|
သစ်တောဝန်ထမ်းများ ရာထူးမှ ဖယ်ရှားခံရ
သတင်းနှင့်မီဒီယာကွန်ယက်။
သြဂုတ်လ ၃ ရက်၊ ၂၀၀၇ ခုနှစ်။
ကချင်ပြည်နယ်၊
မံစီမြို့နယ်၊ မံဝိန်းကြီးဒေသမှ သစ်တောဝန်ထမ်းများကို ဒေသအတွင်း တရားမ၀င်
သစ်ခိုးထုတ် မှုများနှင့်ပတ်သက်၍ ပြီးခဲ့သည့် တနင်္လာနေ့တွင် ရာထူးမှ
ဖယ်ရှားအရေးယူခဲ့သည်။
သစ်တောဝန်ထမ်းများ
ရာထူးမှ ဖယ်ရှားခံခဲ့ရခြင်းနှင့် ပတ်သက်၍ သစ်တောဌာနနှင့် နီးစပ်သည့် ဒေသခံ
တဦးက ယခုလို ပြောသည်။
“သစ်တောက တောအုပ်ကြီးကတယောက်၊ တောအုပ်ကတယောက်၊တောခေါင်းက နှစ်ယောက်ပြုတ်
သွားတယ်။ အားလုံး လေးယောက်။ ဘာကြောင့် ပြုတ်သွားသလဲဆိုတော့ ဟိုတလောက စစ်ကြောင်း
ထိုးလိုက်သေးတယ်လေ။ အဲဒီစစ်ကြောင်းထိုးတဲ့ခါမှာ ဒီမှာ ကျွန်းတွေ
တအားဖမ်းလိုက်သေးတာကိုး။ အဲလို ဖမ်းမိတဲ့ခါကျတော့ အဲဒီခါ မံဝိန်းကြီးနယ်
နယ်စီးတောအုပ်ကြီးက ဦးစိုးနိုင်၊ တောအုပ်က မျိုး ဟန်ထွန်း၊ တောခေါင်းက
ထွန်းဝင်း၊ လဆန်ယော် သူတို့လေးယောက် ဖြုတ်ခံရတာပေါ့။”
ကချင်ပြည်နယ်အတွင်းမှ
သစ်များကို တရုတ်နိုင်ငံသို့ ခိုးထုတ်ရန် သယ်ယူလာစဉ် ဗန်းမော်အခြေစိုက် စစ်တပ်
များက မံဝိန်းကြီး၊ ကိုက်ထိပ်လမ်းတလျောက်တွင် သစ်များကို ယခုနှစ် ဇွန်လအတွင်းက
ဖမ်းဆီးရမိခဲ့ပြီးနောက် သစ်တောဝန်ထမ်းများအပါအ၀င် ဒေသဆိုင်ရာ အာဏာပိုင်များကို
ဗန်းမော်ခရိုင် အာဏာပိုင်များက ခေါ်ယူစစ် ဆေးမှုများလုပ်ခဲ့ပြီးနောက်
သစ်တောဝန်ထမ်း လေးဦးကို ရာထူးမှ ဖယ်ရှားပစ်ခြင်းဖြစ်သည်။
သစ်များကို သယ်ဆောင်ရာ
လမ်းကြောင်းတလျောက်တွင် ဒေသဆိုင်ရာအာဏာပိုင်အဆင့်ဆင့်တို့က လာဘ်ငွေ ယူကာ
ခွင့်ပြုထားခဲ့ကာ သစ်ခိုးထုတ်မှုတွင် ပါဝင်ပတ်သက်သူ အများအပြားရှိသော်လည်း
သစ်တော ၀န်ထမ်း များသာ အရေးယူခံခဲ့ရသည်ဟု အဆိုပါ ဒေသခံက အခုလို ပြောသည်။
“ဒါပေမယ့် သစ်သယ်တဲ့ခါမှာ အဲဒီဖက်ကိုင်တဲ့ ဗျူဟာမှူးတို့ဆိုရင် ရွှေချောင်းတွေ၊
ဘာတွေပေးရတာ ရှိတာပေါ့။ သူတို့ကို စစ်တဲ့ခါကျတော့ အောက်က တောအုပ်၊
တောခေါင်းတွေက မပေးပါဘူး ဖြေတဲ့ ခါကျတော့ ဗျူဟာမှူးတော့ လွှတ်သွားတယ်တဲ့။ အဲ
အရပ်ဘက် သစ်တောဝန်ထမ်းတွေတော့ ပြဿ နာတက်သွားတာပေါ့ အဲဒီအမှုနဲ့။ အမှန်က
သူတို့လည်း စားတာပဲ၊ စားတာတော့ အကုန်လုံး စား တာ။ ဒေသဆိုင်ရာ စစ်တပ်၊ ရဲ၊ စရဖ၊
အက်စ်ဘီ အကုန်လုံး ရှိသမျှ ၀ါးတာ။ ၀ါးကြတဲ့ဟာကို အဲဒီ သစ်တောကပဲ
လည်စင်းခံလိုက်ရတဲ့ သဘောပေါ့။”
ကချင်ပြည်နယ်နှင့်
ရှမ်းပြည်မြောက်ပိုင်းတို့တွင် မကြာသေးမီနှစ်များကစပြီး နှစ်စဉ်ဆိုသလို
တရားမ၀င် သစ်ခိုး ထုတ်မှုများကို ဒေသဆိုင်ရာ စစ်ကြောင်းများက
ဖမ်းဆီးမှုများလုပ်လေ့ရှိသော်လည်း ယခုလို သစ်တောဝန်ထမ်း များကို
ရာထူးမှဖယ်ရှားခြင်းမှာ ရှားရှားပါးပါးဖြစ်ရပ်လည်း ဖြစ်သည်။
တရုတ်နိုင်ငံ၊
ယူနန်ပြည်နယ်အစိုးရသည် ၂၀၀၆ခုနှစ်တွင် မြန်မာပြည်မှ သစ်မှောင်ခိုတင်သွင်းမှုကို
ပိတ်ပင်ရန် အမိန့်ထုတ်ခဲ့ပြီး ၂၀၀၅ခုနှစ်အတွင်းတွင် မြန်မာပြည်မှ
သစ်မှောင်ခိုတင်ပို့မှုသည် အမေရိကန် ဒေါ်လာငွေ သန်း ၃၅၀ဖိုးခန့်ရှိမည်ဟု
ကမ္ဘာ့သက်သေသက္ကာရအဖွဲ့ (Global Witness အဖွဲ့) ခန့်မှန်းခဲ့သည်။
|