|
နအဖ ထိုးစစ်ကို ခုခံရန်
တိုင်းရင်းသားစစ်ရေးမဟာမိတ်အဖွဲ့များ တွေ့ဆုံဆွေးနွေး
ခွန်အောင်မြတ်။
ဇွန်လ ၄ ရက်၊ ၂၀၀၇ ခုနှစ်။
မြန်မာစစ်အစိုးရမှ
တိုင်းရင်းသား လက်နက်ကိုင်များအပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေမှုအပေါ်
ခုခံကာကွယ်ရန်အ တွက် တိုင်းရင်းသားစစ်ရေးမဟာမိတ်အဖွဲ့များ ယနေ့
ထိုင်း-မြန်မာနယ်စပ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တိုင်းရင်းသားလက်နက်ကိုင် စစ်ရေးမဟာမိတ်အဖွဲ့ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲကို
ကရင်နီအမျိုးသား တိုး တက်ရေးပါတီ(ကေအဲန်ပီပီ) ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး
မဟာမိတ်အဖွဲ့အချင်းချင်း စစ်ရေးပူးပေါင်းဆောင် ရွက်မှု ကိစ္စနှင့်ပတ်သက်၍
ပြောရေးဆိုခွင့်ရှိသူ ကေအဲန်ပီပီ၏ အတွင်းရေးမှူး ခူးရီမွန်ထူးက ယခုလိုပြောသည်။
“လက်ရှိ ကျနော်တို့
အခြေအနေအရ တစုတစည်းထဲ တနေရာထဲ ပေါင်းပြီးတော့ တပ်ဖွဲ့တွေ စုပြီး
တိုက်ဖို့ခိုက်ဖို့ဆိုတာ ကတော့ အခက်အခဲ ရှိလာတယ်လေ။ ဒါပေမယ့်
ကျနော်တို့မှာကျတော့ ကိုယ့် ဒေသ ကိုယ့်နေရာနဲ့ကိုယ် ကိုယ်တတ်နိုင်တဲ့ဖက်မှာ
တိုက်ပွဲဆင်သွားဖို့ ဖြစ်တယ်။ နောက်ပြီး တကယ် တမ်း လိုအပ်တဲ့ အပြန်အလှန် ကူညီမှု
ဆိုတဲ့ နေရာမှာ ဘယ်လိုပြောမလဲ အတတ်ပညာတွေ သင်တန်း တွေ ဘာတွေ
ဖလှယ်နိုင်ဖို့အတွက် အဲဒါတွေ ကျနော်တို့ လိုအပ်ရင် လိုအပ်သလို ကျနော်တို့
ဝိုင်း ၀န်းကူညီလုပ်သွာ့းကဖို့ပဲ။ ”
ဆွေးနွေးပွဲတွင်
မြန်မာစစ်အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပေါ် ထားရှိသည့်
သဘောထားများ ကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
နအဖနှင့် ကေအဲန်ပီပီ
အဖွဲ့အကြား တွေ့ဆုံဆွေးနွေးခဲ့သည့်ဖြစ်စဉ်နှင့် ပါတ်သက်၍ ခူးရီမွန်ထူးက
ယခုလိုဆက် လက်ပြောသည်။
“ကျနော်တို့
ကေအဲန်ပီပီ သွားတွေ့ဆုံတဲ့အပေါ်မှာလည်းပဲ ကျနော်တို့ အနေအထားက ဟိုဖက်မှာ လည်းပဲ
လိုက်လိုက်လျောလျော ယုံကြည်စိတ်ချရတဲ့ အနေအထားမျိုး မပြတဲ့အခါ ကျတော့လည်း ရှေ့
ဆက်ပြီးတော့ ဘယ်လိုမှ အတိအကျပြောလို့ မရသေးဘူးလေ။”
ကေအဲန်ပီပီနှင့်
ချင်းအမျိုးသားတပ်ဦးတို့က ယခုနှစ် မတ်လတွင် နအဖနှင့် သီးခြား
တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ယနေ့ ဆွေးနွေးပွဲတွင်
ချင်းအမျိုးသားတပ်ဦး ကိုယ်စားလှယ်ကလည်း ၄င်းတို့၏တွေ့ဆုံဆွေးနွေးခဲ့မှုမှာ ပဏာမ
ပုံစံလောက်သာ ရှိပြီး ယုံကြည်စိတ်ချရသည့် အနေအထားမျိုး မရရှိကြောင်း
တင်ပြဆွေးနွေးခဲ့သည်ဟုသိရသည်။
ရှမ်းပြည်တပ်မတော်
(တောင်ပိုင်း)နှင့် ကရင်အမျိုးသားအစည်းအရုံး တို့၏ အခြေအနေနှင့် ပတ်သက်၍
ခူးရီမွန်ထူး က “နောက်ပြီး အက်စ်အက်စ်အေ ကျတော့ သူတို့ကြားသာကြားတယ်။
တကယ်တမ်းကျ တော့လည်း သူတို့နဲ့ တခါမှ မတွေ့ဆုံဘူးလို့ပြောတာ၊ အတွေ့မခံဘူးလို့
ပြောတာ အဲဒါ သူတို့ရဲ့ အခြေအနေပေါ့။ နောက် ကေအဲန်ယူ အခြေအနေကျတော့
သူတို့တွေမှာလည်း နအဖ စစ်ရေးတွေ စစ်ဆင်ရေးတွေ အကြီးအကျယ်ထိုးတာပေါ့နော်။
သူတို့လည်းပဲ တတ်နိုင်သလောက် ပြန်လည် ခုခံ တာပဲ။ အဲဒါပါပဲ။ ” ဟုပြောသည်။
တိုင်းရင်းသား
လက်နက်ကိုင် စစ်ရေးမဟာမိတ်အဖွဲ့တွင် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊
ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)၊ ချင်းအမျိုးသားတပ်ဦး၊ ရခိုင် ပြည်လွတ်
မြောက်ရေးပါတီနှင့် ကရင်အမျိုးသား အစည်းအရုံးတို့ ပါဝင်ကြပြီး ၂၀၀၀ ခုနှစ်တွင်
စတင် ဖွဲ့စည်းခဲ့သည်။
|