|
ပြည်တွင်းလေယာဉ်ခများ တိုးမြှင့်
အောင်မိုးမြင့်။
စက်တင်ဘာလ ၃ ရက်၊
၂၀၀၇ ခုနှစ်။
လွန်ခဲ့သည့်လအတွင်းက လောင်စာဆီဈေးနှုန်းများ ဆတိုးမြင့်တက်လာပြီးနောက်
နိုင်ငံအနှံ့
ဆန့်ကျင်ဆန္ဒပြမှု
များ ဖြစ်ပေါ်နေချိန်အတွင်းမှာပင် ယခုလ ၁ ရက်နေ့မှစ၍
ပြည်တွင်းလေယာဉ်ခ
ဈေးနှုန်းများ ၁၉ ရာခိုင်နှုန်း
ထပ်မံမြင့်တက်သွားသည်။
မြန်မာ့လေကြောင်းလိုင်းမှလွဲ၍
ပြည်တွင်းပြေးဆွဲနေသော လေကြောင်းလိုင်းသုံးခုက
လေယာဉ်စီးခနှုန်းထားများ
ကို လွန်ခဲ့သည့် စနေနေ့
မှစ၍
တိုးမြှင့်လိုက်ကြောင်း
တာချီလိတ်ရှိလေကြောင်းလိုင်းတခုမှ
တာဝန်ရှိသူတဦးက ပြောပြသည်။
“ခန့်မှန်းခြေဆိုရင်
၁၉ ရာခိုင်နှုန်းလောက်ဖြစ်သွားတယ်။
ရန်ကုန် တာချီလိတ်က ကိုးသောင်းခွဲကနေ တစ်သိန်းတစ်သောင်းနှစ်ထောင်။
ပြီးတော့
မန္တလေး
တာချီလိတ်က အရင် ခုနှစ်သောင်းနှစ်ထောင်
က
နေပြီးတော့
ရှစ်သောင်းခွဲ။
ဟဲဟိုးကကျတော့ ခြောက်သောင်းခွဲကနေပြီးတော့
ခုနှစ်သောင်း ခြောက်
ထောင့်နဲ့ငါးရာ။
ဟဲဟိုးကို တာချီလိတ် ဟဲဟိုး။
”
လတ်တလောတွင်
ပြည်တွင်းခရီးစဉ် ပြေးဆွဲနေသော ပုဂ္ဂလိက
လေကြောင်း
လိုင်းသုံးခုသာ ဈေးတက်သွားခြင်း
ဖြစ်ပြီး
အစိုးရပိုင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းက
ယခုအပတ်အတွင်းကျင်းပမည့် ခြောက်လပတ် အစည်းအဝေး အပြီးတွင်မှ
ဈေးတက်မည်၊မတက်မည်ကို
ဆုံးဖြတ်မည်ဟု အဆိုပါ လေကြောင်းဝန်ထမ်းက
ပြောသည်။
“အကုန်လုံးတိုးတယ်ခင်ဗျ။
အကုန်လုံးတိုးတယ်ဆိုတာ လောလောဆယ် မြန်မာ့လေကြောင်းလိုင်းက
တိုးဖို့ရှိတယ်ပဲ
ပြောသေးတယ်။
ဒါပေမဲ့ မြန်မာ့လေကြောင်းကတော့
မတိုးသေးဘူး။
လောလော
ဆယ်ရှိတာက ၀ိုင်အေရယ်
(ရန်ကုန်လေကြောင်း)၊
အဲပုဂံရယ် (ပုဂံလေကြောင်း)၊
အဲမန္တလေးရယ်
(မန္တလေးလေကြောင်း)
ဒါကတပြည်လုံး
တိုးတာပေါ့နော့်။
တပြည်လုံးတိုးတာ ပြည်တွင်း ဒိုမက်စတိတ် အဲယားလိုင်းတွေအကုန်လုံး
တိုးတာပေါ့နော့်။”
မြန်မာနိုင်ငံအတွင်းတွင် ပြည်တွင်းခရီးစဉ်များကို ရန်ကုန်အဲ၊
အဲပုံဂံ၊
အဲမန္တလေး၊
မြန်မာလေကြောင်းလိုင်း
စသည့် ပြည်တွင်းလေကြောင်းလိုင်းလေးခုက
ပြေးဆွဲလျက် ရှိသည်။
မြန်မာအစိုးရက လွန်ခဲ့သည့် လအတွင်းက လောင်စာဆီဈေးနှုန်းများကို
ငါးဆအထိ ဆတိုးတိုးမြှင့်ခဲ့ပြီးနောက်
ဘတ်စ်ကားများ၊
လိုင်းကားများ၏
ဈေးနှုန်းများမြင့်တက်သွားခဲ့
သဖြင့် နိုင်ငံအနှံ့
ဆန္ဒပြမှုများဖြစ်ပွားနေရာ
မြန်မာအစိုးရက အင်အားသုံး နှိမ်နင်းမှုများ
ပြုလုပ်နေရသည်။
|