|
မြန်မာတပ်အား ပအိုဝ်းအဖွဲ့ ခြုံခိုတိုက်
မြန်မာစစ်တပ်မှ ၈ ဦး သေဆုံးဟု ပအိုဝ်းအဖွဲ့မှ ပြော
နွယ်လေး။
စက်တင်ဘာလ ၂ ရက်၊ ၂၀၀၈ ခုနှစ်။
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး
အဖွဲ့ (PNLO) သည် ဆီဆိုင် မြို့မှ ပြန်လာသည့် မြန်မာစစ်အစိုးရတပ်ဖွဲ့များကို
ခြုံခိုတိုက်ခိုက်ရာ မြန်မာစစ် တပ်ဘက်မှ (၈) ဦး သေဆုံးပြီး ဒဏ်ရာ အများပြား
ရသည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့က ပြောသည်။
သြဂုတ်လ
(၃၁) ရက်နေ့တွင် ခလရတပ်ရင်း ၄၂၅၊ ၄၂၆ နှင့်အတူ တောင်ကြီးမြို့
ကုန်းလမ်းပို့ဆောင် ဆက် သွယ်မှု ညွန်ကြားရေး ဦးစီးဌာန(ကညန)၊ လူဝင်မှု
ကြီးကြပ်ရေးဌာန (လ၀က)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ ဖြိုးရေးအဖွဲ့မှ
တာဝန်ရှိများသည် ဆီဆိုင်မြို့နယ် တွင်းရှိ ကျေးရွာများတွင်
အခွန်ငွေများကောက်ခံပြီး တောင်ကြီး သို့ အပြန် နမ့်အောနှင့် ထီတမောင်း
ကျေးရွာကြား ဆီဆိုင်-တောင်ကြီး ကားလမ်းမတွင် (PNLO) တပ်ဖွဲ့နှင့် တစ်နာရီခန့်
တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
ဆီဆိုင်မြို့နယ်တွင်းရှိ ကျေးရွာများတွင် ဒေသခံများကို အခွန်အခများ
ကောက်ခံသည်ကို မကျေနပ်သဖြင့် (PNLO) အဖွဲ့မှ ဗိုလ်မှုးကျော်ထင် ဦးစီးပြီး
ခြုံခိုတိုက်ခိုက်သည်ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့
ဗဟိုကော်မတီဝင်တဦးဖြစ်သှူ ခွန်ကျွဲထိုက ယခုလို ပြောသည်။
“နအဖစစ်သားတွေက မြို့နယ်ကိုလာပြီးတော့ လူထုကို အနိုင်ကျင့်တယ်။ မတရားအခွန်
ကောက်ပြီး ပြန်လာတဲ့ သူတို့ အဖွဲ့ကို စောင့်ပစ်တာ။ လူထုဆီက ခြံမြေကို
မတရားသိမ်းတယ်။ ဆိုင်ကယ် တစ်စီး လိုင်စင်လုပ်ပေးတာကို ၁၀ သိန်း ထိယူတာမျိုး
အများကြီးယူတယ်။ ပြည်သူ တွေက အားကိုးရာမဲ့ တော့ ဘာမှ မတတ်နိုင်ဘူး။
လိုင်စင်လုပ် နိုင်သူက လုပ်ပြီး မတတ်နိုင်တဲ့ သူတွေက ဆိုင်ကယ်ကို ၀ှက်
ထားရတာမျိုး။ သက်သေခိုင်လုံမှု မရှိပဲနဲ့ မတရားစွပ်စွဲ ဖမ်းဆီးတာမျိုး
တွေလုပ်တယ်။ လွယ်တဖရီး ကျေးရွာက ရွာသူကြီး တစ်ယောက်ကို တော်လှန်ရေးအင်အားစုကို
ဆက်ကြေးပေးရကောင်းလား ဆို ပြီး မတရားဖမ်းဆီး ရိုက်နှက် တယ်။”
ကျေးရွာလူထုများကို အတင်းအဓမ္မ အခွန်ကောက်ယူခြင်း၊ အဓမ္မစေခိုင်းခြင်း၊
လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဆက်လက်ပြုလုပ်ပါက စစ်ရေးအရ
အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ခွန်ကျွဲထိုက ပြောသည်။
“ပြည်သူလူထုကို မတရားအခွန် ကောက်ခံတာကို သူတို့ဘက်က တတ်နိုင်သမျှ
နောက်ဆုတ်ပေးပါ။ ဒါမှ မဟုတ်ရင် ကျနော်တို့ဘက်က စစ်ရေး အရှိန်ပိုမြင့်တက်
မယ်လို့”
ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာစစ်အစိုးတပ် ခမရ ၄၂၃ က
ဆီဆိုင်မြို့နယ်ရှိ ရွာသူကြီး သုံး ယောက်အား PNLO အဖွဲ့ကို ဆက်ကြေးပေးသည့်
မသင်္ကာ မှုဖြင့် ဖမ်းဆီးပြီး စစ်ဆေးရိုက်နှက်ရာ ယခုချိန်ထိ ရွာသူကြီး တဦးသည်
တောင်ကြီးမြို့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြင့် ကုသမှု ခံနေရသည်။
ပီအဲန်အယ်အို အဖွဲ့မှာ အပစ်ရပ် ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး
အဖွဲ့မှ ၂၀၀၆ ခုနှစ် အတွင်းက ခွဲထွက်ပြီး တောပြန်ခိုလာသော အဖွဲ့ဖြစ်သည်။
မြန်မာတပ်မှ ဆီဆိုင်မြိ့နယ်အတွင်း လူထုထံ အခွန်ကောက်ခံခြင်းများ
ယခင်ကပင်ရှိခဲ့ပြီး ယခုချိန်ထိ လူထုများ မှာ မြန်မာအစိုးရနှင့်
အပစ်ခတ်ရပ်စဲထားသည့် ဒေသခံအဖွဲ့စည်းများထံ တိုင်ကြားသော်လည်း တစုံတရာ ဆောင်
ရွက်ပေးခြင်း မရှိဟု ဒေသခံများက ပြောသည်။
|