|
မဲဆောက်တွင် စီးပွားရေးကြပ်တည်းမှုကြောင်
့လုယက်မှုများပြားလာ
ဇာဇာမော်။
စက်တင်ဘာလ ၂ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်းနယ်စပ်
မဲဆောက်မြို့တွင် အလုပ်လက်မဲ့သူ များလာပြီး စားဝတ်နေရေး အခက်အခဲများလာသဖြင့်
မြို့တွင်း တွင် နေ့ခင်းအချိန် လုယက်မှုများ ပိုမိုဖြစ်ပွား လာသည်။
မြန်မာအလုပ်သမားများ
လစာထုတ်ရက်တွင် လုယက်မှု ပိုမိုခံရသည်ဟု မဲဆောက်ဈေးတွင် ဈေးရောင်းနေသည့်
မြန်မာပြည်သား တစ်ဦးက ယခုလိုပြောသည်။
“စက်ရုံပိတ်ရက် လစာထုတ်ရက်တွေမှာ ဖြစ်တာများတယ်။ ကျနော်သိရတာကတော့ ဆိုင်ကယ်
မောင်း ပြီးတော့ ၂ယောက်ထိုင်တယ်။ အနောက်ကလူက ဆွဲကြိုးဖြတ်ပစ်တယ်။ ပြီးတော့
ရှေ့ကလူက ဆိုင် ကယ်မောင်းပြေးသွားတယ်။ ဆိုင်ကယ်ပေါ်မှာပဲ အပြီးလုပ်သွားတယ်။ လစာ
ထုတ်ရက်ဆိုရင် အနည်း ဆုံး (၇)မှုလောက်တော့ ဖြစ်တယ်။ နောက် အထည်ကို ခိုးတာတွေ၊
အထည်ကို ရွေးသလိုလိုနဲ့ ခြင်းထဲ ထည့်သွားတာတွေ အများကြီး ကြုံတွေ့ရတယ်။
ဒီဘက်မှာ တော့ အများကြီးရှိတယ်ပေါ့။“
မြန်မာအလုပ်သမားများသည် စီးပွားရေးကြပ်တည်းမှုကြောင့် ယခုရက်ပိုင်းများတွင်
ရွှေဆွဲကြိုး ဖြတ်လုယက်မှုများ ပိုမိုဖြစ်ပွားလျှက်ရှိသည်။
ယခင်နှစ်များထက်
ယခုနှစ်တွင် မဲဆောက်မြို့လယ်တွင် ခိုးယူလုယက်မှု ဖြစ်ပွားပြီး ညပိုင်းတွင်
ပိုမိုဖြစ်ပွား သည်ဟု ဆိုသည်။
“အခုနှစ်က နည်းနည်းပိုးဆိုးလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးက ကြပ်တည်းမှု
ရှိတော့ ရှမ်း(ထိုင်း)လို့လည်း သတ်မှတ်လို့ရတယ်၊ မြန်မာပြည်သားလို့လည်း သတ်မှတ်
လို့ရတယ်၊ လစ်ရင် လစ် သလိုလုပ်နေကြတယ်။ ညဘက်ခြမ်းကလည်း လုယက်တာတွေ ရှိတယ်လေ။
ညကိုးနာရီ နောက်ပိုင်း ဆိုလို့ရှိရင် သူတို့ကပုလိပ်လိုယောင်ဆောင်ပြီးတော့မှ
လက်မှတ်ရှိ လား ဘာညာဆိုပြီးတော့ ပိုက်ဆံပါ လုပြေးတယ်လေ။“
ယခင်က
ထိုင်းလမ်းသရဲအဖွဲ့များက လုယက်မှုများ ပြုလုပ်သော်လည်း ယခု
မြန်မာအလုပ်သမားများပါ လုပ်ကြ သည်ဟု မြန်မာပြည်သူများအရေး ပူးတွဲလုပ်ရှားမှု
ကော်မတီ တာဝန်ခံ ဦးမိုးကြိုးက ယခုလိုပြောသည်။
“မြို့လယ်ခေါင်မှာ လူတွေရှိနေပါလျှက်နဲ့ လုကြယက်ကြတာလေ။ လူတွေက စားဝတ်နေရေး
ကြပ် တည်းလာတော့ ကြံမိကြံရာကြံတာပေါ့လေ။ လုပ်စရာ အလုပ်လည်း မရှိဘူး။ စားစရာ
လည်း မရှိဘူး လေ။ အရင်တုန်းက ထိုင်းတွေလုပ်တာလေ။ တောင်ပေါ်သား
လက်မှတ်ရှိတဲ့ထိုင်း တွေလုပ်တာများ တယ်။ အခုက မြန်မာပြည်သားအချင်းချင်း
လုယက်လာကြတယ်လေ။“
ထိုင်းနိုင်ငံ
စီးပွားကြပ်တည်းမှုကြောင့် အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်သူ ပိုများလာသည်ဟု
ဦးမိုးကြိုးက ဆက်ပြောသည်။
“အလုပ်က စ ပါးပြီး အလုပ်ကမရှိတော့ အကုန်လုံးဈေးသည်ဘ၀ ဖြစ်ကုန်ကြပြီ။
ဈေးသည်ဖြစ်ရင် ဖြစ် မဖြစ်ရင် အလောင်းကစားသမားဖြစ်တယ်။ ၂ လုံး၊ ၃ လုံး၊
ဘောလုံးပေါ့။ ရောင်းတဲ့ သူတွေကလဲ များတော့ အလုယက်ပေါ့။ အဲဒါတွေမှ မဖြစ်ရင်
ခိုးကြလုယက်ကြပေါ့“
လုယက်မှုဖြစ်ပွားသော်လည်း ထိုင်းအာဏာပိုင်များသည် ထိထိရောက်ရောက် အရေးမယူကြဟု
အလုပ်သမား များက ပြောသည်။
ယမန်နှစ်က
ကမ္ဘာ့စီးပွားရေးကျဆင်းမှုကြောင့် မဲဆောက်တွင် အလုပ်လက်မဲ့ ဦးရေ ၅၀၀၀
ကျော်ရှိပြီး ယခုနှစ် သြဂုတ်လအထိ အလုပ်လက်မဲ့သူ ဦးရေ တစ်သောင်းခန့် ရှိသည်ဟု
မြန်မာပြည်သူများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီက စစ်တမ်းကောက်ယူထားသည်။
မြန်မာနိုင်ငံသားများ
အများစု အလုပ်လုပ်နေကြသည့် မဲဆောက်မြို့တွင် အလုပ်သမား လုပ်အားခ တယောက် လျှင်
ဘတ် (၆၀)မှ ၁၀၀ ခန့်သာ ရရှိသည်။
|