|
တိုင်းရင်းသား အရေးတောင်းဆိုမှုများ လျစ်လျူရှုခံရ
သတင်းနှင့် မီဒီယာကွန်ယက်။
စက်တင်ဘာလ ၃ ရက်၊ ၂၀၀၇ ခုနှစ်။
တိုင်းရင်းသားများအရေး
တောင်းဆိုမှုများကို ထည့်သွင်းဆွေးနွေးခြင်းမပြုပဲ ဆယ့်လေးနှစ်တာ ကျင်းပခဲ့သော
အမျိုးသားညီလာခံကို မြန်မာစစ်အစိုးရက ယနေ့ အဆုံးသတ်လိုက်သည်။
အပစ်ရပ်
တိုင်းရင်းသားအဖွဲ့များကို နိုင်ငံရေး၊ တိုင်းရင်းသားရေး လိုအပ်ချက်များကို
တပ်မတော်အစိုးရနှင့် မ ဆွေးနွေးပဲ အမျိုးသားညီလာခံတွင် တက်ရောက်ဆွေးနွေးရန်
မြန်မာစစ်အစိုးရက ပြောကြားခဲ့သော်လည်း တိုင်း ရင်းသားအဖွဲ့များ၏ အနည်းဆုံး
သုံးကြိမ်တိုင်တိုင် တောင်းဆိုခဲ့သော တောင်းဆိုချက်များကို ညီလာခံတွင် ထည့်
သွင်းဆွေးနွေးခြင်းမပြုပဲ အမျိုးသားညီလာခံကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။
အမျိုးသားညီလာခံတွင်
ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့ဖူးသော ရှမ်းပြည်လူမျိုးပေါင်းစုံ
ပြည်သူ့လွတ်မြောက် ရေးအဖွဲ့ (ရလလဖ)မှ ဒု-ဥက္ကဌ ခွန်ထိဆောင်က
တိုင်းရင်းသားများအကြိမ်ကြိမ်တောင်းဆိုခဲ့သော်လည်း မြန်မာ အစိုးရက
လက်မခံခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။
“အဲဒါကတော့
သုံးခါလောက်ရှိမှာပေါ့။ ဒါပေမဲ့ သူတို့က လက်မခံတာ။ အဲဒါပဲလေ။ အကျိုးဆက်က
တိုင်းပြည်က တနေ့ပြီးတနေ့ တလပြီးတလ ပိုရှုတ်ထွေးလာမှာပဲလေ၊ အဲဒါပဲ။”
ဟု ပြောသည်။
ဆယ်စုနှစ်တခုကျော်ကြာ
အမျိုးသားညီလာခံကျင်းပနေစဉ်အတွင်း အပစ်ရပ် တိုင်းရင်းသား အဖွဲ့ ၁၃ ဖွဲ့
ပူးပေါင်း ၍ တကြိမ်၊ တိုင်းရင်းသား အဖွဲ့ ၉ ဖွဲ့ပူးပေါင်း၍ တကြိမ်နှင့်
နောက်ဆုံးအကြိမ်အဖြစ် ကချင်ပြည်လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) မှ တကြိမ်
တိုင်းရင်းသားများအရေးနှင့် ပတ်သက်သည့် လိုလားချက်များကို စာတမ်းများ
တင်သွင်းခဲ့သည်။
သို့သော်လည်း
မြန်မာစစ်အစိုးရ ဦးစီးကျင်းပသော အမျိုးသားညီလာခံက တိုင်းရင်းသားများ၏
တောင်းဆိုချက် များကို တကြိမ်တခါမှ ထည့်သွင်းဆွေးနွေးခဲ့ခြင်းမရှိပဲ
ဘေးဖယ်ထားခဲ့သည်။
|