|
တိုင်းရင်းသားပေါင်းစုံ စုပေါင်း၍ မလေးရှားတွင် ဆန္ဒပြ
ခွန်အောင်မြတ်။
အောက်တိုဘာလ ၂ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာပြည်အတွင်း
ဆန္ဒပြ သံဃာတော်နှင့် ပြည်သူလူထုအပေါ် စစ်အစိုးရ သတ်ဖြတ်ဖမ်းဆီး နေမှုများကို ချက်
ချင်းရပ်တန့်ပေးရန်၊ ဒီမိုကရေစီ အမြန်ဆုံးဖော်ဆောင်ပေးရန် မလေးရှား ရောက်
တိုင်းရင်းသားပေါင်းစုံ စုပေါင်း၍ မြန်မာ၊ တရုတ်၊ ရုရှ နိုင်ငံများ၏
သံရုံးများရှေ့တွင် ယနေ့ ထပ်မံတောင်းဆို ဆန္ဒပြကြသည်။
တိုင်းရင်းသားပေါင်းစုံ စုပေါင်း၍ ပထမဆုံးအကြိမ် ဆန္ဒပြကြခြင်းဖြစ်ပြီး
ဆန္ဒပြရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက် ၍ ရှမ်းတိုင်းရင်းသား စိုင်းဆိုင်က ယခုလို
ပြောသည်။
“ကျနော်တို့
အရင်တုန်းက တိုင်းရင်းသားနဲ့ ပေါင်းတာ မရှိခဲ့ပါဘူး။ မလေးရှားမှာ ဒီတနေ့ ဒီတရက်
ကျတော့ ပထမဆုံးပါပဲ။ ကျနော်တို့ ပြနေတာ ကျနော်တို့ ဘာဦးတည်ချက်နဲ့
လုပ်နေတာလဲဆိုတာ အခု ကျနော်တို့ မြန်မာပြည်မှာ တိုင်းရင်းသားတွေ အားလုံး
ကိုယ့်ပြည်ထဲ မှာတောင် လှုပ်ရှားနေ တယ်ဆိုတော့ ကျနော်တို့ ပြည်ပမှာရှိနေတဲ့
လူတွေကလည်း လှုပ်ရှားသင့်တယ်ဆိုပြီးတော့မှ ကျနော် တို့ တိုင်းရင်းသားတွေ
အားလုံးညှိနှိုင်းပြီးတော့မှ ကျနော်တို့သွားပြခဲ့တယ်။ ဒီနေ့ ကျနော်တို့ မြန်မာ
သံရုံးနဲ့ ရုရှ သံရုံး၊ တရုတ်သံရုံးကို သွားပြခဲ့တယ်။”
ယနေ့ ဆန္ဒပြပွဲတွင်
လက်ရှိဖြစ်ပျက်နေသည့် မြန်မာနိုင်ငံ၏အနေအခြေကို လုံခြုံရေး ကောင်စီမှ ၀င်ရောက်
ညှိ နှိုင်းပေးရန် ဆိုင်းဘုတ်ကြီးကို ကိုင်ဆောင်၍ ကြွေးကြော်ခဲ့ပုံကို
ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် ရခိုင်အမျိုးသား ခိုင်ဘခင် က ယခုလိုပြောသည်။
“နံပါတ်တစ်အချက်အနေနဲ့
မိစ္ဆာဒိဌိ လူသတ်အစိုးရ အလိုမရှိ ဆိုပြီးတော့ ကျနော်တို့ ကြွေးကြော် ပါတယ်။
နံပါတ်နှစ် အချက်အနေနဲ့ ဖမ်းဆီးသတ်ဖြတ်မှု ချက်ချင်းရပ်ဆိုပြီးတော့ ကြွေးကြော်ပါ
တယ်ခင်ဗျား။ နံပါတ်သုံး အချက်အနေနဲ့ အထွေထွေပြည်ထောင်စု ပေါ်ပေါက်ရေး
တို့အရေးဆိုပြီး တော့ ကြွေးကြော်တယ်။ ဒီမိုကရေစီ ချက်ချင်းပေး၊ ဒီမိုကရေစီ
ချက်ချင်းပေး ဆိုပြီးတော့ ကျနော်တို့ ကြွေးကြော်တယ်။”
ကချင်၊ ကရင်၊ ချင်း၊
မွန်၊ ကယား(ကရင်နီ)၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားပေါင်းစုံတို့က
မိမိတို့၏ ရိုးရာ ၀တ်စုံများကို ၀တ်ဆင်ကြကာ လူအင်အား ၄၀၀၀ ခန့် စုပေါင်း၍
ဆန္ဒပြကြရာ မလေးရှားနိုင်ငံရှိ အဲန်ဂျီအို အဖွဲ့ အစည်းများလည်း
ပူးပေါင်းပါဝင်ကြသည်။
စိုင်းဆိုင်က
လက်ဆက်လက် “ကျနော်တို့ အဓိက တောင်းဆိုတာ ကျနော်တို့ တိုင်းရင်းသား အလံတွေ
ကျတော့ ကိုယ်စီအလံကိုင်တယ်။ နောက်ပြီးတော့ ဆိုင်းဘုတ်ကြီးကြီးကျတော့
ကုလသမဂ္ဂ၀င်ပြီး တော့မှ လုံခြုံရေး ကောင်စီ ၀င်ပြီးတော့ မှ
ကျနော်တို့မြန်မာနိုင်ငံကို ညှိပါအုံးဆိုပြီးတော့မှ အဲလိုမျိုး အဓိကအချက်
ထားပြီးတော့မှ ကျနော်တို့ တိုင်းရင်းသား ကိုယ်စီရဲ့ ဒုက္ခ၊ ကိုယ်စီရဲ့
ပြောချင်တဲ့ ဟာတွေကို ကျနော်တို့ ဆိုင်းဘုတ်သေးသေးလေးနဲ့ အဲလိုမျိုး
ကိုယ့်ဟာကိုယ် ကိုင်ဆောင်တာ ရှိပါ တယ်ခင်ဗျား။ ” ဟု ပြောသည်။
မြန်မာစစ်အစိုးရဘက်မှ
နိုင်ငံရေး အပြောင်းအလဲ မပြုလုပ်မချင်း ဆက်လက်၍ ဆန္ဒပြကြမည်ဟု တိုင်းရင်းသား
လူမျိုးပေါင်းစုံ အဖွဲ့က ပြောသည်။
ငြိမ်းချမ်းစွာ
ဆန္ဒပြနေကြသည့် သံဃာတော်နှင့် ပြည်သူလူထုများအား စစ်အစိုးရက အကြမ်းဖက်နည်းဖြင့်
သတ် ဖြတ် ဖမ်းဆီးနေခြင်းအပေါ် ချက်ချင်းရပ်တန့်ပေးရန် နိုင်ငံတကာက
ကန့်ကွက်ရှုံချပြီး နိုင်ငံတကာရောက် မြန်မာ နိုင်ငံသားများလည်း ရောက်ရှိရာ
နိုင်ငံ အသီးသီးတွင် ဆက်လက် ကန့်ကွက်ဆန္ဒပြနေဆဲဖြစ်သည်။
|