|
အုပ်ချုပ်ရေး တင်းကြပ်ရန်
အစိုးရပြင်ဆင်နေဟု အတိုက်အခံများတုံ့ပြန်
အတိုက်အခံများဗုံးဖောက်ခွဲရန် ပြင်ဆင်နေဟု အစိုးရ သတင်းထုတ်ပြန်
သတင်းနှင့်
မီဒီယာကွန်ယက်
။
ဇူလိုင်လ ၄ရက်၊
၂၀၀၇ခုနှစ်။
အတိုက်အခံများက ပြည်တွင်းတွင် ဗုံးဖောက်ခွဲရန်
ကြံစည်နေသည်ဆိုသော
မြန်မာအစိုးရ၏
သတင်းထုတ်ပြန် ချက်သည်
တိုင်းပြည်ကို စစ်တပ်က ပိုမိုထိမ်းချုပ်မှုပြုလုပ်နိုင်ရန်
ရည်ရွယ်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု အ
တိုက်
အခံအင်အားစုများက တုံ့ပြန်
ပြောသည်။
မကြာမီကျင်းပမည့်
အမျိုသားညီလာခံကို နှောင့်ယှက်ဖျက်ဆီးရန် ဖောက်ခွဲဖျက်ဆီးမှု
လုပ်ငန်းများကို သောင်း
ကျန်းသူများနှင့်
ပြည်တွင်းရှိ ဆန့်ကျင်ဘက်
ပုဂ္ဂိုလ်အချို့တို့
ပူးပေါင်းဆောင်ရွက်နေကြောင်း
ယနေ့ထုတ်မြန်မာ့
အလင်းသတင်းစာတွင်
အစိုးရသတင်းစဉ်အဖြစ်ဖော်ပြထားသည်။
ယခုလို
ထုတ်ပြန်မှုတွင်
နိုင်ငံရေး ရည်ရွယ်ချက်များ ပါဝင်သည်ဟု ဒီအေဘီ ခေါ် ဒီမိုကရေစီ မဟာမိတ်အဖွဲ့ချုပ်
(မြန်မာနိုင်ငံ)၏
တွဲဖက်အတွင်းရေးမှုး
(၂) ဦးကျော်ထက်က ယခုလို ပြောသည်။
“စစ်တပ်က
လူထုအုံကြွမှုကို
သိပ်ကြောက်တယ်ဗျ။
လူထုအုံကြွမှုကို
ကြောက်တဲ့အခါကျတော့
စစ်
တပ်က ပါဝါ(အာဏာ)နဲ့
တိုင်းပြည်ကို ပိုပြီးတော့
လွှမ်းမိုးနိုင်ဖို့၊
အုပ်ချုပ်နိုင်ဖို့ဆိုတဲ့ဟာမျိုးတွေ
ဖြစ်
လာတဲ့
အခါကျတော့ သူတို့ကိုယ်နှိုက်ကိုကလည်း
ဖောက်ခွဲမှုတွေလုပ်ပြီးတော့
တိုင်းပြည်ရဲ့ အခြေ
အနေက
ငြိမ်သက်မှုမရှိပါဘူးဆိုပြီးတော့
တိုင်းပြည်ကို ကယ်တင်တဲ့ပုံစံမျိုးနဲ့
ပိုပြီးတော့
သြဇာအာ ဏာလွှမ်းမိုးအောင်လုပ်ချင်တဲ့
ရည်ရွယ်ချက်တွေရှိတယ်လို့
ကျနော်ကတော့ အဲလိုပဲ မြင်တယ်ခင်ဗျ။”
အေဘီအက်စ်ဒီအက်ဖ် ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ
ဒီမိုကရက်တစ်တပ်ဦးသည် ဒီအေဘီမှ ၁၀ယောက်နှင့် အေဘီအက်စ်ဒီအက်ဖ်မှ ၂ယောက်ကို
တဖက်နိုင်ငံတွင် ဖောက်ခွဲရေးသင်တန်းများပေးပြီး
အဖွဲ့ နှစ်ဖွဲ့ခွဲ၍
တဖွဲ့ကို
ဖြူး။ တဖွဲ့ကို
နေပြည်တော်နှင့် မန္တလေးသို့
ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများလုပ်ဆောင်ရန် လွန်ခဲ့သောလက စေလွှတ်ခဲ့သည်ဟု
