|
ဒုက္ခသည်များကို ပုံမှန်တိုင်းထောက်ပံ့ရန် အလှူရှင်များကို တောင်းဆို
ခွန်အောင်မြတ်။
ဇွန်လ ၃ ရက်၊ ၂၀၀၈ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းကို
ထောက်ပံ့ပေးနေသည့် ရိက္ခာများ ဆန်ဈေးနှုန်း မြင့်မားမှုကြောင့် ထက်
ဝက်လျှော့ချမည်ဖြစ်သဖြင့် အလှူငွေများ ထပ်တိုးပေးရန် ဒုက္ခသည် စခန်းရှိ
လူမှုရေးအသင်းအဖွဲ့အစည်း ၁၁ ဖွဲ့  က အလှူရှင် အဖွဲ့အစည်းနှင့် နိုင်ငံများကို
အသနားခံစာပေးပို့ခဲ့သည်။
ပြည်တွင်းစစ်ကြောင့် ထိုင်းနယ်စပ်တွင်
ဒုက္ခသည်အဖြင့် ခိုလှုံနေကြသူများသည် နိုင်ငံတကာအလှူရှင်များ၏ ထောက်ပံ့ပေးသည့်
ရိက္ခာများဖြင့်သာ မှီတင်းနေထိုင်ကြရ သဖြင့် အလှူရှင်များ ရိက္ခာလျော့ချပါက
ရေရှည်တွင် အခက်အခဲအမျိုးမျိုး ကြုံတွေ့လာနိုင် သည်ဟု ကရင်နီလူငယ်အဖွဲ့အစည်း၏
ပြောရေးဆိုခွင့်ရှိသူ ကိုအောင်ငဲက ပြောသည်။
“အဓိကကတော့ ထောက်ပံ့နေတဲ့အရာကို
ဆက်ထောက်ပံ့ပေးဖို့၊ နောက်ပြီးမှ ဒေါ်လာငွေ အရမ်းကျ တယ်လေ။ အရမ်းကျတော့
ဒီအပေါ်မှာလည်း တစိတ်တပိုင်း ထိခိုက်တာရှိတယ်။ ရိက္ခာထောက်ပံ့ မှုအ ပေါ်မှာ။
တကယ်လို့ Donor (အလှူရှင်)က ဆက်လက်ပြီး မထောက်ပံ့ဘူး၊ နောက်ပြီးတော့ ဒေါ်လာ ငွေ
တန်ဖိုးကျသွားတဲ့အပေါ်မှာ ထောက်ပံ့မှု ထပ်မဖြည့်ဆီးပေးဘူးဆိုရင် ကျနော်တို့
ဒုက္ခသည် အနေ နဲ့ အများကြီး ဒုက္ခရောက်နိုင်တယ်လေ။ ”
အလှူရှင်များထံ အသနားခံစာကို
ဒုက္ခသည်စခန်းအတွင်းရှိ လူမှုရေးအသင်းအဖွဲ့များဖြစ် သည့် ကရင်လူငယ် အစည်းအရုံး၊
ကရင်အမျိုးသမီးအစည်းအရုံး၊ ကရင်လူငယ်ကွန်ယက်၊ ကရင်နီအမျိုးသမီး အစည်းအရုံး၊
ကရင်နီ လူငယ်အဖွဲ့၊ ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားမှု ကွန်ယက်၊ ရှမ်းလူငယ်များ
စသည့် အဖွဲ့ (၁၁)ဖွဲ့က ပူးပေါင်း ပေး ပို့ခဲ့သည်။
ဒုက္ခသည်များသည် အလှူရှင်များ ထောက်ပံ့ပေးသည့်
ဆန်၊ ဆီ၊ ဆေး၊ ဆား၊ ငရုပ် စသည့် အခြေခံ ရိက္ခာများမှ အစ မှီတင်းနေထိုင်ကြရပြီး
ဒုက္ခသည်စခန်းပြင်ပသို့ ထွက်ပြီး အလုပ်လုပ်ခွင့် မရှိကြောင်း ကိုအောင်ငဲက
