|
မြ၀တီ-မဲဆောက်
နယ်စပ်ဂိတ် ပြန်လည် ဖွင့်လှစ်။ ကုန်စည်တိုးမြှင့်တင်ပို့
ဧပြီလ ၄ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာဖက်မှ တဖက်သတ်
ပိတ်ထားသည့် မြ၀တီ နယ်စပ်ဂိတ်အား ယနေ့နံနက်တွင် ပြန်လည် ဖွင့်လှစ်လိုက်ပြီး
ကုန်ပစ္စည်းတင်ပို့မှု ပုံမှန်လည်ပတ်နိုင်ပြီဖြစ်သည်။
ထိုင်း-မြန်မာ
နယ်စပ်ရှိ မြ၀တီ-မဲဆောက် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတားကို ယနေ့
ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း၏ ဥက္ကဌ အမ်ဖွန်
ချတ်ချိုင်ယာရိတ် (Ampol
Chatchaiyareuk)
က ထိုင်း ဘာသာဖြင့် ယခုလို ပြောသည်။
“ဒီနေ့ မဲဆောက်မှာ
ဖွင့်ပါပြီ။ ဒီမနက်တုန်းက ဖွင့်တာပါ။ ဧည့်သည်တွေ အ၀င်ရှိသလို ထွက်တဲ့လူတွေလည်း
ရှိ ပါတယ်။ ဒီနေ့ ကုန်ပစ္စည်းတင်ပို့မှုတွေဟာ သာမာန်ထက် ပိုများမယ် ထင်တယ်ဗျ။
အရင်တုန်းကဆိုရင် ပုံမှန်တ ရက်ကို သန်းသုံးဆယ်လောက် တင်ပို့ခဲ့တယ်။ ဒီနေ့တော့
သန်းလေးငါးဆယ်ဖိုးလောက် တင်ပို့နိုင်မယ်ထင် တယ်ခင်ဗျား။ ”
ဂိတ်မပိတ်မီက
နေ့စဉ်ကုန်ပစ္စည်း ဘတ်သန်း ၃၀ ဖိုးခန့်တင်ပို့လျက်ရှိရာ ဂိတ်ပိတ်ထားခဲ့သဖြင့်
ပစ္စည်းများ စုပုံ လျက်ရှိပြီး ဂိတ်ဖွင့်သည့် ပထမနေ့တွင် ပုံမှန်ထက်
ပိုမိုတင်ပို့ခြင်းဖြစ်သည်။
တပတ်ကျော်
နယ်စပ်ဂိတ်ကို ပိတ်ထားသည့်အတွက် နှစ်နိုင်ငံ ကုန်ပစ္စည်းတင်ပို့မှု ဘတ်ငွေ
သန်းရာနှင့်ချီ၍ ဆုံး ရှုံးသည်ဟု အမ်ဖွန်က ပြောသည်။
“ဂိတ်
ပိတ်တဲ့ရက်အတွင်း ဆုံးရှုံးမှုတွေ သန်းနှစ်ရာ လောက်ရှိမယ်ခင်ဗျား။ ထိုင်းကတော့
သန်းနှစ်ရာဆိုတော့ မြန်မာ ဖက်ကလည်း ရှိမယ်ထင်တယ်ဗျ။ မြန်မာဖက်ကတော့ ဘတ် လေးငါး
သန်း နီးပါး လောက် ဆုံးရှုံးမယ် ထင်တယ်ဗျ။ ”
ယနေ့နံနက်တွင်
မြ၀တီဖက်မှ ကားများ ၀င်လာသည်ကို မြင်တွေ့ရကြောင်း မဲဆောက်မြို့ခံတဦးကလည်း ပြော
သည်။
“ဟိုဖက်ကမ်းက
ကားတော်တော်များများကတော့ မဲဆောက်မြို့ထဲမှာ တွေ့နေတယ်။ ကုန်သည် တော်တော်
များများ ကလည်း အဲဒါလေးတွေပေါ့။ ဟိုဖက်ကမ်းက လာတဲ့ ကားတော်တော်မျာများ
ဘုရားဖူးတာတွေရော ဘာ တွေရော တွေ့နေတော့ တံတားပြန်ဖွင့်ပြီလို့ ယူဆရတာပေါ့ဗျာ။”
နှစ်နိုင်ငံ
ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်လိုက်ခြင်းသည် နှစ်ဖက် ကုန်သွယ်မှု
အကျိုးပိုမို ဖြစ်ထွန်းစေ သည်ဟု အမ်ဖွန်က ယခုလို သုံးသပ်သည်။
“ဒီလို
ဂိတ်ပြန်ဖွင့်တော့ ကုန်သည်တွေ အရောင်းအ၀ယ်ကိစ္စအတွက် ပိုအဆင်ပြေစေတာ ပေါ့ဗျာ။
ပင်လယ် အစားအစာတွေ နှစ်ရက် သုံးရက် တင်သွင်းလို့မရတာ အခုတော့
တင်သွင်းပို့လာနေကြပါပြီ။ ပိုပြီး ကောင်းလာ ပါတယ်။”
ယခု မဲဆောက်-မြ၀တီ
ဂိတ် ပြန်လည်ဖွင့်လှစ်သော်လည်း ယခု သတင်းထုတ်သည်အထိ ထိုင်းနိုင်ငံတောင်ပိုင်း
ဘုရားသုံးဆူဂိတ်ကိုမူ ပိတ်ထားဆဲဖြစ်သည်ဟု သိရသည်၊
နယ်စပ်ပိတ်ရခြင်းအကြောင်းကို အတိအကျ မသိရသော်လည်း ယခင်လတွင် ထိုင်းနိုင်ငံ
တောင်ပိုင်း ဘုရား သုံးဆူ ထိုင်းနယ်ခြားစောင့်ရဲ နှစ်ဦးကို
ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့ (ဒီကေဘီအေ) ဖမ်းဆီးရာတွင် ထိုင်းဖက်မှ ဘုရားသုံးဆူ ဂိတ်ကို
ပိတ်လိုက်သည့်ကိစ္စနှင့် သက်ဆိုင်သည်ဟု နယ်စပ်အရေး ကျွမ်းကျင်သူများက သုံး
သပ်ကြသည်။
တရုတ်နှင့် ထိုင်း
နယ်စပ်ကုန်သွယ်ရေးများတွင် တဖက်နိုင်ငံများမှ ကုန်သွယ်မှု အမြတ်ထွက် နေသည့် အခြေ
အနေတွင် မြန်မာအစိုးရက နယ်စပ်ဂိတ်များ မကြာခဏပိတ်ခြင်းဖြင့် နိုင်ငံရေး အသာစီး
ရယူထား လေ့ရှိသည်။
|