|
နာဂစ် ရံပုံငွေအတွက် ထိုင်း
နာမည်ကြီးအဆိုတော်များ ဖျော်ဖြေပွဲကျင်းပ
နွယ်လေး။
ဇွန်လ ၄ ရက်၊ ၂၀၀၈ ခုနှစ်။
နာဂစ်
လေဘေးဒုက္ခသည်များအား ကူညီရန် ရံပုံငွေ ကောက်ခံသည့်အနေဖြင့်
ထိုင်းနာမည်ကြီးအဆိုတော်များ ပါဝင်သည့် အဆို၊ အက များနှင့် ဖျော်ဖြေပွဲကို
အဲန်ဂျီအို အဖွဲ့စည်းများမှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက် မြို့တွင်
ယနေ့ မွန်းလွဲပိုင်းတွင် ကျင်းပသည်။
ထိုင်းနာမည်ကြီး အဆိုတော်များဖြစ်သည့် ခလ၀ါး၊ ခလဘောင်း အပါဝင် လူငယ်အဆိုတော်
အယောက် (၂၀) ကျော်တို့ ပါဝင် သီဆိုပြီး၊ ထိုင်းရိုးရာယဉ်ကျေးမှု အတီးမှုတ်
အဆိုကများနှင့် ဖျော်ဖြေကြသည်။
ဖန်ငခရိုင်
အခြေခံလူထု လူ့အခွင့်ရေးပညာပေးဌာနက ဖွင့်လှစ်ထားသည့် စာသင်ကျောင်းမှ
ကျောင်းသူကျောင်း သားများကလည်း တိုင်းရင်းသားရိုးရာအကဖြင့် ဖျော်ဖြေသည်ဟု
တာဝန်ခံ ဦးထူးချစ်ကပြောသည်။
“ကျနော်တို့စီစဉ်ထားတာကတော့ ကျနော်တို့ကျောင်းက ကလေးမလေးတွေ
ရှမ်းတိုင်းရင်းသားအက နဲ့ ရိုးရာသင်္ကြန်ကနှစ်မျိုးကမယ်။
ကျနော်တို့အဖွဲ့စည်းအနေနဲ့ ဖြစ်ပျက်နေတဲ့ အဖြစ်ပျက်တွေ၊ လူ သေအလောင်းပုံတွေ
အချို့သတင်းစာတွေမှာပါတဲ့ အချက်လက်ကို စာအုပ်လုပ်ပြီး ခင်းကျင်းပြသ ထားတယ်။”
မြန်မာပြည်သူများ အခက်အခဲများ ကြုံတွေ့ချိန်တွင် အကူအညီပေးခြင်းဖြင့်
မြန်မာနှင့် ထိုင်းပြည်သူများ အကြား ပိုမိုနားလည်လာစေမည်ဟု
ဦးဆောင်ကျင်းပသူတဦးက ပြောသည်။
တက်ရောက်လာသည့် ပရိတ်ဿတ်များထံမှ
ရံပုံငွေကောက်ခံကာ မုန်တိုင်းဘေးသင့်သူများ ကို ကူညီသွားမည် ဟု
ဦးထူးချစ်ကဆက်ပြောသည်။
“လာကြည့်တဲ့လူတွေ အဓိကထိုင်းတွေကို အလှူခံ မယ်ပေါ့။ အဓိက က
ထိုင်းလူမျိုးတွေကြားမှာ ကျ နော်တို့ မြန်မာလူမျိုးတွေကို နည်းနည်းလေး
ဘယ်လိုပြောမလဲ ကိုယ်ချင်းစာ သနားညှာတာမှု ရှိအောင် ကျနော်တို့လူမျိုးတွေ
ဘယ်လိုဒုက္ခ ဖြစ်တယ် ခုလိုဘေးဒုက္ခ ကြုံနေချိန် မြန်မာအစိုးရအနေ နဲ့
ဘယ်လိုလျစ်လျူရှုတယ် ဆိုတဲ့အကြောင်း သူတို့ကို သိစေချင်တယ်။ ”
ကောက်ယူရရှိသည့် ရံပုံငွေများကို ထိုင်းလူ့အခွင့်ရေးလှုပ်ရှားမှု ကော်မတီမှ
ဦးဆောင်ပြီး မြန်မာနိုင်ငံတွင်းသို့ သွားရောက်ကူညီနေသည့် ထိုင်းအဲန်ဂျီအို
အဖွဲ့စည်းများထံ လွှဲပြောင်း ပေးအပ်မည်ဟု သိရသည်။
|