီလာခံကို ပြတ်သားစွာ ဆန့်ကျင်၍ နည်းလမ်းမျိုးစုံဖြင့်
တိုက်ပွဲဝင်သွားကြ ရန် ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် တိုက်တွန်းထားသည်။
ရလလဖခွဲထွက်အဖွဲ့သည်
မြန်မာစစ်အစိုးက လက်နက်ချရန် ဖိအားပေးလာသည့်အတွက် ပြီးခဲ့သည့် ဇွန်လ ၁၀
ရက်နေ့တွင် ပြန်လည်တောခိုလာခြင်းဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍
ဗိုလ်မှူးကြီး ခွန်သူရိန်က “Cease fire (အပစ်အခတ်ရပ်စဲထားတဲ့ ) အဖွဲ့တွေ
အားလုံး ကတော့ ပြောရမယ်ဆိုရင်တော့ နိုင်ငံရေးရဲ့ အခွင့်အရေးတွေကို ရလိုမှုနဲ့
လက်နက်ကိုင် တော်လှန်ရင်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာရင်းနဲ့ Cease fire
လုပ်ထားကြတာကိုး။ ဒါပေမယ့် တကယ် တမ်း စစ်အစိုးရကနေပြီးတော့မှ NC
(အမျိုးသားညီလာခံ)ပြီးလို့ လက်နက်တွေ အပ်နှံရမယ်ဆိုတဲ့ ကိစ္စမှာဆိုရင်တော့
ကျနော်တို့ အဖွဲ့အနေနဲ့ လုံးဝ လက်မခံနိုင်ဘူး။” ဟု ပြောသည်။
အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား စစ်အစိုးရ လက်နက်
မအပ်ခိုင်းသည့်တိုင် ၄င်းတို့ အလိုကျ အသုံးချခံအဖြစ် ပြုလုပ်လာနိုင်ကြောင်း
ဗိုလ်မျူးကြီး ခွန်သူရိန်ကဆက်ပြောသည်။
“အခု
အခြေအနေအရဆိုရင် မကြာခင်အချိန်လေးမှာ လက်နက်ကို မအပ်ခိုင်းသည့်တိုင်တောင်မှ
အဲဒီ အတွင်းပိုင်းမှာ Cease fire
အပစ်ခတ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့အစည်းကနေပြီးတော့မှ နအဖ အ လိုကျ
အသုံးချတော့မယ်။ အသုံးချပြီးတော့မှ ဘာတွေ လုပ်ခိုင်းအုံးမလဲဆိုတာ
ဌာနေပြည်သူ့စစ်တို့၊ နောက်ပြီးတော့မှ သူ့ရဲ့အထူးရဲတို့ ဘာတို့
လုပ်ခိုင်းတော့မယ်။ အဲတော့ ကျနော်တို့ကတော့ ကျနော် တို့ လိုလားနေတဲ့
စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေး ဒီမိုကရေစီရေး၊ တိုင်းရင်းသား စည်းလုံးညီ ညွှတ်
ရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဆိုတဲ့ဟာကို မရမချင်းကတော့ သူတို့
အထူးရဲကို လည်း မလုပ်နိုင်ဘူး၊ သူတို့ရဲ့ ပြည်သူ့စစ်ဆိုတဲ့ဟာလည်း ကျနော်တို့
မလုပ်နိုင်ဘူး။ သူတို့ရဲ့ ကာ ကွယ်ရေး ဦးစီးချုပ်ရဲ့လက်အောက်မှာနေပြီးတော့မှ
သူတို့ရဲ့ အမိန့်ကိုလည်း ကျနော်တို့ မလုပ်နိုင် ဘူး။ အဲတော့က ကျနော်တို့က
လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲကိုပဲ ကျနော်တို့ ဆက်လက် ဆင်နွဲသွားမယ်ဆိုတဲ့
ဟာပါ။ ”
ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့သည် ၁၉၄၉ ခုနှစ်၊ ဒီဇင်ဘာလ
၁၁ ရက်နေ့တွင် ရှမ်း ပြည်နယ်တောင်ပိုင်းတွင် အခြေခံရပ်တည်၍ စစ်အာဏာရှင်စနစ်ကို
လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ပြီး ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင်
စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။
စစ်အစိုးရ ကျင်းပသည့်
အမျိုးသားညီလာခံကို တက်ရောက်ခဲ့သူ ရလလဖအဖွဲ့၏ ဒု-ဥက္ကဌနှင့်
စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်မှူးကြီး ခွန်တီစောင်၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး
ခွန်သူရိန်တို့ ဦးဆောင်သည့် အင်အား ၁၀၀ ကျော်သည် ၄င်းတို့
အခြေစိုက်ရာစခန်းဖြစ်သည့် ဆီဆိုင်မြို့နယ် နောင်ထောင်ဝ်မှ ပြီးခဲ့သည့် ဇွန်လ ၁၀
ရက်နေ့တွင် ခွဲထွက်လာပြီး ယခု ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ၏
တပ်မတော်ထံတွင် ခေတ္တ ခိုလှုံနေသည်။
|