ပြောသည်။
“အခု ဒုက္ခသည်စခန်းမှာပဲ
အောင့်အီးပြီးနေရတဲ့လူတွေ ဖြစ်တဲ့အတွက်ကြောင့် အကယ်၍ ရိက္ခာလုံ လောက်မှု
မရှိဘူးဆိုလို့ရှိရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ အများကြီး ဖြစ်ပွားနိုင်
တာပေါ့။ အဲဒီဆိုး ကျိုးတွေထဲမှာက ဥပမာ လူတွေက အခုတောင် လုံလောက်ရုံလေးပဲ
ထောက်ပံ့ထားတာတောင် လူ တွေက တချို့ဆို ခိုးပြီးမှ အပြင်ထွက်လုပ်စားနေရတာဖြစ်လေ၊
အဲဒါတွေက ထိုင်းဥပဒေကို ချိုးဖောက် ရာလည်းရောက်နေတယ်။ အကယ်၍ ရိက္ခာတွေသာ
ထပ်လျော့ချမယ်ဆိုရင် ကျနော်တို့ မိသားစုတိုင်း မှာ လုံလောက်မှု ရှိတော့မှာ
မဟုတ်ဘူး။”
အလှူရှင်များက ရိက္ခာလျော့ချမှုများ
ပြုလုပ်မည်ဆိုပါက ဒုက္ခသည်များသည် ထိုင်းနိုင်ငံ တွင် တရားမ၀င်အလုပ်
သမားများဖြစ်လာနိုင်ပြီး တရားမ၀င် အလုပ်လုပ်ရသည့် အတွက် ၄င်းတို့အပေါ်
လူ့အခွင့်အရေးချိုးဖောက်မှု၊ ခေါင်းပုံဖြတ် အမြတ်ထုတ်မှုများ ပေါ်ပေါက်
လာနိုင်သည်ဟု အလှူရှင်များထံ ပေးပို့သည့် အသနားခံစာထဲတွင် ဖော်ပြထားသည်။
“ထောက်ပံ့ပေးနေတဲ့ နိုင်ငံကိုပန်ကြားချင်တာကတော့
ထောက်ပံ့မှုတွေကို ဆက်လက်ပံ့ပိုးပေးဖို့၊ ဒုက္ခ သည်ရဲ့အရေးဟာ ပြည်တွင်းစစ်
မပြေလည်သရွေ့၊ တိုင်းရင်းသားရေး မပြေ လည် သရွေ့က ဘယ် လိုမှ နေရပ်ရင်း
ပြန်နိုင်မှာ မဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ နေရပ်ရင်း ပြန်နိုင်ဖို့ကလည်း
တဘက်တ လမ်း စစ်အစိုးရကို ဖိအားပေးကူဖို့၊ နောက်ပြီးမှ ဒုက္ခသည်တွေကို
ပြည်တွင်းစစ် မြန်မာပြည်နိုင်ငံရေး ပြေလည်တဲ့အထိ ထောက်ပံ့ပေးသွားဖို့ ပေါ့နော်
ကျနော်တို့ ကရင်နီမှာရှိတဲ့ လူမှုလူ့အသင်းအဖွဲ့ ကိုယ်စားပေါ့နော် တောင်းဆို
ချင်တယ်။”
ထိုင်းနယ်စပ်တကြောရှိ ဒုက္ခသည်စခန်း (၉)ခုတွင်
ကရင်၊ ကရင်နီ၊ ရှမ်း၊ မွန် အစရှိသည့် ဒုက္ခသည် ဦးရေ(၁၄၀၀၀၀)ကျော်သည်
ပြည်တွင်းစစ်ကြောင့် အိုးအိမ်စွန့်ခွါ၍ ဘ၀လှုံခြုံမှု အတွက်
ထိုင်းနိုင်ငံအတွင်းသို့ ၀င် ရောက်ခိုလှုံရခြင်းဖြစ်သည်။
|