|
ဒေါ်စု
လွတ်မြောက်ရေး အတွက် ဘာသာပေါင်းစုံ ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်
နွယ်လေး။
ဇွန်လ ၄ ရက်၊ ၂၀၀၉ ခုနှစ်။
ထိုင်း-မြန်မာနယ်စပ်
မဲဆောက်မြို့ ချစ်ခြင်းမေတ္တာခရစ်ယာန် ဘုရားကျောင်းတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်
မြောက်ရေးအတွက် ယမန်နေ့ ညနေ (၆)နာရီခွဲတွင် စုပေါင်းလှုပ်ရှားရေးကော်မတီ (JAC)
မှ ဦးဆောင်၍ ဘာ သာပေါင်းစုံ ပါဝင်သည့် ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။
ဝတ်ပြုဆုတောင်းပွဲတွင်
ပင့်ဖိတ်ထားသည့် သံဃာတော်များနှင့်အတူ ဘာသာပေါင်းစုံမှ လူပေါင်း ၈၀ ကျော်တက်
ရောက်သည်။
ဆုတောင်းပွဲ အခမ်းအနား
အစီအစဉ်ကြီးကြပ်သူ ကိုမိုးစက်က“ခရစ်ယာန်ဘာသာအားဖြင့် ၀တ်ပြုကိုးကွယ် ခြင်း
ဆုတောင်းခြင်း ဖယောင်းတိုင်လေးတွေ ထွန်းပြီးဆုတောင်းတယ်။ သံဃာ တော်တွေက ဒီဘုရား
ကျောင်းမှာ မေတ္တာသုတ်ရွတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေး
အကျဉ်းသားအားလုံး လွတ် မြောက်ဖို့အတွက် ဆိုပြီး မေတ္တာပေးတဲ့ အစီအစဉ်
ပြုလုပ်ပါတယ်” ဟု ပြောသည်။
ဘုရားကျောင်းအနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် မြန်မာအလုပ်သမားများလည်း ၎င်းတို့
နေအိမ်မှ ဆီးမီးပူဇော် ထွန်းညှိပြီး ပါဝင်ဆုတောင်းကြသည်ဟု ၎င်းက ဆက်ပြောသည်။
“အဲမှာ
ထူးခြားတာတခုက ဘုရားကျောင်းအတွင်းမှာပဲ မဟုတ်ပဲနဲ့ ကျနော်က ဆုတောင်း မေတ္တာပို့
တော့မယ်လို့ ကြေငြာတာနဲ့အဲဒီ တိုက်တန်းလျားမှာရှိတဲ့ အလုပ်လာလုပ်တဲ့
မြန်မာပြည်သားတွေ သူတို့ဘာသာ ဘယ်ချိန်ကတည်းက ဖယောင်းတိုင်ကို ပြင်ဆင်ထားကြလဲ
မသိဘူး။ တခါတည်း သူတို့အိမ်အထပ်ဝရန်တာမှာ တန်းစီပြီး ဖယောင်းတိုင်ထွန်းပြီး
သူတို့ပါ ဒီမေတ္တာပို့ခြင်းမှာ ပါဝင်တာ ကျနော်တွေ့ရတယ်”
စုပေါင်းလှုပ်ရှားရေးကော်မတီက ဒေါ်စုလွတ်မြောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြ
တောင်းဆိုပွဲကို ယခု တတိ ယ အကြိမ်မြောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည်
၎င်းနေအိမ်အား ရေကူးဝင်လာသည့် အမေရိကန်နိုင်ငံသားအား လက်ခံထားမှုဖြင့်
အင်းစိန်တရားရုံးတွင် တရားစွဲဆိုခံထားနေရသည်။
|