|
မဟာချိုင်ဒေသ အလုပ်သမားမှတ်ပုံတင် အစိုးရသတ်မှတ်နှုန်းထက် ပိုပေးနေရ
ဇော်ကြီး။
ဇူလိုင်လ ၂ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းနိုင်ငံ
ဘန်ကောက်မြို့ အနီး မဟာချိုင်ဒေသတွင် ယမန်နေ့ကစ၍ တရားမ၀င် နိုင်ငံခြားသား
အလုပ်သမား များအား အလုပ်သမားကဒ်အသစ် စတင်ပြုလုပ်ပေးရာ၌ လုပ်ငန်းရှင်များနှင့်
ပွဲစားများမှ အစိုးရသတ်မှတ်နှုန်း ထက် ပိုမိုတောင်းယူနေကြသည်။
ထိုင်းနိုင်ငံတွင်
လာရောက်အလုပ် လုပ်ကိုင်နေကြသည့် တရားမ၀င်နိုင်ငံခြားသား အလုပ် သမားများအား တရား
ဝင်အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးရန် ထိုင်းအလုပ်သမား ၀န်ကြီး ဌာန၏
တင်ပြချက်အား ကက်ဘိနက်အ ဖွဲ့မှ လွန်ခဲ့သည့် မေလကုန်ပိုင်းက အတည်ပြုပြီး နောက်
ယင်းစီမံချက်အား ယမန်နေ့မှစတင်၍ လက်ခံပြုလုပ် ပေးခြင်း ဖြစ်သည်။
ထိုင်းအစိုးရ၏
တရားဝင်သတ်မှတ်နှုန်းအရ အလုပ်သမားတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၃၈၀၀ သာ
ကုန်ကျမည်ဖြစ် သော်လည်း ပွဲစားများမှ အလုပ်ရှင်အမည်ခံ၍ လုပ်ပေးနေသည့် အတွက်
အစိုးရသတ်မှတ်နှုန်းထက် နှစ်ဆခန့် ကုန်ကျသည်ဟု အလုပ်သမားမှတ်ပုံတင် ပြုလုပ်ရာ၌
ကူညီပေးနေသူ ကိုမောင်က ယခုလိုပြောသည်။
“တချို့က ရုန်းငန်း (အလုပ်ရုံ)ကို မ၀င်ထားမိဘူးပေါ့နော်။ ရုန်းငန်းကိုမ၀င်ဘဲ
အပြင်မှာ နေထားပြီး ဘတ်(အလုပ်သမားလက်မှတ်)လည်း မရှိဘူးပေါ့နော်။ အပြင်က
ရှမ်း(ထိုင်း) တယောက်ယောက်က သူတို့ကိုယ်သူတို့ သူဌေး အမည်ခံပြီးတော့ ဒီဘတ်
မရှိတဲ့သူတွေကို ဘတ်လုပ်ပေးတာတော့ ရှိတယ် ခင်ဗျ။ အဲတာကျတော့ ဈေးကြီးတယ်။ အဲ့တာ
၇၅၀၀ လောက်ရှိတယ် ခင်ဗျ။ လက်ရှိအနေအထားမှာ ကျနော်တွေ့ရတာတော့ ၇၅၀၀ ပေးရတယ်
ပြောတယ်။”
ဖိနပ်စက်ရုံတစ်ခုမှ
အလုပ်သမားများသည် ၎င်းတို့၏လုပ်ငန်းရှင်အား အလုပ်သမား တဦးလျှင် ထိုင်းဘတ်ငွေ ၈၅၀၀
အထိပေးရသည်ဟု မဟာချိုင်ရှိ အလုပ်သမားများနှင့် ရင်းနှီးသူတဦးက ပြောသည်။
“အခုမနက်ကတောင်မှ အကို့ကို ဖိနပ်ရုံလို့ ပြောတယ်လေ။ သေချာမမေးလိုက်ရဘူး။
သူတို့လည်း လောလောနဲ့ ပြောသွားတာ ၈၅၀၀ ယူတယ်။ အလုပ်စမတ်ခဆိုပြီးတော့
