|
တရားဝင်ရွှေ့ပြောင်းအလုပ်သမားများအတွက်
အာမခံကုမ္ပဏီတည်ထောင်
ခွင့်ပေးမည်
သတင်းနှင့်မီဒီယာ
ကွန်ယက်။ ဇော်ကြီး။
ဇွန်လ ၃ ရက်၊ ၂၀၁၀ ခုနှစ်။
ထိုင်းနိုင်ငံအတွင်းရှိ
မြန်မာအပါအ၀င် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများအား
အသက်အာမခံကြေးရရှိနိုင်
ရန် ထိုင်းအစိုးရက
အာမခံကုမ္ပဏီတစ်ခု တည်ထောင်ခွင့်ပေးမည်။
ကုမ္ပဏီသို့ ငွေပေးရာတွင်
အလုပ်သမားများထံမှ ပေးသွင်းရန်မလိုဘဲ အလုပ်ရှင် တစ်ဦးတည်းကသာ အလုပ်
သမားလစာ၏ ၁
ရာခိုင်နှုန်းကိုပေးသွင်းရမည်ဟု မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရအဖွဲ့၏
အလုပ်သမားရေးရာ
တာ
ဝန်ခံ
ကိုသက်ခိုင်က ပြောသည်။
“ဥပမာဆိုလိုတဲ့သဘောက
ငါးထောင်ဝင်ငွေရှိတဲ့သူက တစ်ရာခိုင်နှုန်းဆိုလို့ရှိရင် တစ်လ ငါးဆယ်ပေါ့
ဗျာ။ အဲဒီကျတော့
တနှစ်ဆိုတော့ ၆၀၀ ပေါ့ဗျာ။ အာမခံကြေး တစ်နှစ်စာ သွင်းရမယ်။”
နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးကော်မတီမှ
ယမန်နေ့ကပြုလုပ်သည့်အစည်းအဝေးတွင် ထိုင်း
အလုပ်သမားရေးဝန်ကြီးဌာနက ဆုံးဖြတ်ချက်ချမှတ်ပေးခဲ့ခြင်း ဖြစ်သည်။
ယင်းလုပ်ငန်းလုပ်ကိုင်ရန်
မည်သည့်ကုမ္ပဏီအားလုပ်ကိုင်ခွင့်ပေးမည်ဆိုသည့်အချက်ကို လာမည့်အပတ်အစည်း
အဝေးရောက်မှသာ
ဆွေးနွေးသွားမည်ဖြစ်သည်။
ယင်းအစီအစဉ်သည်
ထိုင်းအလုပ်သမားများ ရရှိနေသော လူမှုဖူလှုံရေးရံပုံငွေနှင့်
သက်ဆိုင်ခြင်းမရှိဘဲ ပုဂ္ဂလိက
အသက်အာမခံကုမ္ပဏီတွေက
ကြားခံလုပ်ပေးသွားမည် ဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများအား
ကုမ္ပဏီမှအသက်အာမခံကြေး အမှန်တကယ်ပေးပါက ကောင်းသည့်လက္ခဏာ
ဖြစ် ၍
ကြိုဆိုကြောင်း ဘန်ကောက်ရှိ မြန်မာအလုပ်သမားတစ်ဦးက ၎င်း၏အမြင်ကို ယခုလိုပြောသည်။
“အစတုန်းက
ကျနော်တို့နေလာတာက အလုပ်သမားလက်မှတ်နဲ့နေတယ်။ ဘာမှအခွင့်အရေးမှ မရှိဘူး
လေ။
ဘာမှလည်းတောင်းဆိုခွင့်မရှိဘူး။ အခုကျနော်တို့က ပတ်စပို့စ် ရထားတော့
ခံစားခွင့်အပြည့်
အ၀ရလာတယ်။ နောက်ပြီးတော့
တောင်းဆိုခွင့်အပြည့်အ၀ ရလာတယ်ပေါ့။ အမှန်တကယ် ထုတ်ပေး
မယ်ဆိုရင်တော့ကောင်းပါတယ်ဗျ။
ကိုယ့်ဗမာ ပြည်သားတွေအတွက် အထောက်အကူ
တစ်ခုဖြစ်တာ
ပေါ့နော။”
ယခင်က
မြန်မာနိုင်ငံသားများတော်ရုံနှင့်မရနိုင်သည့် အခွင့်အရေးမျိုးရလာနိုင်သည့်အတွက်
ယင်းကိစ္စအပေါ် ကြို
ဆိုသော်လည်း ကုမ္ပဏီအား
လုပ်ပိုင်ခွင့်ပေးထားသည့်အပေါ် ယင်းကုမ္ပဏီအနေနှင့် လူ့အခွင့်အရေးအပေါ်
အ
ခြေခံပြီး
စဉ်းစားမှုရှိမရှိကို စောင့်ကြည့်ရန်လိုအပ်သည်ဟု အလုပ်သမားအရေးကို
ကူညီပေးနေသူများက သုံးသပ် ပြောဆိုကြသည်။
လွန်ခဲ့သော ဖေဖေါ်ဝါရီလအထိ
နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားများအား
သက်တမ်း တိုးစဉ်ကာလတွင် မြန်မာ
အလုပ်သမား ၁သန်းကျော်
တရားဝင်မှတ်ပုံတင်ခဲ့သည်။ |