|
တရုတ်က အခွန်တိုးမြင့် ကောက်ခံ၍
နယ်စပ်ကုန်သွယ်ရေးကျဆင်း
သတင်းနှင့် မီဒီယာ ကွန်ယက်။
နိုဝင်ဘာလ ၂ ရက် ၊၂၀၀၇ ခုနှစ်။
တရုတ်ပြည်မှ နယ်စပ်ကုန်သွယ်ရေး အကောက်အခွန်များကို
တိုးမြှင့်ကောက်ခံလိုက်သဖြင့် မြန်မာပြည်မှ ကုန် ပစ္စည်းတင်ပို့မှုကျဆင်းကာ
တရုတ်ပြည်မှ သွင်းကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်သွားသည်။
“အားကိုးသော တရုတ်ကြီးက ကျမတို့ကို သတ်နေတာ၊ ကုန်ဈေးနူန်း တက်ရခြင်း
အကြောင်းရင်း။ အဆင်းကုန် တက်ရခြင်း။ အတက်ကုန်
volume
ကျရခြင်းအကြောင်းရင်း။ အဲဒါ တရုတ်ကြောင့်မို့။ တ ရုတ်အခွန်တက်လို့၊ ”
ဟု
နယ်စပ်ကုန်သည် တဦးက ပြောသည်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းပေါ်တွင်ရှိသည့် မူဆယ်မြို့
တဖက်ကမ်း။ ကျယ်ဂေါင် မြို့ နှင့်ရွှေလီမြို့အကြား
စစ်ဆေးရေးနှင့်အကောက်ခွန်ဂိတ်များတွင် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်၍
တိုးမြင့်ကောက်ခံခဲ့ခြင်းဖြစ်သည်။
“
အောက်တိုဘာ(၁)ရက်နေ့ကစပြီးတော့ အခွန်ကို နှမ်းဆိုရင် ဒဿမ သုံးယွမ် တကီလို
သုံးဂျော့ ဆိုရင် တအိတ်ကို ငါးဆယ်ကေဂျီ(ကီလို)ပါတယ်၊ (၁၅)ယွမ်ကျမယ်၊ အခုဆို ဒဿမ
ကိုး ။ တကီလို ကိုးဂျော့ဆိုတော့ (၄၅)ယွမ်။ ပဲတီစိမ်းမှာဆို ကိုးဆလောက် တက်တယ်၊”
ဟု အဆိုပါ
ကုန်သည်က ပြောသည်။
ယင်းဂိတ်များတွင် အခွန်တိုးမြင့်ကောက်ခံလိုက်၍ ကုန်သည်များသည်
အခွန်ကောက်ခံမှုကို ချွှင်းချက်အနေဖြင့် ထားရှိသည့် ကိုးကန့်ဒေသ။
ချင်းရွှေဟော်ဘက်သို့ ပြောင်းရွှေ့နေရသည် ဟု ၄င်းက ဆက်လက်ပြောသည်။
“ကျမတို့ဘက်ကိုကျတော့ တရုတ်ထောက်လှမ်းရေး။ တရုတ်ကာစတန်နဲ့ ညှိတဲ့ခါကျတော့
ချင်းရွှေ ဟော်မှာပေါ့။ သူတို့ပြောတာက ဒီဒေသကိုတော့ မတက်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ ဘိန်းအစားထိုး စိုက်တဲ့အတွက်ကြောင့်မို့။ ဟိုမှာ
တရားဝင်သွင်းလို့ရတယ်၊ ကျမတို့ဘက်မှာ ကျတော့ ငါးယွမ်ဘဲရှိ တယ်၊ တအိတ်မှ
ငါးယွမ်ဘဲ ရှိတယ်၊ သီးနှံခွန်ပဲ ပေးရတာ၊ အဲဒီကျတော့ ကုန်သည်တွေ ဟိုဘက်ကို
သွားတယ်။ ”
ချင်းရွှေဟော်တွင် အခွန်တိုးမြင့်ကောက်ခြင်း မရှိသော်လည်း တရုတ်ပြည်ဘက်သို့
ကုန်သွင်းရာတွင် ကုန်ကား ကြီးများဖြင့် သွင်းခွင့်မရဘဲ ယာဉ်အသေး။
ထော်လာဂျီတို့ဖြင့်သာ တင်သွင်းခွင့်ပြှု ကုန်ပစ္စည်း တင်ပို့ရာတွင်
အခက်အခဲများရှိနေသည်။
ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းကို ၂၀၀၅ ခုနှစ်တွင် စတင်ဖွင့်ခဲ့ပြီး
မူဆယ်-မနွ္တှလေး ကားလမ်းပေါ်ရှိ သိန္ဓီမှ ကွမ်းလုံမြို့ကိုဖြတ်ကာ သွားရ၍
လမ်းခရီးမသင့်သောကြောင့် ကုန်သွယ်မှုအနည်းငယ်သာ ရှိသည်။
တရုတ်-မြန်မာနယ်စပ် တရားဝင်ကုန်သွယ်ရေးတွင် မြန်မာဘက်မှ လယ်ယာထွက်ပစ္စည်း။
ရေထွက် ပစ္စည်းများ ကို အဓိကတင်ပို့နေပြီး တရုတ်ဘက်မှ ဓာတ်မြေသြဇာ။ ဖယောင်း။
အိမ်ဆောက်ပစ္စည်း။ စက်ပစ္စည်း။ ကားတာ ယာ။ လျပ်စစ်ပစ္စည်း။ အ၀တ်အထည်နှင့်
လူသုံးကုန်ပစ္စည်းများ တင်သွင်းနေရာ နှစ်စဉ် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း
တစ်ထောင်ကျော်ရှိသည်။
|