|
မော်လမြိုင် ဈေးကြီးမီးလောင်၊ ကျပ်သိန်းထောင်ချီ ဆုံးရှုံး
ခွန်အောင်မြတ်။
ဒီဇင်ဘာလ ၂ ရက်၊ ၂၀၀၈ ခုနှစ်။
မွန်ပြည်နယ်မြို့တော်
မော်လမြိုင်မြို့၏ နာမည်ကြီး ဈေးဖြစ်သည့် သံလွင်ဈေး ယမန်နေ့ည၌
မီးလောင်ကျွမ်းမှု ကြောင့် ဈေးကြီးတခုလုံး ပြာကျသွားပြီး ကျပ်သိန်းပေါင်း
ထောင်နှင့်ချီ ဆုံးရှုံးသည်ဟု ဒေသခံများက ပြောသည်။
မော်လမြိုင်ကမ်းနားလမ်းရှိ အမှတ်(၁) အောက်ဈေး (ခေါ်) သံလွင်ဈေးကြီးအား
ဒီဇင်ဘာ(၁)ရက်နေ့ ညနေပိုင်း (၅) နာရီခွဲကျော်အချိန်တွင် မီးစတင်
လောင်ကျွမ်းခြင်း ဖြစ်သည်ဟု ဈေးဆိုင်ခန်း ပိုင်ရှင်တဦးက ပြောသည်။
“ညက
(၆) နာရီမထိုးခင်ပေါ့နော်။ လောင်တာက အောက်ဈေးပေါ့ အောက်ဈေးက အကုန်လုံး ကုန်
သွားတာပေါ့။ ပြာကိုဖြစ်သွားတာ ဘာမှကို မရှိတော့ဘူး။ ဖက်တန်းလို့ခေါ်တာပေါ့ဗျာ။
မော်လမြိုင်မှာ နာမည်အကြီးဆုံးပဲ အောက်ဈေးက။ ဆိုင်တဆိုင်မှာ အဲဒါ
ဈေးပိတ်တဲ့အချိန်မှာ ပစ္စည်းထုပ်ပေးရင်းနဲ့ ဖယောင်းတိုင်မီးကနေ စလောင်တယ်လို့
ပြောတာပဲ။ အဲဒီနားမှာ ဆီပုံး တွေ ရှိနေတော့။ တချို့ကျ တော့လည်း လက်ဖက်ရည်ဆိုင်က
မီးအကျန်လို့လည်း ပြောကြတာ ပဲ ခင်ဗျာ။ အတိအကျတော့ မသိ သေးဘူး။ အခုချိန်တော့
မီးအကျွင်းအကျန်တွေ ငြိမ်းသတ်နေ တုန်းပဲ ကျနော် အဲဒီအနားမှာပဲ ရှိနေ တယ်။”
သံလွင်ဈေးအနီးတွင်
ရပ်ကွက်နေအိမ်များရှိသော်လည်း အခြားမြို့နယ်မှ မီးသတ်ကားများနှင့်
ရပ်ကွက်သားများ၊ ရဟန်းသံဃာတော်များ အချိန်မီိ ကူညီပေးမှုကြောင့်
ကူးစက်လောင်ကျွမ်းမှု မရှိဟု မီးသတ်အဖွဲ့နှင့် နီးစပ်သူ တဦးက ပြောသည်။
“ငြိမ်းသတ်ကြတယ်။ ရွာကလည်း လာကြတယ်။ နယ်ဘက်ကလေ။ အများကြီးပဲ။ နယ်က မီးသတ်
ကားတွေ လာလို့ပဲ တော်သေးတာပေါ့။ မီးလျှံတာတို့ ဘာတို့ ကြိုတင်ပြီးတော့
ကာကွယ်နိုင် တာ ပေါ့လေ။ သူတို့မလာဘူးဆိုလို့ရှိရင် ဒီမြို့အနေအထားလောက်ဆိုရင်
မနိုင်ဘူး။ မော်လမြိုင်ဆို တော် တော်လေး ဟိုဥစ္စာဖြစ်ကုန်မယ်။ ဆိုးပြီးတော့လေ။
နယ်က မီးသတ်ကားတွေ လာတယ်။ ကော့ကရိတ်၊ ကော့ပေါက်တို့၊ ကမာဝက်၊ ကျိုက်မရောတို့
အစုံ ပေါ့လေ အကုန်လုံးလာကြတယ်။ တော်တော်လေး အဆင်ပြေသွားတယ်။ တကယ်လို့ မလာ ဘူး
ဆိုရင်တော့ တော်တော်လေး အန္တရာယ်ရှိမယ်ဗျ။ မော်လမြိုင်မြို့ထဲမှာ။”
ယင်းဈေးကြီးသည်
ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ပစ္စည်းများကို အဓိက ရောင်းချသည့် အထည်ဆိုင်၊
စား သောက်ဆိုင်၊ အိမ်သုံးပစ္စည်းဆိုင်၊ အိမ်ဆောက်ပစ္စည်းကိရိယာဆိုင်၊
အလှကုန်စုံဆိုင်နှင့် ငါးခြောက် ပွဲရုံများ ဖွင့် လှစ်ထားသည်။
ညနေ ငါးနာရီခွဲကျော်မှ
၁၀ နာရီအတွင်း မီးလောင်ကျွမ်းမှုကြောင့် ကျပ်သိန်းထောင်နှင့်ချီ၍ ဆုံးရှုံးသည်ဟု
မော်လမြိုင်မြို့ခံများက ပြောသည်။
“ကျနော့်ဆိုင်
တဆိုင်ထဲဆိုရင် သိန်းထောင်ချီပြီးရှိတာကိုး အထဲမှာ။ တန်ဖိုးကတော့ ထောင်ပေါင်း
မြောက်များစွာပဲ။ အများကြီးပါပဲ ပစ္စည်းတွေက များတယ်လေ။ ဖောက်သည် ဆိုင်တွေ
မိန်းဆိုင်ကြီး ဖြစ်နေတယ်ဆိုတော့။”
ယနေ့နံနက်တွင်
မီးလောင်ပြာကျသွားသည့် ဈေးကြီးကို ဒေသခံ အာဏာပိုင်များက လာရောက် ကြည့်ရှုစစ်
ဆေးပြီး ကြံ့ခိုင်ရေးအသင်း၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများ၊ ရဟန်းသံဃာတော်များက
မီးကျွင်းမီးကျန်များ၊ ပစ္စည်းများကို ရှင်းလင်းဖယ်ရှားပေးကြသည်ဟု မြို့ခံများက
ပြောသည်။
|