|
ရေကာတာများ တည်ဆောက်မှု စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ရန် တရုတ်အစိုးရထံ
တောင်းဆို
အောင်မိုးမြင့်။
ဒီဇင်ဘာလ ၃ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာနိုင်ငံ သံလွင်မြစ်အတွင်း ရေကာတာများ တည်ဆောက်မှုတွင် တရုတ်နိုင်ငံ၏
စည်းမျဉ်း စည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ရန် ပြည်သူ ၅ သောင်းကျော်
လက်မှတ်ရေးထိုးတောင်းဆိုသည့် အိတ်ဖွင့်ပေးစာကို မြန်မာ နိုင်ငံ
မြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ
တရုတ်ကောင်စစ်ဝန်ရုံးသို့ သွားရောက် ပေးပို့ခဲ့သည်။
မြန်မာနိုင်ငံအတွင်း ရေကာတာ ဆောက်လုပ်မှုနေရာ ၂၀ တွင် တရုတ် ကုမ္ပဏီ များက ၁၀
နေရာခန့်တွင် ပါဝင်ပတ်သက် နေသောကြောင့် ပျက်ဆီး ဆုံးရှုံးသွားမည့်
နှစ်နာချက်တွေကို တရုတ်နိုင်ငံ၏ စည်းကမ်းဥပဒေ အတိုင်း လိုက်နာဆောင်ရွက် ရန်
တိုက်တွန်းထားသည်။
“တရုတ်မှာရှိတဲ့ တည်ဆဲ ဥပဒေကို စီမံကိန်းတွေ ဆောက်လုပ်တဲ့နေရာမှာ တရုတ် ကုမ္ပဏီက
လိုက် နာပေးဖို့၊ ဥပမာ တရုတ်နိုင်ငံအတွင်းမှာ မဟုတ်သော်ငြားလည်း
ဗမာပြည်မှာလာလုပ်မယ်။ အခြား နိုင်ငံမှာ လုပ်မယ်ဆိုရင်လည်း ဒီ တရုတ်ပြည်ကရှိတဲ့
ဥပဒေတွေကို ဒီရင်းနှီးမြုပ်နှံမည့် တရုတ်ကုမ္ပဏီ တွေကို လိုက်နာပေးဖို့
တရုတ်အစိုးရကနေ ဖိအားပေးပေးဖို့ ကျနော်တို့ တောင်းဆိုထားတာ ဖြစ်တယ်” ဟု
မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့က အတွင်းရေးမှုး ကိုအောင်ငဲ
က ပြောသည်။
ယင်းအိတ်ဖွင့်ပေးစာတွင် ဒေသခံတိုင်းရင်းသား ပြည်သူ ငါးသောင်း၊ မြန်မာအဖွဲ့အစည်း
၉၈ ဖွဲ့နှင့် နိုင်ငံတကာ အဖွဲ့အစည်း ၂၄ ဖွဲ့တို့က ပါဝင်လက်မှတ်ထိုးကြောင်း
မြစ်ချောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့၏ ကြေညာချက် တွင် ဖော်ပြ သည်။
သံလွင်မြစ်တစ်လျှောက် ရေကာတာများ ဆောက်လုပ်ခြင်းဖြင့်
မြစ်ကြောင်းတစ်လျှောက်တွင် နေထိုင်ကြသည့် ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန် စသည့်
တိုင်းရင်းသားများ လူ့အခွင့်အရေးများ ချိုးဖောက်ခံရမှုများနှင့် ရင်ဆိုင်
လာနိုင်ကြောင်း ကိုအောင်ငဲက ဆက်လက်ပြောသည်။
“ကျနော်တို့ ရေကာတာဆောက်ပြီဆိုရင် အဓိက ရေကာတာဆောက်လုပ်မဲ့ ဘေးပတ်ဝန်းကျင်မှာ
သစ်တောပြောင်းလဲ မှုတွေ ဖြစ်လာမယ်။ နောက်ပြီးမှ ကျနောတို့ ဥပမာ
ရေကာတာဆောက်လုပ်မယ် ဆိုရင် ရေကာတာလုံခြုံရေး အတွက် ရွာသားတွေ
ပြောင်းရွေ့ခြင်းခံရမယ်။ ကျနော်တို့ အဓိက ဟို ကရင်ဖက်မှာကြည့်မယ်
တာဆန်းဖက်မှာကြည့်မယ်ဆို ကျနော်တို့ လူထုတွေ အခုကတည်းက ခံစား နေရပြီးဖြစ်တယ်။
နောက်ပြီးတော့ ဥပမာ အဲ့ဒီ ရွှေလီဖက် မြစ်ဆုံဖက် ကြည့်မယ်ဆိုရင် တရုတ်အလုပ်
သမားတွေ အများအပြားရောက်ရှိလာတယ်။ ရေကာတာလုံခြုံရေးအတွက် ဆိုပြီးတော့မှ
စစ်တပ်တွေ တိုးချဲ့ချလာတာ တွေ့ရှိရတယ်၊ ဆိုတော့ စစ်တပ်တွေ တိုးချဲ့ချလာတဲ့အမျှ
ကျနော်တို့လူထုတွေ ရွှေ့ ပြောင်းခြင်း ခံလာရတာနဲ့အမျှ ရေကာတာဆောက်လုပ်မည့်
နေရာဒေသမှာရှိတဲ့ ကျနော်တို့ ဒေသခံ လူထုတွေက ကျနော်တို့
လူ့အခွင့်အရေးချိုးဖောက်မှုပေါ့နော် ဥပမာ အတင်းဖျက်ဆီးပြောင်းခံရမှု၊ အတင်းအဓမ္မ
လုပ်အားပေးခြင်း ခံရမှု၊ အဲ့ဒီဟာတွေ ခံလာရမှာဖြစ်တယ်လေ။”
ရွှေလီမြစ်တွင် ရေကာတာများ တည်ဆောက်မှုကြောင့် အနီးတွင်နေထိုင်ကြသော
ပလောင်ရွာများ ဒုက္ခရောက်ခဲ့ ကြပြီး ဆုံးရှုံးမှုများရှိနေ၍ တရုတ်အစိုးရအနေဖြင့်
တရုတ်နိုင်ငံ၏ စည်းကမ်းဥပဒေအတိုင်း ဖြေရှင်းပေးသွားရန် တောင်းဆိုခဲ့ပြီး
လူ့အခွင့်အရေးချိုးဖောက်ခံနေကြရသည့်အကြောင်းကို အချက်အလက်ကောက်ယူစုဆောင်းကာ
စစ်ဖိနပ်အောက်ကရွှေလီမြစ် အမည်ရှိ အစီရင်ခံစာကို ပလောင် လူငယ်ကွန်ယက်အဖွဲ့က
ယနေ့ ဖြန့်ချိခဲ့ သည်။
မြန်မာစစ်အစိုးရသည် ထိုင်းနိုင်ငံပိုင် ထိုင်း
လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့။ တရုတ်ပိုင် ရေအား လျှပ်စစ်
ထုတ်လုပ်ရေး ကော်ပိုရေးရှင်းအဖွဲ့တို့နှင့် ပူးပေါင်းကာ
သံလွင်မြစ်တစ်လျှောက်တွင် ရေကာတာ ၅ ခု တည်ဆောက်၍ လျှပ်စစ် ဓါတ်အားထုတ်ရန်
သဘောတူထားသည်။
|