အလုပ်ဆမတ်ခဆိုတာက အလုပ်ဝင်ကြေးပေါ့နော်။ ၄၀၀၀ တဲ့၊ ဘတ်ဖိုးက ၄၅၀၀ တဲ့။ အဲတာ
၈၅၀၀ သူတို့ပေးလိုက်ရပြီ။”
အလုပ်ရှင်များ၊
ပွဲစားများအား သတ်မှတ်နှုန်းထက် ပိုပေးနေရသဖြင့် အလုပ်သမား မှတ်ပုံတင်
လာလုပ်ကြသူများ အခက်အခဲဖြစ်နေကြသည်ဟု ၎င်းကဆက်ပြောသည်။
“ခုနှစ်ထောင်တန်သည်။ ခြောက်ထောင်တန်သည် ချက်ချင်းပုံပေးရတော့ အဲဒီငွေတွေက
အစ်ကိုတွေ၊ အမတွေ၊ အမေတွေ၊ အဒေါ်တွေ သူငယ်ချင်းတွေ ကနေပြီးတော့ အတိုးနဲ့
ချေးခိုင်း ရတာပေါ့နော်။ အတိုးကလည်း သိတဲ့အတိုင်းပဲ တစ်ရာကိုနှစ်ဆယ်ဆိုတော့လေ
အဲလိုမျိုး ငြီးကြတာပေါ့။”
တရားဝင်
အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသည့် နိုင်ငံခြားသား အလုပ်သမား အနေဖြင့်
ထိုင်းနိုင်ငံ အ လုပ်သမားရေးရာ ၀န်ကြီးဌာန၏ သတ်မှတ်ပေးထားသည့် နယ်မြေအလိုက်
လုပ်အားခ၊ အချိန်ပိုကြေးနှင့် ကျန်း မာရေးစောင့်ရှောက်မှုများကို ရရှိသော်လည်း
အမျိုးသမီးအလုပ်သမားများအနေဖြင့် သားဖွားသည့် ကိစ္စနှင့်ပတ် သက်၍ သက်ဆိုင်ရာ
နိုင်ငံတွင် ပြန်သွားရမည် ဖြစ်သည်။
တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများသည် မြန်မာနိုင်ငံသားအများဆုံးဖြစ်ပြီး
လာအို နှင့် ကမ္ဘောဒီးယား နိုင် ငံ သားများလည်း ပါဝင်သည်။
ထိုင်းမြန်မာနယ်စပ်
မဲဆောက်မြို့၌ အလုပ်သမားမှတ်ပုံတင် စတင်ပြုလုပ်ပေးပြီဟု ဆိုသော်လည်း အလုပ်ရှင်
အာမခံချက်မပေးနိုင်ခြင်း၊ အလုပ်သမားများ လုပ်အားခ နည်းပါးခြင်းတို့ကြောင့်
လက်မှတ်လာလုပ်သူမရှိဟု သိရ သည်။
သို့သော် ရနှောင်းဒေသ၌
အလုပ်သမားမှတ်ပုံတင် ပြုလုပ်ပေးရန် အတွက် ဒေသခံအာဏာ ပိုင်များ၊ လုပ်ငန်းရှင်
များနှင့် အလုပ်သမားရေး ဆောင်ရွက်နေသူများ ဆွေးနွေးညှိနိုင်းနေပြီး လောလောဆယ်
အနေအထားအရ ပြုလုပ်မှုမရှိသေးဟု သိရသည်။
မဟာချိုင်မြို့၌
အလုပ်သမားမှတ်ပုံတင် ၃၀၀၀၀၀ ပြုလုပ်ပေးရန်ရှိပြီး ယမန်နေ့က ဆမွတ်ဆခွန်ဒေသ၌
အလုပ် သမားမှတ်ပုံတင်ပြုလုပ်ရန် စာရင်းသွင်းပြီးသူ ပေါင်း ၇၀၀၀၀ ရှိသည်ဟု
ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ကျေ ညာချက်အရသိရသည်။
အလုပ်သမားလက်မှတ်အသစ်ကို ဇူလိုင်လ ၁ ရက်နေ့မှစ၍ ၃၀ ရက်နေ့အထိ
ပြုလုပ်ပေးမည်ဖြစ်သည်။
|