|
စစ်အစိုးရ ဖွဲ့စည်းပုံကို အသိအမှတ်မပြုဟု သံဃာ့တပ်ပေါင်းစုနှင့် ၈၈ မျိုးဆက်နှင့်
ဗကသတို့ ပြောဆို
ခွန်အောင်မြတ်။
ဇွန်လ ၄ ရက်၊ ၂၀၀၈ ခုနှစ်။
မြန်မာစစ်အစိုးရ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည်
တိုင်းသားလူမျိုးပေါင်းစုံ ပြည်သူတရပ်လုံး၏ အကျိုးစီးပွားနှင့် ဘ၀လုံခြုံမှုကို
အာမခံချက်မပေးနိုင်သည့်အပြင် နိုင်ငံတော် အနာဂတ်ကို မီးလောင်တိုက်သွင်း
စေမည့် ဖွဲ့စည်းပုံ ဖြစ်သည့်အတွက် အသိ အမှတ်မပြုနိုင်ကြောင်း
သံဃာ့တပ်ပေါင်းစုနှင့် ၈၈ မျိုးဆက်
ကျောင်း
သားများနှင့်
ဗကသအဖွဲ့ချုပ်က
ကန့်ကွက်လိုက်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲချိန်တွင် ၉၀ ခုနှစ် ရွေးကောက်ပွဲ
ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များ လွတ်လပ်စွာ ပါဝင်ရေးဆွဲခြင်း
ခွင့်မပြုသည့်အတွက် တဖက်သတ် ဖွဲ့စည်းပုံအား အသိအမှတ်မပြုကြောင်း
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးမှ ပြည်ပဦးဆောင် ဆရာတော်
ဦးပညာဇောတက မိန့်ကြား
သည်။
"နောက်တချက်က
ဒီအခြေခံဥပဒေထဲမှာ ပါဝင်တဲ့ အချက်အလက်ကလည်းပဲ နအဖ စစ်အစိုးရ
သာ
လျှင် သက်ဆိုးရှည်ပြီးတော့ ပြည်သူတွေအတွက် ဒီမိုကရေစီနည်းလမ်းနဲ့ ဒီမို
ကရေစီစနစ်နဲ့ ကိုက်
ညီတဲ့ အချက်အလက်တွေ မပါဘူး။ ရာသက်ပန် တပ်မတော်က နေပြီးတော့ နိုင်ငံတော်ရဲ့ အဓိက
နေရာတွေကို ကိုင်ယူထားတယ်။ ထို့အတွက်ကြောင့် မို့လို့ ဒါကိုလည်းပဲ ဦးဇင်းတို့
သံဃာ့တပ်
ပေါင်းစု အဖွဲ့ချုပ် အနေနဲ့ အသိအမှတ် မပြုနိုင် ဘူး။ နောက် ပြည်သူ့ဆန္ဒခံယူပွဲ
လုပ်တဲ့နေရာမှာ
လည်းပဲ မတရားသောနည်းတွေနဲ့ နောက် မရိုးသားသော နည်းတွေနဲ့ လုပ်တာ အတွက်ကြောင့်
လည်းပဲ ဦးဇင်းတို့အနေနဲ့ အသိအမှတ်မပြုပါဘူး။ အဲဒါကြောင့် အဓိက
ပြန်ချုပ်ပြောရမယ် ဆိုရင်တော့ သူတို့ပြော ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့
မကိုက်ညီတဲ့အတွက် ကြောင့်မို့
လို့ ဦးဇင်းတို့ အနေနဲ့က ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသိအမှတ် ဘယ်လိုမှ
မပြုနိုင်ဘူး။"
နိုင်ငံသားတို့အနေဖြင့် နအဖဖွဲ့စည်းပုံကို လေးစားလိုက်နာစရာ အကြောင်း
မရှိကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံ
သားတို့၏ ထာဝရ အကျိုးစီးပွားကို အမှန်တကယ် အာမခံသည့် ပြည်ထောင်စု
ဖွဲ့စည်းပုံတရပ်နှင့် ပြည်သူ့အစိုး
ရတရပ် ပေါ်ပေါက်ရေးသည်သာ နိုင်ငံသားတိုင်း၏ အမျိုးသားရေး တာဝန်တရပ်ဖြစ်သည်ဟု
တိုက်တွန်းထား
သည်။
"ပြည်သူတွေအနေနဲ့ကတော့
