|
KNU
ကို နအဖနှင့်
DKBA
ပူးပေါင်း
ထိုးစစ်ဆင်၊
နွယ်လေး။
အောက်တိုဘာလ ၃ ရက်၊ ၂၀၀၈ ခုနှစ်။
မြန်မာစစ်အစိုးရတပ်နှင့် ဒီကေဘီအေတပ်ဖွဲ့တို့
ပူးပေါင်းပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)
တပ်မဟာ ၆ ၏
တပ်ရင်းတခုအား ယမန်နေ့နံနက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အနီးရှိ
ကျေးရွာနေအိမ်နှင့် ပြောင်းဖူးဂိုဒေါင်
များကို
မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နှင့် မိုင် ၃၀ ခန့် ဝေးသည့်
ကော့ကရိတ်မြို့နယ်တွင် မြန်မာစစ်အစိုးရ ခမရ ၄၀၇ နှင့် တိုးတက်သော
ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့(DKBA)တပ်တို့
ပူးပေါင်းပြီး ကေအဲန်ယူ တပ်ရင်း ၂၀၁ ကို ထိုးစစ်
ဆင်ခြင်း
ဖြစ်သည်ဟု
ကေအဲန်အယ်ယူတပ်ရင်း (၂၀၁) တပ်ရင်းမှုး ဗိုလ် စောနေဆေး ကပြောသည်။
"မနေ့ကတောင်မှ တိုက်ပွဲဖြစ်ပြီးတော့
ရွာသားအိမ်လေးလုံးမီးရှို့လိုက်တယ်။ လူတော့ မရှိဘူး နောက်
ပြီး
ပြောင်းတဲ ပြောင်းထည့်မယ့် ဂိုဒေါင် (၁၀)ကျော်လည်း မီးရှို့လိုက်တယ်။
ပြောင်းတော့ မရှိဘူး။ အိမ်လေးလုံးက
လူတော့ မရှိဘူး။ လူမရှိလို့ သူတို့ ရှို့လိုက်တယ် ထင်တယ်။ ရွာသား အခြေနေက ခု
လောလောဆယ်
သူတို့က ၀င်ရှုပ်တော့ ကျနော်တို့နဲ့ သေသေချာချာ အချိတ်အဆက် မရှိဘူး။ ရွာ
သားတွေက
ကြားထဲကနေ ကြောက်လန့် နေရတာပေါ့ လောလောဆယ် ကတော့။ "
KNU
၏ တပ်မဟာ ၆ အတွင်းရှိ
နယ်မြေများရှိ ကျေးရွာသားများ စိုက်ပျိုးသည့် ပြောင်းခြံများကို
ချုပ်ကိုင်လိုသည့်
အတွက် ထိုးစစ်ဆင်ခြင်း ဖြစ်သည်ဟု
ဗိုလ်စောနေဆေး က ပြောသည်။
"ထိုးစစ်ဆင်တဲ့ သဘောပေါ့။ ဒီ အမှန်မှာ တိုက်ပွဲဖြစ်တာက
ဒီကေဘီအေနဲ့ ရန်သူနအဖ
၄၀၇ ကိုး။ ၄၀၇ က အရင်တုန်းက ၄၀၆ နဲ့လာလဲတာ။ ခါတိုင်းမှာ သူတို့လှုပ်ရှားတာ
ဒီပေါဘိုးမှာပဲ။ အခုက ချိန်းလည်းချိန်းရော
ဒါရိုက် ဒီကနဲလေးဂွင်ကနေပြီး
ဒီတိုက်ပွဲဖြစ်တဲ့
နေရာမှာ
ရောက်လာတာပဲ။ သူ
တို့က
အခုဟာက နယ်စပ်ကို လိုက်စိုးမိုးမယ့် ပုံစံ၊ ကျနော်တို့ ရှိတဲ့နေရာတွေကို
လိုက်ယူပြီး အဲဒီမှာ ပြည်သူလူထုတွေ