ဦးဆောင်သူ နာမည်များနှင့်တကွ စစ်အစိုးရပိုင် သတင်းစာတွင် ဖော်ပြ
ထားသည်။
ယင်းသတင်းကို အေဘီအက်စ်ဒီအက်ဖ်၏
ဥက္ကဌ
ကိုသံခံက “သတင်းစာမှာပါတဲ့
သတင်းတို ထုတ်လွှင့်
ချက်ဟာ လုပ်ကြံသတင်းဖြစ်တဲ့အတွက်
အဲဒီမှာ ပါတဲ့အချက်အလက်တွေအားလုံးဟာ ဘာမှ ပြန်လည် ဖြေရှင်းစရာ အကြောင်းမရှိပါဘူး။
ဒါဟာ နအဖရဲ့ စွပ်စွဲချက်လို့ပဲ
ကျနော်တို့
ပြောလိုပါတယ်။
စွပ်စွဲ
ချက်ဖြစ်တဲ့အတွက်
ကြိုက်တဲ့
အမည်တွေ တပ်နိုင်ပါတယ်။
ကြိုက်တဲ့
မြို့တွေနံမည်တွေ
တပ်နိုင်ပါ
တယ်။
ဒါကြောင့်
ကျနော်တို့
ပြောလိုတာက နအဖကိုယ်တိုင်က ရည်ရွယ်ချက်ရှိရှိနဲ့
ဒီသတင်းတွေကို လုပ်ကြံ
ဖော်ထုတ်ထားခြင်းဖြစ်ပါတယ်။
”
ဟု ပြောသည်။
အကြမ်းဖက်ဖောက်ခွဲရေးသမားများသည်
ပြည်သူများ သေကျေဒဏ်ရာရ
အထိတ်တလန့်ဖြစ်စေရန်၊
နိုင်ငံတည် ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊
အမျိုးသားညီလာခံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်
အခြားအဖွဲ့များ
ပါဝင်
တက်ရောက်ခွင့်ရရန်၊
ရှမ်းအမျိုးသားခေါင်းဆောင်ဦးခွန်ထွန်းဦးအပါအ၀င် နိုင်ငံရေးအကျဉ်းသားများ
ပြန်လည် လွှတ်ပေးရန်နှင့်
သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်ပေါ်လာစေရန်
ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သ
တင်း တွင်
ဆက်လက်ဖော်ပြထားသည်။
ပြည်တွင်၊
ပြည်ပမှ
နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး၍
အဖြေရှာရန်တောင်းဆိုထားသူများကို အကြမ်းဖက်သမား
များ
အဖြစ် ယခုလို စွပ်စွဲလိုက်ခြင်းသည် မြန်မာစစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးကို
လက်မခံဘဲ နိုင်ငံရေး
အင်အားစုများ အားလုံးကို
ရန်သူအဖြစ် သဘောထားလာခြင်းဖြစ်သည်ဟု အေဘီအက်စ်ဒီအက်ဖ် ဥက္ကဌက
ပြောသည်။
လွန်ခဲ့သောနှစ်အတွင်းက မြန်မာပြည်အတွင်း၊
ဗုံးပေါက်ကွဲမှု
၁၀
ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကာ
ယင်းပေါက်ကွဲ
မှုများသည်
နယ်စပ်ရှိ အတိုက်အခံအင်အားစုများ၏
လက်ချက်ဖြစ်သည်ဟု
မြန်မာစစ်အစိုးရက စွပ်စွဲ ပြောဆို
ခဲ့သည်။
သို့သော်လည်း
ပေါက်ကွဲမှု
အများစုတွင် ဗုံးဖောက်ခွဲသည့်
လက်သည်တရားခံများကို ဖော်ထုတ်နိုင်
ခြင်းမရှိခဲ့ပေ။
|