လက်ရှိ ဒီပြည်သူ့ဆန္ဒခံယူပွဲဆိုပြီးတော့ အသိအမှတ်ပြု ထားတဲ့ ဒီအ
ခြေခံဥပဒေက ပြည်သူတွေရဲ့ လက်ရှိဘ၀ကို ပြောင်းလဲလာအောင် ဖွံ့ဖြိုးတိုးတက်
လာအောင် လုပ်
ထားတဲ့ ဥပဒေ မဟုတ်တဲ့အတွက်ကြောင့် ဒီဥပဒေဟာ တရားနည်းလမ်းနဲ့ မညီဘူးဆိုတာကို
ပြည်
သူတွေ သိနေတယ်။ သိနေတဲ့အတွက်ကြောင့် အဲဒါကြောင့် ဒီ ၂၀၁၀ ခုနှစ် ရွေးးကောက်ပွဲ
လုပ်လာ
ပြီဆိုရင်လည်းပဲ ပြည်သူများအနေနဲ့ ဒီမိုကရေစီ အင်အားစု တွေနဲ့အတူ ရဟန်းရှင်လူ
ပြည်သူများ
နဲ့အတူ ပူးပေါင်းပြီးတော့ နအဖရဲ့ ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲကို
နည်းပေါင်းစုံနဲ့ သပိတ်
မှောက်ဖို့
လိုပါ တယ်။"
မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံကို အသိအမှတ်မပြုကြောင်း ကြေညာချက်ကို
မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်
ပေါင်း
စုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ် တို့ ပူးတွဲ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ကုလသမဂ္ဂနှင့် နိုင်ငံတကာက မြန်မာစစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို
လက်မခံရန် ၀ိုင်းဝန်းကြိုးပမ်းရန်လို
အပ်သည်ဟု ဦးပညာဇောက ဆက်လက်မိန့်ကြားသည်။
"အခု
နအဖ ကျင်းပပြုလုပ်ပြီ ဖြစ်တဲ့ ပြည်သူ့ဆန္ဒခံယူပွဲကို ကုလသမဂ္ဂအနေနဲ့ကလည်းပဲ အသိအ
မှတ်မပြုဖို့ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမန် စတဲ့ နိုင်ငံတွေ အာစီယံနိုင်ငံ
တွေကလည်းပဲ နအဖ လုပ်နေတဲ့ လုပ်ပြီးဖြစ်တဲ့ အခြေခံဥပဒေကို အသိအမှတ်မပြုဖို့
ဦးဇင်းတို့ ပြည်ပမှာရှိတဲ့ ဒီမို
ကရေစီ အင်အားစုကနေပြီးတော့ ပူးပေါင်းပြီးတော့ ဆန္ဒပြပွဲတွေ နအဖရဲ့ မရိုးသားတဲ့
ဆန္ဒခံယူပွဲ လုပ်ရပ်တွေကို ကွက်ကွက်ကွင်းကွင်း မြင်လာအောင် သိသာထင်ရှားတဲ့
နည်းမျိုးစုံနဲ့ ဆန့်ကျင်ပြီး
တော့ ဖော်ထုတ်သွားဖို့ လိုအပ်ပါတယ်။"
မြန်မာစစ်အစိုးရက ၁၉၉၃ ခုနှစ်မှ စ၍ ၂၀၀၇ ခုနှစ်အထိ ၁၄ နှစ်တိုင်
အမျိုးသားညီလာခံ ခေါ်ယူပြီး ၄င်းတို့ စိတ်ကြိုက်ရွေးခြယ်ထားသူများနှင့်
ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ရေးဆွဲခဲ့ပြီး မေလ ၁၀ ရက်နှင့် ၂၄ ရက်
နေ့တွင် ပြည်လုံးကျွတ် လူထုဆန္ဒယူပွဲ ကျင်းပခဲ့သည်။
ထို ပြည်လုံးကျွတ် လူထုဆန္ဒခံယူပွဲတွင် လာရောက်မဲပေးသူ ၉၈ ဒသမ ၁၂% ရာခိုင်နှုန်း
ရှိပြီး ထောက်ခံမဲပေးသူ ၉၂ ဒသမ ၄၈% ရာခိုင်နှုန်း ရရှိသဖြင့် ဖွဲ့စည်းပုံအခြေခံ
ဥပဒေကို အတည်ပြုလိုက်သည်ဟု စစ်အစိုးရက ကြေညာခဲ့သည်။
|