|
မုံရွာမြို့
ချင်းတွင်းရတနာဈေး မီးလောင်
သတင်းနှင့်မီဒီယာ ကွန်ယက်။ ဇော်ကြီး။
ဇွန်လ ၃ ရက်၊ ၂၀၁၀ ခုနှစ်။
မြန်မာပြည်အလယ်ပိုင်း
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ ချင်းတွင်းရတနာဈေးတွင် ယနေ့နံနက်က
မီးလောင်မှုဖြစ်ပွားခဲ့ သည်။
ယနေ့နံနက် ၃ နာရီခွဲ
အချိန်ခန့်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်ရသည့် အကြောင်းရင်းကို
စုံစမ်းနေ ဆဲဖြစ်သည်ဟု မြို့ခံတစ်ဦးက ယခုလိုပြောသည်။
“လောလောဆယ် မီးလောင်ရတဲ့
အကြောင်းရင်းနဲ့ တန်းဖိုးကိုတော့ စုံစမ်းစစ်ဆေးဆဲပဲ ရှိပါသေး တယ်ဗျ။
လောလောဆယ်သိရတာမှာကတော့ ဆိုင်ခန်းအရေအတွက် ၄၀၆ ခန်း ပါသွားတယ်။ ၀၃း၃၀
မှာစလောင်တယ်။ ၁၀း၃၀ မှာ ငြိမ်းသွားတယ်။”
မီးလောင်နေစဉ် မီးသတ်ကားနှင့်
ရေသယ်ယာဉ် စုစုပေါင်း ၃၉ စီးမှ လာရောက်ငြိမ်းသတ် ပေးခဲ့ပြီး သေဆုံးသူ
မရှိသော်လည်း ထိခိုက်ဒဏ်ရာရရှိသူ အချို့ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
မီးလောင်မှုဖြစ်စဉ်ကို
သေချာစွာမသိရှိသေးကြောင်းနှင့် ဆုံးရှုံးမှုတန်ဖိုး မည်မျှရှိသည်ကို စုံစမ်း
နေဆဲဟု စစ်ကိုင်း တိုင်းမီးသတ် တာဝန်ရှိသူတစ်ဦးက ပြောသည်။
“စစ်ကိုင်းတိုင်းမီးသတ်ကပါ။ အကြောင်းရင်းတွေကတော့ စုံစမ်းနေတုန်းပါပဲရှင့်။
ဘာကြောင့် လောင် ကျွမ်းလဲ မသိရသေးဘူးရှင့်။ ဆုံးရှုံးမှုတန်ဖိုးတွေက အခုမှ
စုံစမ်းနေတုန်းပဲရှင့်။ လူအသေအပျောက် ဒဏ်ရာရတာ မကြားပါဘူး။”
ယင်းမီးလောင်မှုအား
ဆာလင်းကြီး၊ ပုလဲ၊ အလုံ၊ ရေဦး၊ မြင်းမူ၊ ချောင်းဦး၊ ရွှေဘို၊ စစ်ကိုင်းစသည့်
မြို့များမှ မီး သတ်ကားများ လာရောက်ငြိမ်းသတ်ပေးခဲ့ရသည်။
ပြီးခဲ့သည့် မေလ ၂၄
ရက်နေ့ကလည်း ရန်ကုန် မင်္ဂလာဈေးကြီးမီးလောင်မှုကြောင့် ဆိုင်ခန်း ၇၉၇ ခန်းနှင့် အ
ပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင် ၄၈ ဆိုင် မီးလောင်ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး
ကျပ်သိန်းပေါင်း (၂၀၉၂၆၃) သိန်း ဆုံးရှုံးခဲ့သည်ဟု မြန်မာစစ်အစိုးရသတင်းစာ၌
ဖော်ပြသည်။
|