|
တပ်မတော်အား အကြမ်းဖက်မှုများ စွန့်ရန်
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ကျော်ဇော တိုက်တွန်း
သတင်းနှင့်မီဒီယာကွန်ယက်။
ဒီဇင်ဘာလ ၃ ရက်၊ ၂၀၀၇ ခုနှစ်။
တပ်မတော် အစိုးရအနေဖြင့်
အကြမ်းဖက်ဖြေရှင်းနည်းကို စွန့်လွတ်ပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရန် ယနေ့ ကျ
ရောက်သည့် အသက် ၈၈ နှစ်မြောက် မွေးနေ့တွင် ရဲဘော်သုံးကျိပ်ဝင်
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော က တိုက် တွန်းလိုက်သည်။
သံဃာတော် ဦးဆောင်သော ဆန္ဒပြပွဲများကို စစ်တပ်က
သတ်ဖြတ်မှုအပေါ် ဝေဖန်ထောက်ပြပြီး တွေ့ဆုံဆွေး နွေး အဖြေရှာရန်
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ယခုလို တိုက်တွန်းသည်။
“ဒါ့ကြောင့် ခင်ဗျားတို့အနေနဲ့ ထစ်ကနဲရှိတိုင်း
လက်နက်သုံး အကြမ်းဖက် ဖြေရှင်းတဲ့နည်းကို စွန့် လွတ်လိုက်ပါတော့။
နောက်ဖြေရှင်းနည်းတခုဖြစ်တဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့နည်းကို စမ်းသပ်
လုပ်ဆောင်ကြည့်ပါလို့ အကြံပေးပါရစေ။ ခင်ဗျားတို့ တကယ်ပဲ ပြည်သူတွေကိုချစ်ရင်။
ပြည်သူတွေ အပေါ်မှာ သဘောထားမှန်ရင်၊ အခု ကုသမဂ္ဂက ၀င်ရောက်ဖြန်ဖြေ လုပ်ဆောင်
ပေးနေတဲ့ လုပ်ငန်း တွေမှာ တက်တက်ကြွကြွ ၀င်ရောက် လုပ်ဆောင်ကြည့်ပါလို့
တိုက်တွန်းပါရ စေ။ ”
ဒီမိုကရေစီရေးနှင့် ဘ၀လွတ်မြောက်ရေးအတွက်
စွန့်လွှတ်တိုက်ပွဲဝင်ကြသော မြန်မာပြည်သူများကို ထာဝရ ထောက်ခံ အားပေးသွားမည်ဟု
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောက ပြောဆိုပြီး အတိုက်အခံအင်အားစုများ၊ တိုင်း
ရင်းသား လူမျိုးစုခေါင်းဆောင်များအနေဖြင့် ကြီးမားကျယ်ပြန့်သည့်
တပ်ပေါင်းစုကြီးတရပ် ပေါ်ပေါက်ရန် ကြိုး စားဖို့နှင့် စည်းလုံးညီညွတ်ရန်
ဆက်လက်တိုက်တွန်းသည်။
“အတိုက်အခံနိုင်ငံရေး အင်အားစုတွေ၊ လူမျိုးစု
ခေါင်းဆောင်တွေကိုပါ။ ခင်ဗျားတို့ တကယ်ပဲ တိုင်း ပြည်နဲ့ ပြည်သူတွေကို
ချစ်တယ်ဆိုရင် အတိတ်အားလုံး၊ အမြင်မတူတာတွေအားလုံး ဘေးဖယ်ပြီး အ
လွန်ကြီးမားကျယ်ပြန့်တဲ့ တပ်ပေါင်းစုကြီးတရပ် ပေါ်လာအောင် ကြိုးစားကြပါ။
အခုအချိန်ဟာ ဒီမိုက ရေစီလှုပ်ရှားမှုအတွက် နိုင်ငံတကာက ထောက်ခံမှူကို မရစဖူး
အကြီးအကျယ် ရနေချိန်၊ ပြည်သူတွေ ရဲ့ နိုင်ငံရေး စိတ်ဓာတ်အရှိန်မြင့်နေချိန်၊
ဒီအခွင့်ကောင်း ကို ဆုပ်ကိုင်ပြီး သဘောထားကြီးကြီးထားပြီး
စည်းလုံးညီညွှတ်ရေးရအောင် ကြိုးစားကြပါလို့ တိုက်တွန်းပါရစေ။ ”
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ၁၉၁၉ ခုနှစ်၊
ဒီဇင်ဘာလ ၃ ရက်နေ့တွင် သာယာဝတီ ခရိုင်၊ သုံးဆယ်မြို့၊ ဆိုင်းစုရွာ ကျေးရွာ၌ အဖ
ဦးပန်း၊ အမိ ဒေါ်မယ်တင့် တို့က မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ မောင်ရွှေဖြစ်သည်။
(၁၃၀၀) ပြည့် အရေးတော်ပုံကြီး ဖြစ်ပွားချိန် ကျောင်းသား အရွယ်၌ နိုင်ငံရေး
လှုပ်ရှားမှုအတွင်း စတင်ဝင် ရောက်ခဲ့သည်။ ရဲဘော်သုံးကျိပ်အနေဖြင့်
မြန်မာ့လွတ်လပ်ရေး တိုက်ပွဲတွင် ပါဝင်ခဲ့သလို လွတ်လပ်ရေး ရပြီး နောက် တရုတ်ဖြူ
ကွန်မင်တန်များ၏ ကျူးကျော်မှုကို တွန်းလှန်ရာတွင် ဦးဆောင်ပါဝင်ခဲ့သည့်
တပ်မှူးလည်း ဖြစ် သည်။ ၁၉၇၆ ခုနှစ်တွင် တောခိုခဲ့ပြီး
ဗမာပြည်ကွန်မြူနစ်ပါတီတွင် ထိပ်တန်းခေါင်းဆောင် တဦးဖြစ်လာခဲ့ပြီး ယခုအခါ
တရုတ်ပြည်၌ နေထိုင်လျက်ရှိသည်။
|