|
ပအိုဝ်းအပစ်ရပ်အဖွဲ့ ကျေးရွာသားများအား စစ်သင်တန်းတက်ရန် အမိန့်ထုတ်
သီတာထွန်း။
စက်တင်ဘာလ ၂ရက်၊
၂၀၀၈ ခုနှစ်။
ရှမ်းပြည်တောင်ပိုင်းရှိ ကျေးရွာများတွင် အပစ်ရပ်အဖွဲ့၏ အမိန့်ဖြင့်
ရွာသားများအား အခြေခံစစ်သင်တန်းနှင့် သ တင်းအပေးအယူသင်တန်းကို မတက်မနေရ
အမိန့်ထုတ်ထားသည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မှ ရှမ်းပြည်တောင်ပိုင်း ဟိုပုံးနှင့်
ဆီဆိုင်မြို့နယ်အတွင်းရှိ အသက် ၁၈-၄၅ နှစ် ပြည့်သူ ကျေးရွာသားများအား
စစ်သင်တန်းနှင့် သတင်းအပေးအယူ သင်တန်းတက်ကြရန် အမိန့်ထုတ်ထား ခြင်းဖြစ်ပြီး
သင်တန်း ကာလမှာ သုံးလကြာမြင့် မည်ဟု ယင်းအဖွဲ့နှင့် နီးစပ်သူတဦးက ပြောသည်။
“တရွာကို
ဆယ်ယောက်နှုန်းနဲ့၊ အခြေခံစစ်သင်တန်းနဲ့ သတင်းအပေးအယူသင်တန်းပေါ့၊ သုံးလ သင်
တန်းခင်ဗျ၊ ဦးအောင်ခမ်းထီဖက်က ဆင့်ထုတ်တာပေါ့နော်၊ (၂၀) ရက်နေ့ (၈) လက (PNO)
ကိုယ် တိုင်က ထုတ်တာပေါ့နော်၊ ဟိုပုံးမြို့နယ်နဲ့ ဆီဆိုင်မြို့နယ်လို့ ပြောတယ်။
အဲဒါကို မတက်ဘူး ပျက်ကွယ် တယ်ဆိုလို့ရှိရင် တဦးကို ဒဏ်ငွေ လေးသောင်းနှုန်းနဲ့
ဒဏ်ရိုက်မယ်ပေါ့။”
သုံးလ
သင်တန်းပြီးသွားပါက အတိုက်အခံအင်အားစုများ၏ လှုပ်ရှားမှု သတင်းများကို
ရွာသားများမှ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်ထံ အမြဲသတင်းပေးပို့ အစီရင်ခံရမည်ဟု
သင်တန်း တက်ရောက်သည့် ဒေသခံများက ပြော သည်။
မတက်မနေရ
သင်တန်းကြောင့် အိမ်ထောင်ဦးစီး ယောက်ျားများမှာ အလုပ်လုပ်ချိန် မရှိသဖြင့်
စားဝတ်နေရေး အတွက် အခက်အခဲများနှင့် ရင်ဆိုင်ရကြောင်း ဟိုပုံးမြို့နယ်မှ
ဒေသခံတဦးက ပြောသည်။
“ရွာသားဆိုတာက
တောင်သူလယ်လုပ်သမားတွေ၊ အခုသင်တန်းတက်မယ်ဆိုရင် တပတ် ကို တရက် ကနှစ်ရက်ဆိုရင်
အလုပ်ချိန်က မရှိတော့ဘူး၊ အမှန်က အိမ်ထောင်ဦးစီး ဆိုတာ ယောင်္ကျားက အဓိက ပေါ့၊
ယောင်္ကျားက ဒီလိုမျိုးဆို အခက်အခဲအများကြီး ရှိတာပေါ့။”
ယခု လောလောဆယ်ဆယ်တွင်
သင်တန်းကို ဆီဆိုင်မြို့နယ်အတွင်းရှိ စဗျက်တိုက်နယ် ကျေးရွာအုပ်စုတွင် စတင်
အကောင်အထည်ဖော်နေပြီဖြစ်ပြီး ရွာသားများမှာ မတက်ချင်ကြ သော်လည်း မတက်မနေရ
အမိန့် ကြောင့် တက်နေရသည်ဟု သိရသည်။
ယင်းဒေသများသည် အပစ်ရပ်အဖွဲ့ဖြစ်သည့်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)၏ ထိန်းချုပ်ရာနယ်မြေ
ဖြစ်ပြီး၊ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)၊
မြန်မာစစ်အစိုးရတပ် နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့တို့လည်း
လှုပ်ရှားနေသည့်
နယ်မြေဖြစ်သည်။
|