|
ရန်ကုန်ဗုံးကွဲမှု စွမ်းအားမြှင့်လက်ချက်ဟု ကြေညာ
သီတာထွန်း။
ဇူလိုင်လ ၂ ရက်၊ ၂၀၀၈ ခုနှစ်။
ရန်ကုန်ရှိ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းရုံး တရုံးတွင် ယမန်နေ့က
ဗုံးပေါက်ကွဲမှုသည် စွမ်းအား မြှင့်ကျောင်းသား စစ်သည်တော်များ အဖွဲ့၏ လက်ချက်
ဖြစ်သည်ဟု အဆိုပါအဖွဲ့က ဟုဆိုကာ ကြေညာချက် တစောင် ထွက်ပေါ်လာသည်။
ဇူလိုင် (၂) ရက်
ယနေ့ရက်စွဲဖြင့် ထုတ်ပြန်သော အဆိုပါ ကြေငြာချက်တွင် “ ဇူလိုင် (၁)ရက်နေ့က
ရန်ကုန် တိုင်း၊ရွှေပြည်နယ်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးအား
တိုက်ခိုက်ခဲ့ခြင်းသည် မိမိတို့ စွမ်းအားမြှင့်စစ်သည် တော်အဖွဲ့မှ
စစ်သည်တော်အမှတ် (၁၈) ၏ တိုက်ပွဲဝင်မှု ဖြစ်သည်။ ဟု ဖော်ပြထားသည်၊
ဗုံးပေါက်ကွဲမှုမှာ
ရွှေပြည်သာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ရုံးအတွင်း
ဖြစ်ပွားခဲ့ပြီး ထိ ခိုက်ဒဏ်ရာရမှု
တစုံတရာ မရှိခဲ့ပေ။
အဆိုပါ အဖွဲ့က
ထုတ်ပြန်သော ကြေညာချက်တွင် ဆက်လက်ပြီး “ပြီးခဲ့တဲ့ ဧပြီလ (၂၀) ရက်နေ့က ရန်
ကုန်တိုင်း အတွင်း (၃၆) လမ်း အလယ်ဘလောက် အေဘီစီ စားသောက်ဆိုင် ရှေ့မှာ
ရပ်ထားသည့် ကြံ့ဖွတ်ပိုင်ကားကို တိုက်ခိုက်ခဲ့မှု၊ ထရိတ်ဒါးဟိုတယ် အနီးမှာ
ရပ်ထားသည့် စစ်တပ်က အရာရှိကြီး တဦးရဲ့ကားကို တိုက်ခိုက်ခဲ့မှုများကို
လုပ်ဆောင်ခဲ့တဲ့ ပြည်တွင်းက မိမိတို့စစ်သည်တော် အမှတ် (၂၅) နှင့် (၂၇)
ရဲဘော်များကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုလိုက်ပါသည်။” ဟု ပါရှိသည်။
သို့သော်လည်း
ယခုကဲ့သို့ တိုက်ခိုက်မှုများသည် နိုင်ငံရေး ပြဿနာများကို ပြေလည်စေနိုင်
မည်မဟုတ်ဟု မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက သုံးသပ်သည်။
“တနည်းအားဖြင့်
ပြောရရင် နိုင်ငံရေးပြဿနာတွေကို အကြမ်းနည်းနဲ့ ဖြေရှင်းဖို့ ကြိုးစား တာပေါ့
ဗျာ၊ စစ်တပ်ဖက်ကလည်း အကြမ်းဖက်တယ်၊ ဒီဖက်ကလည်း အကြမ်းဖက်တယ် ဆိုတဲ့
အဓိပ္ပါယ်ပေါ့၊ ဆိုတော့ လက်တွေ့မှာကျတော့ ဘယ်သူမှ အကျိုးရှိတဲ့ ဟာမျိုး
မဟုတ်ဘူးပေါ့။ ဒါပေမဲ့ သူတို့ တဖွဲ့ ကပဲ သူတို့ လုပ်ရင် လုပ်တာပြောတယ်
ရှိပြီးတော့ တခြားဟာတွေက ၉၅% ရာခိုင်နှုန်း၊ ၉၈% ရာခိုင် နှုန်းက ဘယ်သူခွဲမှန်း
မသိဘူး၊ စစ်အစိုးရ ကလည်း အတိုက်အခံတွေ၊ ကေအဲန်ယူတွေကို စွပ်စွဲတယ်၊
ကေအဲန်ယူကလည်း စစ်အစိုးရ လုပ်တာပါဆိုပြီး ပြန်ပြောတယ်၊
ရှင်းရှင်းပြောရလို့ရှိရင် ဒီဥစ္စာက မြန် မာပြည်မှာ ရှိနေတဲ့ ပြဿနာဟာ ဘယ်လိုမှ
ပြေပြေလည်လည်နဲ့ ဖြစ်မယ့် ပုံစံမျိုး မဟုတ်ဘူးလို့ ပြောရမှာပဲ ”
စွမ်းအားမြှင့်စစ်သည်တော်များအဖွဲ့က ဟု ထုတ်ပြန်သော ကြေညာချက်တွင် ပြည်သူကို
ဖိနှိပ်သော စစ်အာဏာ ပိုင်များနှင့် ၎င်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများသည်
ပြည်သူလူထု အပေါ် မတရားအနိုင်ကျင့် စော်ကားနေ ခြင်းများကို လုံးဝ
လက်သင့်ခံမည်မဟုတ်ပဲ ပြည်သူလူထု ထိခိုက်နစ်နာမှုမရှိအောင် ပိုမိုပြင်းထန်သည့်
လက် တုန့်ပြန် တိုက်ခိုက်မှု များကို ဆက်လက် လုပ်ဆောင်သွားမည်ဟု သတိပေးထားသည်။
|