|
အထူးရဲ ဖမ်းဆီးမှုကြောင့်
မြန်မာအလုပ်သမားထောင်ချီထွက်ပြေးနေရ
သတင်းနှင့်မီဒီယာကွန်ယက်။
အားမီ။
စက်တင်ဘာလ ၃ ရက်၊ ၂၀၁၀ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ်
မဲဆောက်မြို့တွင် အထူးစီမံကိန်းအနေဖြင့် ဘန်ကောက်မှ အထူးရဲ တပ်ဖွဲ့များလာရောက်၍
တရားမဝင်ရွှေ့ပြောင်း အလုပ်သမားများကို ယနေ့မနက်မှ စတင်ဖမ်းဆီးရာ
မြန်မာအလုပ်သမားထောင်နှင့်ချီ ထွက်ပြေးပုန်းရှောင်နေရသည်။
ဘန်ကောက်အထူးရဲတပ်ဖွဲ့ အယောက် ၃၀၀ ခန့်
မဲဆောက်မြို့တွင် တရားမ၀င်အလုပ် သမားများကို စစ်ဆေး
ဖမ်းဆီးရာ
ယနေ့နံနက်ပိုင်းတွင် အဖမ်းခံရသူ အယောက် ၁၀၀ ကျော်သည်ဟု အလုပ်သမားများက ပြောသည်။
မဲဆောက်မြို့တွင် အလုပ်လုပ်နေသော
အလုပ်သမားအများစုမှာ အလုပ်သမားလက်မှတ် မရှိသောကြောင့် အ
လုပ်ရုံများပိတ်ပြီး
အလုပ်ရှင်က တိမ်းရှောင်ရန် ပြောသည်ဟု စက်ရုံတွင် လုပ်ကိုင်နေသည့် အလုပ်သမား
တစ်ဦး
က ပြောသည်။
"သုံးရက်ပိတ်ထားတယ်။စက်ရုံတွေက
သုံးရက်ပိတ်ထားတယ်။အလုပ်သမားတွေကတော့
လက်ရှိလော
လောဆယ်
ကျနော်သိရသလောက်ဆိုလို့ရှိရင်တော့ တစ်ရာကျော်ရှိတဲ့ နေရာရှိသလို သုံး၊ လေး၊
ငါးရာ
ရှိတာလည်းရှိတာပေါ့။ ဒါပေမယ့်
လက်မှတ်မရှိတဲ့သူကတော့ လက်မှတ်ရှိတဲ့သူထက်စာရင်တော့ နှစ်ဆ
လောက်ပိုများတာပေါ့။
အဲ့ဒါကြောင့် လက်ရှိ လောလောဆယ်ရှောင်ခိုင်းထားတယ်လေ။"
မဲဆောက်မှ ခရစ်ယာန်ဘာသာရေးဆရာတစ်ဦးက
ယင်းဖမ်းဆီးမှုကြောင့် ယခုအချိန်တွင် မဲဆောက်မြို့တစ်မြို့
လုံးနီးပါးငြိမ်သက်လျှက်ရှိပြီး အလုပ်သမားအများစုမှာ ထွက်ပြေးနေ ကြရသည် ဟု
ပြောသည်။
"အားလုံးဘယ်သူမှမနေကြဘူး၊
အားလုံး လယ်တော၊ ခြံ၊ ယာတောတွေမှာ ထွက်ပြေးသွား ကုန်ကြပြီ။ တချို့ကလည်း
ပြေးမယ့်နေရာမရှိတော့ ဟိုဖက်ကမ်းကိုဒီတိုင်းပဲ အောက်လမ်း ကနေကူး ပြေးကြ
တယ်လေ။"
ယနေ့နံနက် ၄ နာရီမှ စတင်၍ ဖမ်းဆီးရာ
မြန်မာရွှေ့ပြောင်းအလုပ်သမားများ အလုပ်လုပ် သော စက်ရုံ အလုပ်
ရုံများ၊ လမ်းများ၊
ဈေးများနှင့် ရပ်ကွက်များတွင် ဝင်ရောက်ဖမ်းဆီး နေဟု မဲဆောက်ရှိ
မြန်မာအလုပ်သမား
တစ်ဦးက ယခုလိုပြောသည်။
"အဖမ်းအဆီးကစနေပြီ၊
မနက် ၄ နာရီ၊ ၄ နာခွဲလောက်ကတည်းနေဖမ်းနေပြီလေ။စက်ရုံတွေ ဆောက်
လုပ်ရေးဆိုက်တွေ
