ပြောင်းလဲဖွဲ့စည်းရန် ကေအိုင်အှိုင့် နအဖ မကြာမီ ဆွေးနွေးမည်

သတင်းနှင့်မီဒီယာ ကွန်ယက်။
မေလ ၄ ရက်၊ ၂ဝဝ၉ ခုနှစ်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲင့်  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ တွေဆုံပြီး ကေအိုင်အို လက်နက် ကိုင် တပ်ဖွဲအား ပြင်ဆင်ဖွဲစည်းရန်အတွက် မေလမကုန်မီ ဆွေးနွေးရန် နှစ်ဘက်သဘောတူညီမှု ယူထားသည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ၏ လက်နက်ကိုင်တပ်ဖွဲ့အား (၂ဝ၁ဝ)မတိုင်မီ  ပြန်လည် ပြင်ဆင်ဖွဲစည်းရန် လိုအပ်ကြောင်း မြန်မာစစ်အစိုးရဘက်က ဧပြီလ(၂၈)နေ့ မြစ်ကြီးနား မြို၊ မပခစစ်ဌာနချုပ်တွင်  ကေအိုင်ဥက္ကဌ ဦးဆောင်အဖွဲနှင့် မပခတိုင်းမှူးတို့ တွေဆုံစဉ် ပြောခဲ့သည်ဟု ကချင်ပြည်လွတ်လပ်ရေးအဖွဲ၊ ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဂွမ်မော်က ပြောဆိုသည်။

၂ဝ၁ဝ မတိုင်ခင်မှာ လက်နက်ကိုင်တပ်ဖွဲတွေကို ဘယ်လိုဖွဲစည်းမလဲ၊ ဘယ်လိုထားမလဲ ဆိုတာ စဉ်းစားဖို့ လိုတယ်ဆိုပြီး ပြောထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ တပ်မတော် အစိုးရက ပြောတဲ့ဟာကို ကျနော်တို့က လေးလေးနက်နက်ထားပြီး စဉ်းစားမယ်။ မေလ နောက်ဆုံးအပတ်ထဲမှာ နှစ်ဘက် တွေ့ဆုံပြီး ဆွေးနွေးမယ်၊ ကျနော်တို့ဆီက အဖွဲတဖွဲသွားမယ်၊ ကျနော်တို့ သိချင်တာတွေ မေးမယ်၊ သူတို့ကလည်း ဆွေးနွေးချင်တာ ပြောမယ်၊ မေလအကုန် နှစ်ဦးနှစ်ဘက် တွေတဲ့အခါ စပြီးဆွေးနွေး ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။

ကေအိုင်အို လက်နက်ကိုင်အဖွဲအား မည်သို့ဖွဲစည်းမည်၊ အသွင်ပြောင်းမည်စသည့် အသေးစိတ် အချက် အလက်များကို ပြောဆိုခြင်းမရှိပါ။

ကချင်ပြည်လွတ်လပ်ရေးအဖွဲသည် ၁၉၉၄ ခုနှစ်၊ ဖေဖေါ်ဝါရီ(၂၄)ရက်နေ့တွင် မြန်မာစစ် အစိုးရနှင့် အပစ်ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး ကချင်ပြည်နယ်၊ အထူးဒေသ(၂) အဖြစ် သတ်မှတ်ပေးထားကာ ဒေသ အတွင်း လက်နက်ကိုင်ဆောင်သွားလာခွင့်၊ စီးပွားရေး လုပ်ခွင့်များ ရရှိထားသည့် အဖွဲဖြစ်သည်။

ဧပြီလ(၂၈)ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်းမှ ကိုးကန့်၊ (ဝ)ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ အထူး ဒေသ(၄) မိုင်းလားအဖွဲ၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) စသည့် အဖွဲများနှင့် ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော်၊ ကချင်ပြည်လွတ်လပ်ရေး အဖွဲတို့ကို မြန်မာစစ်အစိုးရ စစ်ဘက်အရာရှိများက တနေ့တည်း၊ သီးခြားခေါ်ယူ တွေဆုံခဲ့ကာ (၂ဝ၁ဝ)မတိုင်မီ လက်နက်ကိုင် တပ်ဖွဲများအား ပြင်ဆင်ဖွဲစည်းပြီး အဖွဲအသွင် ပြောင်းရန် ပြောဆိုခဲ့ သည်ဟု တရုတ်-မြန်မာနယ်စပ် သတင်းရပ်ကွက်က ပြောသည်။

၂ဝဝ၈ ဖွဲစည်းပုံအခြေခံဥပဒေတွင် နိုင်ငံတော်တွင် တပ်မတော်တခုတည်းသာ ရှိရမည် ဆိုသည့် အချက် ထည့်သွင်းထား၍ ယခုလို ငြိမ်းချမ်းရေးလက်နက်ကိုင်အဖွဲအစည်း များအား ပုံစံအသစ်ဖြင့် ပြောင်းလဲဖွဲစည်းဖို့ နအဖနှင့် အပစ်ခတ်ရပ်အဖွဲများအကြား ဆွေးနွေးပွဲများ ပေါ်ပေါက်လာသည်။
 

Network Media Group was established in 2001.သတင်းနှင့်မီဒီယာကွန်ယက် ကို၂၀၀၁ခုနှစ်တွင်စတင်တည်ထောင်သည်။