|
မန္တလေးတွင် နာဂစ်တလပြည့် ဘာသာပေါင်းစုံ
ဆုတောင်းပွဲ ကျင်းပ
သီတာထွန်း။
မေလ ၄ ရက်၊ ၂၀၀၈ ခုနှစ်။
နာဂစ်(စ်)
မုန်တိုင်းဒဏ်ကြောင့် ကွယ်လွန်သွားသူများနှင့် ဒုက္ခရောက်နေသူများအတွက် ရည်စူး၍
ဘာသာပေါင်း စုံ မေတ္တာပို့ ဆုတောင်းပွဲတရပ်ကို မန္တလေးမြို့တွင် ယမန်နေ့က
ကျင်းပခဲ့သည်။
မုန်တိုင်းဒဏ်ခံရပြီး တလပြည့် အထိမ်းအမှတ်အဖြစ် မေလ (၃)ရက်နေ့ ညနေ
(၅)နာရီအချိန်တွင် မန္တလေးမြို့ ၈၂ လမ်း၊ ၂၅ x၂၆ လမ်း ကြားရှိ ရွှေနှလုံးတော်
ဘုရားရှိခိုးကျောင်းတွင်
ပရိဿတ်
တထောင်ကျော်ခန့်
တက် ရောက်
မေတ္တာပို့ ဆုတောင်း ကြသည်။
ဆုတောင်းပွဲ အခမ်းအနားသို့
ကက်သလစ်သာသနာနှင့် ခရစ်ယာန်အသင်းတော်များမှ
ကိုယ်စားလှယ်များ၊
အစ္စ လာမ်သာသနာ၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ
စသည့် ဘာသာ အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက် ကြ သည်ဟု ဆုတောင်းပွဲ
တက်ရောက်ခဲ့ သည့် မန္တလေးမြို့ခံတဦးက ပြောသည်။
အခမ်းအနားတွင် ဘာသာအသီးသီးမှ ကိုယ်စားလှယ်များကို မိတ်ဆက်ပေးပြီး ဘုန်းတော်ကြီး
မားကို့ စ် ဦးတင် ၀င်းမှ ကြိုဆို နှုတ်ခွန်းဆက်စကား မိန့်ကြားပြီးနောက်
မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသူများနှင့် လေဘေး သင့် ပြည်သူများအတွက်
ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေဖြစ် တစ်မိနစ်ငြိမ်သက် ဆုတောင်းကြသည်။
ထို့နောက် ဘာသာအသီးသီးမှ ကိုယ်စားလှယ် တဦးစီက ဖယောင်းတိုင်မီး ထွန်းညှိကြ၍
မိမိတို့ ဘာသာအလိုက် ဆုတောင်းမေတ္တာပို့သခြင်းကို ဆောင်ရွက်ကြပြီး အခမ်းအနားကို
အဆုံးသတ်ခဲ့သည်ဟု ၄င်းမြို့ခံက ပြောသည်။
မြန်မာနိုင်ငံသည် မေလ (၂) ရက်နေ့တွင် စတင်တိုက်ခတ်ခဲ့သော နာဂစ်(စ်)
မုန်တိုင်းဒဏ် ခံခဲ့ရသည်မှာ တလ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး၊
မြန်မာအစိုးရက
၎င်းမုန်တိုင်းဒဏ်ကြောင့် လူပေါင်း (၇၇,၀၀၀)
ကျော် သေဆုံးပြီး၊ (၅၅,၀၀၀) ပျောက်ဆုံးနေသည်ဟု ထုတ်ပြန်ထားသည်။
|