အားလုံးပဲဝင်ဖမ်းနေတာလေ။ လမ်းတွေပေါ်မှာ လည်းတအားဖမ်းနေတယ်ဗျ။ အား
လုံးထွက်ပြေးနေကြတယ်
လောလောဆယ်ကတော့။ ကိုယ့်အိမ်ကိုယ်ပြန်တဲ့သူတွေလည်းရှိတယ်။ လမ်း
မှာလည်းဖမ်းခံရတဲ့သူတွေရှိတယ်။"
ယခုဖမ်းဆီးမှုမှာ ဇွန်လအတွင်း
ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့သော ယာယီနိုင်ငံကူးလက်မှတ်
စာရင်းမတင်သွင်းထားသူများ ဖမ်းဆီးပြန်ပို့ရေး အထူးအစီစဉ် ကြောင့်ဖြစ်သည်ဟု
ရောင်ခြည်ဦး
အလုပ်သမား
အဖွဲ့၏
အထွေထွေအတွင်းရေးမှူး ဦးမိုးဆွေက ယခုလိုပြောသည်။
"ကျနော်တို့ယူဆတာကတော့
ထိုင်းဝန်ကြီးချုပ်ပြီးခဲ့တဲ့ ဇွန်လတုန်းကလက်မှတ်ထိုးထားတဲ့ ဒီတရားမ
ဝင်
အလုပ်သမားပေါ့နော်၊
အထူးသဖြင့်တော့ နိုင်ငံရေးစီစစ်ရေးလက်မှတ်မလုပ်တဲ့ အလုပ်သမားအား
လုံးပေါင်း
သူတို့ရဲ့အစီအစဉ်ထဲမှာ မပါတဲ့ အလုပ်သမားတွေကိုဖမ်းဖို့ပေါ့၊
သုံးသိန်းထိဖမ်းဖို့ပေါ့ အဲ့ဒီ
အစဉ်အစီပဲလို့
ကျနော်တို့ယူဆတယ်။"
ယာယီနိုင်ငံကူးလက်မှတ်များလုပ်ပေးသော်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု
စာရင်းမတင်သွင်းရ
ခြင်းနှင့်ပတ်သက်၍လည်း
ဦးမိုးဆွေက အခုလို သုံးသပ်ပြောဆိုသည်။
"ဒီနှစ်နိုင်ငံသဘောတူညီချက်နဲ့
လုပ်နေတဲ့အစီစဉ်ကို အလုပ်သမားအများစုက မြန်မာအစိုးရ ကိုမယုံ
ကြည်တဲ့အတွက်
ဒီစီမံကိန်းကမအောင်မြင်ဘူး၊ မအောင်မြင်တဲ့ အတွက်ကြောင့် နောက်ဆက်တွဲ
အ
ကျိုးဆက်အနေနဲ့
ဒါတွေကဖြစ်လာတယ်လို့ ကျနော်ကတော့မြင်တယ်။"
မဲဆောက်မြို့တွင် အလုပ်ရုံ၊ စက်ရုံပေါင်း ၇၀
ကျော်ရှိပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းကျော် လုပ်
ကိုင်နေကြသည်။
ထိုင်းအစိုးရက
တရားမဝင်အလုပ်သမား သုံးသိန်းကို ဇွန်လ မှ အောက်တိုဘာလကုန်ထိ
အထူးစီမံကိန်းအနေနှင့် ဖမ်းဆီး၍နေရပ်သို့ပြန်ပို့မည်ဟု တရားဝင်ကြေညာထားသည်။
ထိုင်းနိုင်ငံအတွင်းတွင်
မြန်မာပြည်မှရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ နှစ်သန်းကျော် ရှိသော်လည်း
တရားဝင်
လုပ်သမား တစ်သန်း
နှစ်သိန်းကျော်ရှိပြီး ယာယီနိုင်ငံကူး လက်မှတ် ပြုလုပ်ရန်
စာရင်းတင်သွင်းသူပေါင်း ကိုးသိန်းကျော်သာရှိသည်။ ကျန် အလုပ်သမားများမှာ
တရားမဝင်အလုပ်သမားများဖြစ်သည်ဟု ထိုင်းအလုပ်
သမား ၀န်ကြီးဌာန၏
ထုတ်ပြန်ချက်အရ သိရသည်။
|