လုပ်တဲ့ ပြောင်းတွေကို သူတို့က ချုပ်ကိုင်ချင်တယ်။"
တပ်မဟာ ၆
ဒေသရှိ ကျေးရွာများတွင် ပြောင်းခြံ ဧကပေါင်း သိန်းနှင့်ချီ စိုက်ပျိုးကြသည်ဟု
၎င်းက ပြောသည်။
ပြီးခဲ့သည့်
စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဒီကေဘီအေတပ်ဖွဲ့က
ကျေးရွာသားများကို ၀င်ရောက် ဖမ်းဆီးသ
ဖြင့်
KNU
နှင့် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု
KNU
တပ်ရင်း ၂၀၁
ဒုတပ်ရင်းမှူးက ပြောသည်။
"ဒီကေဘီအေက
ပလားသိုရွာကို
လာပြီး ရွာသူရွာသားတွေကို ဖမ်းထားတယ်။
အပြင် မထွက်ရဘူး။ အဲလို
ဖမ်းထားတော့
၂၉ ရက်နေ့မှာ ရောက်လာတယ်၊ ၃၀ ရက်နေ့မှာ တိုက်ပွဲဖြစ်တယ်။
အဲဒီနေ့မှာ
ပဲ အိမ်လေးလုံးကိုလည်း
မီးရှို့သွားတယ်။ အဲဒီ ပလားသိုရွာကို။
ပြောင်းကျီတလုံး၊ စပါးကျီတလုံးကို
လည်း မီးရှို့သွားတယ်။
"
မြန်မာစစ်အစိုးရတပ်မှ ထပ်မံထိုးစစ်ဆင်မှုများ ပြုလုပ်လာနိုင်သဖြင့်
ကျေးရွာသားများအချို့ ထိုင်းနယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု
ကေအဲန်ယူ တပ်ရင်း ၂၀၁ ဒု-တပ်ရင်းမှူးက ပြောသည်။
"သူတို့နည်းနည်းမှ
မဆုတ်သေးဘူး။
သူတို့ခြေကုတ် ခုန ကျနော်ပြောတဲ့ ပလားသို၊ ကော်စဲရွာ၊ ကလော်ဝေါ်၊
ပြီးတော့ ဘီးလားကျောက်တောင်ပေါ့နော် အဲဒါတွေကို နေရာယူထားတယ်။ ပြီးတော့ ဒါဒိုကီ
ဆိုတဲ့ နေရာတွေကို အခု သူတို့ နေရာယူထားတယ်။"
စက်တင်ဘာလ
၃၀ ရက်နေ့မှ အောက်တိုဘာလ ၂ ရက်နေ့အတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားပြီး
နအဖတပ်ဖွဲ့နှင့်
ဒီကေဘီအေ တပ်ဖွဲ့မှ
၃ ဦးကျဆုံးပြီး ၇ ဦး ဒဏ်ရာရရှိတာ
KNU
ဘက်မှ
ထိခိုက်ကျဆုံးမှု မရှိဟု ၎င်းက ဆက်
ပြောသည်။
ပြီးခဲ့သည်
ဇွန်လ ၃၀ ရက်နေ့တွင် နအဖနှင့်
ဒီကေဘီအေတပ်ဖွဲ့တို့ပူးပေါင်းကာ
ကေအဲန်ယူ၏ တပ်မဟာ ၆ ဒေသရှိ
ဝေါ်လခီး တပ်စခန်းတခုကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဘက် သေဆုံး
ဒဏ်ရာရှိခဲ့ပြီး ကေအဲန်ယူ တပ်ရင်း ၂၀၁ စခန်း ဒီကေဘီအေ လက်ထဲ
တရက်ကျရောက်ခဲ့သော်လည်း နောက်တရက်တွင် ပြန်လည် သိမ်း
ပိုက်နိုင်ခဲ့သည်။
|